Chapter (8-8+8-9)(Z+U)

5.5K 946 10
                                    

Chapter (8-8) – ေျမေအာက္ခန္းကို ဖ်က္ပစ္ျခင္း

က်ိဳးယြင္ရွန္႔က ႏႈတ္ခမ္းမဲ့လိုက္ၿပီး ဂိုေဒါင္ထဲကေန ႐ႊယ္က်င္းရီကို ေမာင္းထုတ္ဖို႔ႀကိဳးစားေနစဥ္ ကားဂိုေဒါင္ထဲကို တန္ဖိုးႀကီးဇိမ္ခံကားတစ္စီး ေမာင္းႏွင္ဝင္ေရာက္လာၿပီး အရည္အေသြးျမင့္ ခဲေရာင္အေနာက္တိုင္းဝတ္စံု ဝတ္ဆင္ထားေသာ ႐ႊယ္ဇီ႐ႊမ္က ကားထဲကထြက္လာခဲ့သည္။

သူက ေၾကာင္ခ်ီး႐ုပ္ေပါက္ေနေသာ ေ႐ွာင္ရီ႕ကိုေတြ႕ေတာ့ ျပံဳးလိုက္မိၿပီး ခ်စ္ျမတ္ႏိုးစြာ ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။ ထိုစဥ္ ႐ႊယ္က်င္းရီ႐ွိေနသည္ကိုေတြ႕ေတာ့ သူ႔မ်က္ဝန္းေတြ ေအးစက္သြားခဲ့သည္။

"ဖူဘိုနဲ႔ ေ႐ွာင္တုန္းက ဘယ္မွာလဲ.. သူတို႔က သူမကိုေစာင့္ၾကည့္ဖို႔ တာဝန္ရွိတာမဟုတ္လား.."

ေရွာင္ဝမ္က ကားထဲက ကပ်ာကယာထြက္လာၿပီး ေျပာလိုက္သည္။

"သခင္ေလး.. ကၽြန္ေတာ္ မမေလးကို အေဖာ္လုပ္ၿပီး အခန္းကိုလိုက္ပို႔လိုက္ပါ့မယ္.."

"အစ္ကိုႀကီး ျပန္လာၿပီလား.. ညီမေလးက အစ္ကိုႀကီးအတြက္ ငွက္သိုက္ဆန္ျပဳတ္ လုပ္ခိုင္းထားတာ ရေလာက္ၿပီ.. သြားစားလိုက္ပါဦးေနာ္.."

ရႊယ္က်င္းရီက ေတာက္ပစြာၿပံဳးကာ ယဥ္ေက်းလိမ္မာစြာ ေျပာလိုက္သည္။

ရႊယ္က်င္းရီ၏ အားနည္းေဖ်ာ့ေတာ့ေသာပံုစံကိုၾကည့္ၿပီး ေရွာင္ဝမ္က ရႊယ္က်င္းရီ လူေကာင္းပကတိျပန္မျဖစ္လာႏိုင္ေတာ့ဘူးဟု ေတြးေနမိသည္။ ပထမ သူူက ရႊယ္က်င္းရီကို သူမအခန္းဆီ ဆြဲေခၚသြားခ်င္ေပမယ့္ သူမေလး၏ သခင္ေလးအေပၚ တမ္းတျမတ္ႏိုးစြာၾကည့္ေနပံုကို သနားသြားၿပီး မလုပ္ရက္ေတာ့ေပ။

ဒါေပမယ့္ သူမ၏အသက္ရွင္ဖို႔က ဟြမ္ရီ႕ကို သတ္ျဖတ္ျခင္းေပၚ မူတည္ေနသည္ကို ေရွာင္ဝမ္ မေတြးလိုက္မိေပ။ ရႊယ္က်င္းရီေနမေကာင္းတာနဲ႔ ဟြမ္ရီက ဘာေၾကာင့္ သူ႔အသက္ကိုေပးလိုက္ရမွာလဲ..။ ဆယ္ေက်ာ္သက္ေကာင္ေလး ဟြမ္ရီရဲ့အသက္ကလည္း အသက္တစ္ေခ်ာင္းမဟုတ္လို႔လား..။

"သခင္ေလး မမေလးကို ျပန္ပို႔ေပးမလား.."

ေရွာင္ဝမ္က ရႊယ္က်င္းရီ၏မ်က္ဝန္းထဲက ေမွ်ာ္လင့္ခ်က္ေလးကိုေတြ႕ေတာ့ ယခင္ကလို ျပန္သင့္ျမတ္ေစဖို႔ ၾကားက ေျပာေပးလိုက္သည္။ သခင္ေလးက ဘယ္လိုျဖစ္ၿပီး မမေလးအေပၚ ခုလိုစိမ္းကားသြားရသလဲဆုိတာ သူလည္းမသိေတာ့ေပ။

ရႊယ္က်င္းရီ၏ေတာင့္တမႈႏွင့္ ဝမ္းနည္းဖြယ္ပံုစံေလး လုပ္ျပေနသည္ကို ၾကည့္ၿပီး က်ိဳးယြင္ရွန္႔ စိတ္ပ်က္လာသည္။ ဒီေကာင္မေလးက တမင္ သူ႔ကို ေႏွာင့္ယွက္ခ်င္ေနသည္။ က်ိဳးယြင္ရွန္႔က ႐ႊယ္ဇီ႐ႊမ္၏ တန္ဖိုးႀကီးဝတ္စံုကို သူ၏ဆီေခ်းေပေနေသာလက္ႏွင့္ ဆြဲကာ ေျပာလိုက္သည္။

"အစ္ကုိႀကီး.. ကၽြန္ေတာ္ အစိတ္အပိုင္း ၂ခု တပ္ဖို႔ က်န္ေသးတယ္.. ကၽြန္ေတာ့္ကို ကူေပးပါဦး.. ဒါၿပီးမွ အတူတူသြားၾကတာေပါ့.. ခဏေစာင့္ၿပီး ကူေပးေလ.. ေနာ္.."

႐ႊယ္ဇီ႐ႊမ္၏အဝတ္ကိုဆြဲကာ ခုလိုတရင္းတႏွီး ပူးပူးကပ္ကပ္ ေျပာဆိုပံုက ရႊယ္က်င္းရီ၏ပံုစံျဖစ္သည္။ အရင္က သူမက ႐ႊယ္ဇီ႐ႊမ္ဘယ္သြားသြား ကပ္ေနတတ္သည္။ ဒါေၾကာင့္ က်ိဳးယြင္ရွန္႔က ရည္ရြယ္ခ်က္ရွိရွိျဖင့္ သူမေရွ႕မွာ လုပ္ျပလိုက္ျခင္းျဖစ္သည္။

႐ႊယ္ဇီ႐ႊမ္က ေရွာင္ရီ ခုလို သူ႔ကို တရင္းတႏွီးေျပာဆိုတာ၊ အားကိုးတာ၊ ပိုင္စိုးပိုင္နင္းပံုလုပ္တာကို အရမ္းသေဘာက်ကာ ခ်က္ခ်င္း ကုတ္အက်ႌကိုခၽြတ္၊ လည္စည္းနက္ခ္တိုင္ကိုျဖဳတ္ကာ အက်ႌလက္ကိုပင့္ရင္း ေျပာလုိက္သည္။

"ကိုယ္က စက္ပစၥည္းအေၾကာင္း မသိဘူး.. ဒါေၾကာင့္ ေရွာင္ရီေလးလိုတဲ့ ကိရိယာကို ယူေပးတဲ့ေနရာမွာပဲ ကူေပးႏိုင္မယ္.. ဒါေၾကာင့္ အစ္ကိုႀကီးကို မုန္းမသြားနဲ႔ဦး.. ဟုတ္ၿပီလား.."

"ဘယ္သူကမုန္းလို႔လဲ.. အစ္ကိုႀကီးကို ကၽြန္ေတာ္ ဘယ္ေတာ့မွမမုန္းဘူး.."

ထိုခ်စ္စဖြယ္စကားမ်ားကုိ က်ိဳးယြင္ရွန္႔က ရႊယ္က်င္းရီစိတ္အေႏွာင့္အယွက္ျဖစ္ေစရန္ တမင္ေျပာေနျခင္းျဖစ္သည္။

ရႊယ္က်င္းရီက ေရွ႕ကျမင္ကြင္းေၾကာင့္ မ်က္လံုးနီရဲလာၿပီး ငိုခ်ေတာ့မေယာင္ျဖစ္ေနေသာေၾကာင့္ ေရွာင္ဝမ္က သူမကိုေခ်ာ့ကာ အခန္းဆီျပန္ဖို႔ေျပာေပမယ့္ သူ႔ကို စူးရဲခက္ထန္စြာၾကည့္လိုက္ေသာ ရႊယ္က်င္းရီ၏အၾကည့္ေၾကာင့္ ေရွာင္ဝမ္ သက္ျပင္းခ်လိုက္မိသည္။

သခင္ေလးနဲ႔ မမေလးက တကယ္ကို ေျပာင္းလဲသြားၾကၿပီပဲ..။

႐ႊယ္ဇီ႐ႊမ္က အသန္႔ႀကိဳက္လြန္ေရာဂါ ရွိေသာေၾကာင့္ သူစိမ္းမ်ား၊ ညစ္ပတ္ေသာအရာမ်ား ထိမွာကို ေၾကာက္ရြံ႕ခဲ့ေပမယ့္ ခုေတာ့ ဆီေခ်းေပတူးကာ ညစ္ပတ္ေနေသာ ဆယ္ေက်ာ္သက္ေကာင္ေလး၏ ခါးကုိ ေပြ႕ဖက္ထားကာ ေကာင္ေလးမ်က္ႏွာကေပေနေသာ ဆီေခ်းမ်ားကိုပင္ တယုတယ သုတ္ေပးေနသည္ကိုေတြ႕ေတာ့ ေရွာင္တုန္း အံ့အားသင့္ကာ ေၾကာင္ၾကည့္ေနမိသည္။ သူက ညစ္ပတ္သည့္အရာကေန ေရွာင္လိုက္ရမည့္အစား ေပ်ာ္ရႊင္စြာထိေတြ႕လို႔ေနသည္ မဟုတ္လား။ သခင္ေလးက အခန္းထဲဝင္ၿပီး ေရခ်ိဳးသန္႔စင္ရမယ့္အစား ေကာင္ေလးနားကိုပိုတိုးကပ္ကာ ေပ်ာ္ရႊင္စြာရယ္ေမာေနေသးသည္။ သူ႔မိဘကလြဲၿပီး ဘယ္သူ႔ကိုမွ တရင္းတႏွီး ထိေတြ႕ျခင္းမလုပ္ခဲ့သည့္ သခင္ေလးက ေရွာင္ရီ႕ကို ဒီေလာက္ခ်စ္ခင္ယုယစြာ ထိေတြ႕ေနပံုက ျမင္ရသူကို ဆံပင္ေမႊးပင္ေထာင္ထသြားေအာင္ လန္႔သြားေစသည္။

ဒီလိုလုပ္ေပးႏိုင္တာက ခ်စ္ျခင္းေမတၱာေၾကာင့္ဆိုတာ ေရွာင္ဝမ္က မသိေသာေၾကာင့္ ဒီေလာက္အံ့ၾသေနျခင္းျဖစ္သည္။ ဒီလိုပံုနဲ႔ဆိုရင္ မမေလးရဲ့ ႏွလံုးခြဲစိတ္မႈက ဘယ္လိုလုပ္ေတာ့မလဲ..။ ဖ်က္သိမ္းလိုက္ေတာ့မလား..။ သခင္ေလးက သခင္ႀကီးနဲ႔သခင္မႀကီးကို ကိုင္တြယ္ႏိုင္မလားပဲ ေစာင့္ၾကည့္ရမွာပဲ။

ဒီလိုေတြးမိေပမယ့္ ေရွာင္ဝမ္က တစ္ခြန္းမွထုတ္မေျပာရဲဘဲ အနားကေန ဝိညာဥ္လြင့္သူလို ငူငူႀကီးရပ္ေနေသာ မမေလးကိုသာ အတင္းေခ်ာ့ေခၚၿပီး ဂိုေဒါင္ထဲကထြက္လာစဥ္ ဘိလပ္ေျမေတြေပေနေသာ လူတစ္စုကို ဂိုေဒါင္တံခါးနားမွာ ေတြ႕လိုက္ရသည္။

"ေဟး.. ခင္ဗ်ားတို႔ ဘာလုပ္ေနတာလဲ.."

ေရွာင္ဝမ္က ေရွ႕တိုးကာေမးလိုက္သည္။

"မစၥတာရႊယ္က ကၽြန္ေတာ္တို႔ကို ေျမေအာက္ခန္းကိုျပဳျပင္ဖို႔ ေခၚထားတာပါ.."

"ဒီေျမေအာက္ခန္းကို ထိလုိ႔မရဘူးေလ.. အဲ့ဒီမွာ.."

တကယ္ေတာ့ ေျမေအာက္ခန္းက ရႊယ္က်င္းရီ ႏွလံုးခြဲစိတ္ဖို႔အတြက္ ခြဲစိတ္ခန္းကို ျပင္ဆင္ထားတာျဖစ္သည္။ ေရွာင္ဝမ္က ေျမေအာက္ခန္းထဲအျမန္ဝင္ကာ စစ္ေဆးလိုက္သည္။

ဘာမွမရွိေတာ့ဘူး..

ခြဲစိတ္ခန္းကိရိယာအားလံုး ဘာမွမရွိေတာ့ေပ။

=====================

Chapter (8-9) –

ေျမေအာက္ခန္းက ဗလာဟင္းလင္းျဖစ္ကာ အေရွ႕ဘက္ကနံရံကို ၿဖိဳခ်ထားကာ ဂိုေဒါင္ေလးႏွင့္ဆက္ၿပီး ပိုက်ယ္ေသာ ဂိုေဒါင္တစ္ခုျဖစ္ေအာင္လုပ္ဖို႔ ျပင္ထားတာ ေတြ႕လိုက္ရသည္။ ဒါက ဘယ္သူ႔အတြက္ လုပ္ေပးထားတယ္ဆိုတာ ျမင္႐ံုႏွင့္သိသာသည္။ သခင္ေလးက ေရွာင္ရီ့အေပၚကို တကယ္ကို ခ်စ္မိသြားၿပီဆိုသည့္သေဘာေပါ့၊ သခင္ေလးက မမေလးကို မကယ္ခ်င္ဘူးေပါ့။ ေရွာင္ဝမ္က ေျမေအာက္ခန္းကေန ေျပးထြက္လာေတာ့ ဆည္းဆာေနျခည္ေအာက္မွာရပ္ေနေသာ ဝမ္းနည္းေနသည့္မမေလးကိုေတြ႕ေတာ့ လည္ေခ်ာင္းမွာ အလံုးႀကီးဆို႔လာသလို ခံစားလိုက္ရသည္။

ပထမ သူက ေျမေအာက္ခန္းကိုမၿဖိဳခင္ သခင္ႀကီးနဲ႔သခင္မႀကီးတို႔၊ ဖူဘိုတို႔ကို ေမးၾကည့္ရဲ့လားဆိုတာ အလုပ္သမားေတြကို ေမးခ်င္ေပမယ့္ လက္ရွိ သခင္ေလး၏စိတ္အေျခအေနကို သတိရကာ ကိုယ္ရွိန္သတ္လိုက္သည္။ သခင္ေလး၏စိတ္ထားအရ သူလုပ္သည့္ကိစၥကို ဘယ္သူ႔ကိုမွ ဝင္စြက္ဖက္ခြင့္ေပးမည္မဟုတ္ေပ။ ဒါေၾကာင့္ သူက လက္ယမ္းကာ အလုပ္သမားေတြကို သြားခြင့္ေပးလိုက္သည္။ ကံေကာင္းတာက မမေလးက်င္းရီက ဘာမွမသိေသးေပ။ သူ႔ႏွလံုးခြဲစိတ္ကာ အသက္ရွင္ဖို႔အခြင့္အေရးက ခုလိုအတင္းအက်ပ္ ဖ်က္သိမ္းျခင္းခံရတာကိုသိလွ်င္ သူမ စိတ္ပ်က္သြားမွာေသခ်ာသည္။

သူတို႔ႏွစ္ေယာက္ အိမ္မႀကီးဘက္ေရာက္ၿပီး နာရီဝက္ေလာက္ၾကာေတာ့ ႐ႊယ္ဇီ႐ႊမ္ႏွင့္ေရွာင္ရီက အမႊာေတြလုိပူးကပ္ကာ ဖက္ထားရင္း ေလွ်ာက္လာခဲ့ၾကသည္။ ႏွစ္ဦးသား ဖိနပ္လဲဖို႔ ဖိနပ္ခၽြတ္မွာထိုင္ေနၾကသည္။ က်ိဳးယြင္ရွန္႔က ႐ႊယ္ဇီ႐ႊမ္လုပ္ေပးတာကို က်င့္သားရၿပီးသားျဖစ္လို႔ ႐ွဴးဖိနပ္တစ္ဖက္ကို ကန္ခၽြတ္ကာ ဟက္ဟက္ပက္ပက္ ရယ္ေမာလို႔ေနသည္။

႐ႊယ္ဇီ႐ႊမ္က ကေလးဆန္သည့္ ေရွာင္ရီ၏အမူအယာ ခပ္ဆိုးဆိုးေလးကို ေသလုေအာင္ခ်စ္မိေနၿပီး သူက ေရွာင္ရီ့ကို လက္ေမာင္းၾကားဆြဲသြင္းကာ ႏွာေခါင္းေလးကို ဖ်စ္ညစ္လိုက္ၿပီး ပါးျပင္ႏွင့္ႏႈတ္ခမ္းေထာင့္ကို အႀကိမ္ႀကိမ္နမ္းကာ နားရြက္မ်ားကို မထိတထိကိုက္ကာ စလိုက္သည္။ ေရွာင္ရီက အူယားလြန္းလို႔ ေအာ္ရယ္ၿပီး ေမာေတာ့မွ ႐ႊယ္ဇီ႐ႊမ္ကလႊတ္ေပးလိုက္ၿပီး ေရွာင္ရီ႕ကို အိမ္တြင္းစီးဖိနပ္ စြပ္ေပးလိုက္သည္။

ဧည့္ခန္းကဆိုဖာထက္မွာထိုင္ၿပီး ထိုျမင္ကြင္းကိုၾကည့္ေနေသာ ရႊယ္က်င္းရီ၏မ်က္လံုးမ်ားက လူသတ္ခ်င္ရိပ္ျဖင့္ ေအးစက္ကာ လက္သီးကို တင္းတင္းဆုပ္ထားရလို႔ လက္သည္းမ်ားက လက္ဖဝါးကို စိုက္လို႔ေနေလၿပီ။

ေရွာင္ဝမ္က ေရွွာင္တုန္းကို တျခားကိုပထုတ္ကာ ေျမေအာက္ခန္းကိုျပင္လိုက္ေၾကာင္း ဖူဘိုကို သတင္းေပးလိုက္သည္။

"ဘာ.."

ေျမေအာက္ခန္းထဲက ခြဲစိတ္ခန္းကို ရွင္းပစ္လိုက္တယ္ ဟုတ္လား..။ သူေျပာေတာ့ ဂိုေဒါင္ျပင္ဖို႔ပဲမဟုတ္ဘူးလား..။ ဖူဘိုက ေဒါသထြက္ကာ ေမးဖို႔ေျပးထြက္လာေပမယ့္ ဧည့္ခန္းမွာ မမေလးထိုင္ေနတာေတြ႕လို႔ ကိုယ္ရွိန္သတ္လိုက္ရသည္။

နာရီဝက္ၾကာေတာ့ သခင္ေလးနဲ႔ေရွာင္ရီက ေရခ်ိဳးၿပီးေတာ့ ထမင္းစားဖို႔ ေအာက္ဆင္းလာသည္။ ဖူဘိုက ထမင္းဝိုင္းေဘးမွာရပ္ၿပီး ေျပာဖို႔တြန္႔ဆုတ္ေနသည္။ သခင္ေလးက သူ႔ကို တစ္ခ်က္ေတာင္ေမာ့မၾကည့္ဘဲ ေရွာင္ရီႏွင့္သာ အလုပ္႐ႈပ္ေနသည္။ ေနာက္ဆံုး ဖူဘိုက မေနႏိုင္လို႔ ေျပာလိုက္သည္။

"ေရွာင္ဝမ္ေျပာတာၾကားတာေတာ့ သခင္ေလးရဲ့လူေတြက ေျမေအာက္ခန္းကို ဖ်က္လိုက္တယ္ဆုိ.. သခင္ႀကီးနဲ႔ သခင္မႀကီးက ဒါကို သေဘာတူလို႔လား.."

ရႊယ္ဇီရႊမ္က ေရွာင္ရီအတြက္ ငါး႐ိုးထြင္ေပးရင္း ေအးစက္စြာေျပာလိုက္သည္။

"ဒါ ကၽြန္ေတာ့္အိမ္.. ဒါေၾကာင့္ ဒီအိမ္ကို လုပ္ခ်င္တာလုပ္တဲ့ကိစၥမွာ ဘယ္သူ႔ကိုမွ ေမးဖို႔မလိုဘူး.. ဖူဘို.. ခင္ဗ်ားကို ကၽြန္ေတာ္ သတိေပးၿပီးသား.. ေနာက္တစ္ႀကိမ္ဆိုတာ မရွိဘူးလို႔.. ခင္ဗ်ား ထြက္သြားလို႔ရၿပီ.."

"သခင္ေလး.. ဘာကိုဆိုလိုတာလဲ.."

ဖူဘိုက ထိတ္လန္႔စြာေမးလိုက္သည္။

ရႊယ္က်င္းရီက သူမအစ္ကိုႀကီးကို မယံုႏိုင္စြာ ေငးၾကည့္လိုက္သည္။ ဖူဘိုက မိသားစုဝင္လိုျဖစ္ေနၿပီး အစ္ကိုႀကီးက ဖူဘို႔ကို ဘယ္လိုေမာင္းထုတ္ရက္တာလဲ..။

ေရွာင္တုန္း၊ ေရွာင္ဝမ္ႏွင့္ ေရွာင္က်ိဳးတို႔က မီးဖိုခန္းထဲမွာ ညစာစားေနစဥ္ ထိုစကားကိုၾကားေတာ့ ေျပးလာၿပီး ေခ်ာင္းၾကည့္ၾကသည္။ သခင္ေလးက ဖူဘို႔ကို တကယ္ႀကီးေမာင္းထုတ္ေနတာပဲ..။ သခင္ေလးက အရင္နဲ႔ လံုးဝမတူေတာ့ေပ။

က်ိဳးယြင္ရွန္႔တစ္ေယာက္သာ ညစာကို ေပ်ာ္ရႊင္စြာစားေသာက္ေနသည္။ ဒီေျမေအာက္ခန္းထဲမွာ ဘာရွိတာ သူသိတာေပါ့။ ရႊယ္အိမ္ကလူေတြက ဘာေၾကာင့္ စိတ္လႈပ္ရွားေနၾကတာလဲ။ ဒါေပမယ့္ သူတုိ႔ကို က်ိဳးယြင္ရွန္႔ စိတ္မဝင္စားပါ။ အဖိုးႀကီးဖူဘိုကို အစ္ကိုႀကီး ခုလိုလုပ္လိုက္တာျမင္ရေတာ့ တကယ္ကို အားရေက်နပ္မိသည္။ ဘယ္သူက သူ႔ကို လူေသေကာင္လို လာၾကည့္ခိုင္းေနလို႔လဲ..။

"ျဖည္းျဖည္းစား.. အ႐ိုးေလးတစ္ခု ရွိတုန္းပဲ.. ေနဦး.. ဒါက မထြင္ရေသးဘူး.."

႐ႊယ္ဇီ႐ႊမ္က က်ိဳးယြင္ရွန္႔၏ဆံပင္ကို ပြတ္ကာ ေျပာလိုက္ၿပီး ဖူဘိုဘက္လွည့္ကာ ထပ္ေျပာလိုက္သည္။

"ခင္ဗ်ားကို ကၽြန္ေတာ္ အလုပ္ထုတ္လိုက္ၿပီလို႔ေျပာတာ.. ခင္ဗ်ား ညတြင္းခ်င္း ထြက္သြားေတာ့.."

"သခင္ႀကီးနဲ႔ သခင္မ.."

ဖူဘိုက ဒီအျဖစ္ကို လက္မခံႏိုင္ဘဲ ေျပာလိုက္သည္။

"သူတို႔ကို ကၽြန္ေတာ္ ဖုန္းဆက္ေျပာလိုက္မယ္.. ခင္ဗ်ားသိဖို႔က အေႏွးနဲ႔အျမန္ ဒီရႊယ္အိမ္ရဲ့သခင္က ကၽြန္ေတာ္ျဖစ္လာေတာ့မယ္.. ခင္ဗ်ား အခုထြက္မသြားရင္လည္း မၾကာခင္ထြက္သြားရမွာပဲ.. ကၽြန္ေတာ့္ကိုေဝဖန္တာ၊ အမိန္႔ေပးတာကို မႀကိဳက္ဘူး.."

ဖူဘိုသည္ သခင္ေလး၏ ဖိအားျပင္းသည့္အၾကည့္ေအာက္ဝယ္ စကားတစ္ခြန္းမွ မဟဝံ့ေတာ့ေပ။ သခင္ေလးသာ မိသားစုစီးပြားေရးကို လက္လႊဲယူမယ္ဆိုရင္ ဘာမဆိုသေဘာတူမည့္ သခင္ႀကီး၏သေဘာထားကို ျပန္စဥ္းစားမိေတာ့ ထိုည အိမ္ကထြက္သြားဖို႔ သေဘာတူလိုက္ရသည္။

ဖူဘို ေခါင္းငိုက္စိုက္က်သြားသည္ကိုၾကည့္ၿပီး ေရွာင္တုန္းက သူ႔သခင္ေလးကို ပိုေၾကာက္သြားသည္။ သခင္ေလးက အႏုပညာသမားကေန ထက္ျမက္ေသြးေအးေသာ စီးပြားေရးသမားျဖစ္ဖို႔ တစ္လပဲၾကာသည္။ ေနာင္ဆို ဒီအိမ္မွာ သခင္ေလးက အရွင္သခင္ျဖစ္လာေတာ့မည္။ သခင္ႀကီးနဲ႔ သခင္မႀကီး၏အခန္းက႑က ေမွးမွိန္လာေတာ့မည္။

====================

Chapter (8-8) – မြေအောက်ခန်းကို ဖျက်ပစ်ခြင်း

ကျိုးယွင်ရှန့်က နှုတ်ခမ်းမဲ့လိုက်ပြီး ဂိုဒေါင်ထဲကနေ ရွှယ်ကျင်းရီကို မောင်းထုတ်ဖို့ကြိုးစားနေစဉ် ကားဂိုဒေါင်ထဲကို တန်ဖိုးကြီးဇိမ်ခံကားတစ်စီး မောင်းနှင်ဝင်ရောက်လာပြီး အရည်အသွေးမြင့် ခဲရောင်အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော ရွှယ်ဇီရွှမ်က ကားထဲကထွက်လာခဲ့သည်။

သူက ကြောင်ချီးရုပ်ပေါက်နေသော ရှောင်ရီ့ကိုတွေ့တော့ ပြုံးလိုက်မိပြီး ချစ်မြတ်နိုးစွာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ထိုစဉ် ရွှယ်ကျင်းရီရှိနေသည်ကိုတွေ့တော့ သူ့မျက်ဝန်းတွေ အေးစက်သွားခဲ့သည်။

"ဖူဘိုနဲ့ ရှောင်တုန်းက ဘယ်မှာလဲ.. သူတို့က သူမကိုစောင့်ကြည့်ဖို့ တာဝန်ရှိတာမဟုတ်လား.."

ရှောင်ဝမ်က ကားထဲက ကပျာကယာထွက်လာပြီး ပြောလိုက်သည်။

"သခင်လေး.. ကျွန်တော် မမလေးကို အဖော်လုပ်ပြီး အခန်းကိုလိုက်ပို့လိုက်ပါ့မယ်.."

"အစ်ကိုကြီး ပြန်လာပြီလား.. ညီမလေးက အစ်ကိုကြီးအတွက် ငှက်သိုက်ဆန်ပြုတ် လုပ်ခိုင်းထားတာ ရလောက်ပြီ.. သွားစားလိုက်ပါဦးနော်.."

ရွှယ်ကျင်းရီက တောက်ပစွာပြုံးကာ ယဉ်ကျေးလိမ်မာစွာ ပြောလိုက်သည်။

ရွှယ်ကျင်းရီ၏ အားနည်းဖျော့တော့သောပုံစံကိုကြည့်ပြီး ရှောင်ဝမ်က ရွှယ်ကျင်းရီ လူကောင်းပကတိပြန်မဖြစ်လာနိုင်တော့ဘူးဟု တွေးနေမိသည်။ ပထမ သူူက ရွှယ်ကျင်းရီကို သူမအခန်းဆီ ဆွဲခေါ်သွားချင်ပေမယ့် သူမလေး၏ သခင်လေးအပေါ် တမ်းတမြတ်နိုးစွာကြည့်နေပုံကို သနားသွားပြီး မလုပ်ရက်တော့ပေ။

ဒါပေမယ့် သူမ၏အသက်ရှင်ဖို့က ဟွမ်ရီ့ကို သတ်ဖြတ်ခြင်းပေါ် မူတည်နေသည်ကို ရှောင်ဝမ် မတွေးလိုက်မိပေ။ ရွှယ်ကျင်းရီနေမကောင်းတာနဲ့ ဟွမ်ရီက ဘာကြောင့် သူ့အသက်ကိုပေးလိုက်ရမှာလဲ..။ ဆယ်ကျော်သက်ကောင်လေး ဟွမ်ရီရဲ့အသက်ကလည်း အသက်တစ်ချောင်းမဟုတ်လို့လား..။

"သခင်လေး မမလေးကို ပြန်ပို့ပေးမလား.."

ရှောင်ဝမ်က ရွှယ်ကျင်းရီ၏မျက်ဝန်းထဲက မျှော်လင့်ချက်လေးကိုတွေ့တော့ ယခင်ကလို ပြန်သင့်မြတ်စေဖို့ ကြားက ပြောပေးလိုက်သည်။ သခင်လေးက ဘယ်လိုဖြစ်ပြီး မမလေးအပေါ် ခုလိုစိမ်းကားသွားရသလဲဆိုတာ သူလည်းမသိတော့ပေ။

ရွှယ်ကျင်းရီ၏တောင့်တမှုနှင့် ဝမ်းနည်းဖွယ်ပုံစံလေး လုပ်ပြနေသည်ကို ကြည့်ပြီး ကျိုးယွင်ရှန့် စိတ်ပျက်လာသည်။ ဒီကောင်မလေးက တမင် သူ့ကို နှောင့်ယှက်ချင်နေသည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်၏ တန်ဖိုးကြီးဝတ်စုံကို သူ၏ဆီချေးပေနေသောလက်နှင့် ဆွဲကာ ပြောလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော် အစိတ်အပိုင်း ၂ခု တပ်ဖို့ ကျန်သေးတယ်.. ကျွန်တော့်ကို ကူပေးပါဦး.. ဒါပြီးမှ အတူတူသွားကြတာပေါ့.. ခဏစောင့်ပြီး ကူပေးလေ.. နော်.."

ရွှယ်ဇီရွှမ်၏အဝတ်ကိုဆွဲကာ ခုလိုတရင်းတနှီး ပူးပူးကပ်ကပ် ပြောဆိုပုံက ရွှယ်ကျင်းရီ၏ပုံစံဖြစ်သည်။ အရင်က သူမက ရွှယ်ဇီရွှမ်ဘယ်သွားသွား ကပ်နေတတ်သည်။ ဒါကြောင့် ကျိုးယွင်ရှန့်က ရည်ရွယ်ချက်ရှိရှိဖြင့် သူမရှေ့မှာ လုပ်ပြလိုက်ခြင်းဖြစ်သည်။

ရွှယ်ဇီရွှမ်က ရှောင်ရီ ခုလို သူ့ကို တရင်းတနှီးပြောဆိုတာ၊ အားကိုးတာ၊ ပိုင်စိုးပိုင်နင်းပုံလုပ်တာကို အရမ်းသဘောကျကာ ချက်ချင်း ကုတ်အင်္ကျီကိုချွတ်၊ လည်စည်းနက်ခ်တိုင်ကိုဖြုတ်ကာ အင်္ကျီလက်ကိုပင့်ရင်း ပြောလိုက်သည်။

"ကိုယ်က စက်ပစ္စည်းအကြောင်း မသိဘူး.. ဒါကြောင့် ရှောင်ရီလေးလိုတဲ့ ကိရိယာကို ယူပေးတဲ့နေရာမှာပဲ ကူပေးနိုင်မယ်.. ဒါကြောင့် အစ်ကိုကြီးကို မုန်းမသွားနဲ့ဦး.. ဟုတ်ပြီလား.."

"ဘယ်သူကမုန်းလို့လဲ.. အစ်ကိုကြီးကို ကျွန်တော် ဘယ်တော့မှမမုန်းဘူး.."

ထိုချစ်စဖွယ်စကားများကို ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီစိတ်အနှောင့်အယှက်ဖြစ်စေရန် တမင်ပြောနေခြင်းဖြစ်သည်။

ရွှယ်ကျင်းရီက ရှေ့ကမြင်ကွင်းကြောင့် မျက်လုံးနီရဲလာပြီး ငိုချတော့မယောင်ဖြစ်နေသောကြောင့် ရှောင်ဝမ်က သူမကိုချော့ကာ အခန်းဆီပြန်ဖို့ပြောပေမယ့် သူ့ကို စူးရဲခက်ထန်စွာကြည့်လိုက်သော ရွှယ်ကျင်းရီ၏အကြည့်ကြောင့် ရှောင်ဝမ် သက်ပြင်းချလိုက်မိသည်။

သခင်လေးနဲ့ မမလေးက တကယ်ကို ပြောင်းလဲသွားကြပြီပဲ..။

ရွှယ်ဇီရွှမ်က အသန့်ကြိုက်လွန်ရောဂါ ရှိသောကြောင့် သူစိမ်းများ၊ ညစ်ပတ်သောအရာများ ထိမှာကို ကြောက်ရွံ့ခဲ့ပေမယ့် ခုတော့ ဆီချေးပေတူးကာ ညစ်ပတ်နေသော ဆယ်ကျော်သက်ကောင်လေး၏ ခါးကို ပွေ့ဖက်ထားကာ ကောင်လေးမျက်နှာကပေနေသော ဆီချေးများကိုပင် တယုတယ သုတ်ပေးနေသည်ကိုတွေ့တော့ ရှောင်တုန်း အံ့အားသင့်ကာ ကြောင်ကြည့်နေမိသည်။ သူက ညစ်ပတ်သည့်အရာကနေ ရှောင်လိုက်ရမည့်အစား ပျော်ရွှင်စွာထိတွေ့လို့နေသည် မဟုတ်လား။ သခင်လေးက အခန်းထဲဝင်ပြီး ရေချိုးသန့်စင်ရမယ့်အစား ကောင်လေးနားကိုပိုတိုးကပ်ကာ ပျော်ရွှင်စွာရယ်မောနေသေးသည်။ သူ့မိဘကလွဲပြီး ဘယ်သူ့ကိုမှ တရင်းတနှီး ထိတွေ့ခြင်းမလုပ်ခဲ့သည့် သခင်လေးက ရှောင်ရီ့ကို ဒီလောက်ချစ်ခင်ယုယစွာ ထိတွေ့နေပုံက မြင်ရသူကို ဆံပင်မွှေးပင်ထောင်ထသွားအောင် လန့်သွားစေသည်။

ဒီလိုလုပ်ပေးနိုင်တာက ချစ်ခြင်းမေတ္တာကြောင့်ဆိုတာ ရှောင်ဝမ်က မသိသောကြောင့် ဒီလောက်အံ့သြနေခြင်းဖြစ်သည်။ ဒီလိုပုံနဲ့ဆိုရင် မမလေးရဲ့ နှလုံးခွဲစိတ်မှုက ဘယ်လိုလုပ်တော့မလဲ..။ ဖျက်သိမ်းလိုက်တော့မလား..။ သခင်လေးက သခင်ကြီးနဲ့သခင်မကြီးကို ကိုင်တွယ်နိုင်မလားပဲ စောင့်ကြည့်ရမှာပဲ။

ဒီလိုတွေးမိပေမယ့် ရှောင်ဝမ်က တစ်ခွန်းမှထုတ်မပြောရဲဘဲ အနားကနေ ဝိညာဉ်လွင့်သူလို ငူငူကြီးရပ်နေသော မမလေးကိုသာ အတင်းချော့ခေါ်ပြီး ဂိုဒေါင်ထဲကထွက်လာစဉ် ဘိလပ်မြေတွေပေနေသော လူတစ်စုကို ဂိုဒေါင်တံခါးနားမှာ တွေ့လိုက်ရသည်။

"ဟေး.. ခင်ဗျားတို့ ဘာလုပ်နေတာလဲ.."

ရှောင်ဝမ်က ရှေ့တိုးကာမေးလိုက်သည်။

"မစ္စတာရွှယ်က ကျွန်တော်တို့ကို မြေအောက်ခန်းကိုပြုပြင်ဖို့ ခေါ်ထားတာပါ.."

"ဒီမြေအောက်ခန်းကို ထိလို့မရဘူးလေ.. အဲ့ဒီမှာ.."

တကယ်တော့ မြေအောက်ခန်းက ရွှယ်ကျင်းရီ နှလုံးခွဲစိတ်ဖို့အတွက် ခွဲစိတ်ခန်းကို ပြင်ဆင်ထားတာဖြစ်သည်။ ရှောင်ဝမ်က မြေအောက်ခန်းထဲအမြန်ဝင်ကာ စစ်ဆေးလိုက်သည်။

ဘာမှမရှိတော့ဘူး..

ခွဲစိတ်ခန်းကိရိယာအားလုံး ဘာမှမရှိတော့ပေ။

=====================

Chapter (8-9) –

မြေအောက်ခန်းက ဗလာဟင်းလင်းဖြစ်ကာ အရှေ့ဘက်ကနံရံကို ဖြိုချထားကာ ဂိုဒေါင်လေးနှင့်ဆက်ပြီး ပိုကျယ်သော ဂိုဒေါင်တစ်ခုဖြစ်အောင်လုပ်ဖို့ ပြင်ထားတာ တွေ့လိုက်ရသည်။ ဒါက ဘယ်သူ့အတွက် လုပ်ပေးထားတယ်ဆိုတာ မြင်ရုံနှင့်သိသာသည်။ သခင်လေးက ရှောင်ရီ့အပေါ်ကို တကယ်ကို ချစ်မိသွားပြီဆိုသည့်သဘောပေါ့၊ သခင်လေးက မမလေးကို မကယ်ချင်ဘူးပေါ့။ ရှောင်ဝမ်က မြေအောက်ခန်းကနေ ပြေးထွက်လာတော့ ဆည်းဆာနေခြည်အောက်မှာရပ်နေသော ဝမ်းနည်းနေသည့်မမလေးကိုတွေ့တော့ လည်ချောင်းမှာ အလုံးကြီးဆို့လာသလို ခံစားလိုက်ရသည်။

ပထမ သူက မြေအောက်ခန်းကိုမဖြိုခင် သခင်ကြီးနဲ့သခင်မကြီးတို့၊ ဖူဘိုတို့ကို မေးကြည့်ရဲ့လားဆိုတာ အလုပ်သမားတွေကို မေးချင်ပေမယ့် လက်ရှိ သခင်လေး၏စိတ်အခြေအနေကို သတိရကာ ကိုယ်ရှိန်သတ်လိုက်သည်။ သခင်လေး၏စိတ်ထားအရ သူလုပ်သည့်ကိစ္စကို ဘယ်သူ့ကိုမှ ဝင်စွက်ဖက်ခွင့်ပေးမည်မဟုတ်ပေ။ ဒါကြောင့် သူက လက်ယမ်းကာ အလုပ်သမားတွေကို သွားခွင့်ပေးလိုက်သည်။ ကံကောင်းတာက မမလေးကျင်းရီက ဘာမှမသိသေးပေ။ သူ့နှလုံးခွဲစိတ်ကာ အသက်ရှင်ဖို့အခွင့်အရေးက ခုလိုအတင်းအကျပ် ဖျက်သိမ်းခြင်းခံရတာကိုသိလျှင် သူမ စိတ်ပျက်သွားမှာသေချာသည်။

သူတို့နှစ်ယောက် အိမ်မကြီးဘက်ရောက်ပြီး နာရီဝက်လောက်ကြာတော့ ရွှယ်ဇီရွှမ်နှင့်ရှောင်ရီက အမွှာတွေလိုပူးကပ်ကာ ဖက်ထားရင်း လျှောက်လာခဲ့ကြသည်။ နှစ်ဦးသား ဖိနပ်လဲဖို့ ဖိနပ်ချွတ်မှာထိုင်နေကြသည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်လုပ်ပေးတာကို ကျင့်သားရပြီးသားဖြစ်လို့ ရှူးဖိနပ်တစ်ဖက်ကို ကန်ချွတ်ကာ ဟက်ဟက်ပက်ပက် ရယ်မောလို့နေသည်။

ရွှယ်ဇီရွှမ်က ကလေးဆန်သည့် ရှောင်ရီ၏အမူအယာ ခပ်ဆိုးဆိုးလေးကို သေလုအောင်ချစ်မိနေပြီး သူက ရှောင်ရီ့ကို လက်မောင်းကြားဆွဲသွင်းကာ နှာခေါင်းလေးကို ဖျစ်ညစ်လိုက်ပြီး ပါးပြင်နှင့်နှုတ်ခမ်းထောင့်ကို အကြိမ်ကြိမ်နမ်းကာ နားရွက်များကို မထိတထိကိုက်ကာ စလိုက်သည်။ ရှောင်ရီက အူယားလွန်းလို့ အော်ရယ်ပြီး မောတော့မှ ရွှယ်ဇီရွှမ်ကလွှတ်ပေးလိုက်ပြီး ရှောင်ရီ့ကို အိမ်တွင်းစီးဖိနပ် စွပ်ပေးလိုက်သည်။

ဧည့်ခန်းကဆိုဖာထက်မှာထိုင်ပြီး ထိုမြင်ကွင်းကိုကြည့်နေသော ရွှယ်ကျင်းရီ၏မျက်လုံးများက လူသတ်ချင်ရိပ်ဖြင့် အေးစက်ကာ လက်သီးကို တင်းတင်းဆုပ်ထားရလို့ လက်သည်းများက လက်ဖဝါးကို စိုက်လို့နေလေပြီ။

ရှောင်ဝမ်က ရှောင်တုန်းကို တခြားကိုပထုတ်ကာ မြေအောက်ခန်းကိုပြင်လိုက်ကြောင်း ဖူဘိုကို သတင်းပေးလိုက်သည်။

"ဘာ.."

မြေအောက်ခန်းထဲက ခွဲစိတ်ခန်းကို ရှင်းပစ်လိုက်တယ် ဟုတ်လား..။ သူပြောတော့ ဂိုဒေါင်ပြင်ဖို့ပဲမဟုတ်ဘူးလား..။ ဖူဘိုက ဒေါသထွက်ကာ မေးဖို့ပြေးထွက်လာပေမယ့် ဧည့်ခန်းမှာ မမလေးထိုင်နေတာတွေ့လို့ ကိုယ်ရှိန်သတ်လိုက်ရသည်။

နာရီဝက်ကြာတော့ သခင်လေးနဲ့ရှောင်ရီက ရေချိုးပြီးတော့ ထမင်းစားဖို့ အောက်ဆင်းလာသည်။ ဖူဘိုက ထမင်းဝိုင်းဘေးမှာရပ်ပြီး ပြောဖို့တွန့်ဆုတ်နေသည်။ သခင်လေးက သူ့ကို တစ်ချက်တောင်မော့မကြည့်ဘဲ ရှောင်ရီနှင့်သာ အလုပ်ရှုပ်နေသည်။ နောက်ဆုံး ဖူဘိုက မနေနိုင်လို့ ပြောလိုက်သည်။

"ရှောင်ဝမ်ပြောတာကြားတာတော့ သခင်လေးရဲ့လူတွေက မြေအောက်ခန်းကို ဖျက်လိုက်တယ်ဆို.. သခင်ကြီးနဲ့ သခင်မကြီးက ဒါကို သဘောတူလို့လား.."

ရွှယ်ဇီရွှမ်က ရှောင်ရီအတွက် ငါးရိုးထွင်ပေးရင်း အေးစက်စွာပြောလိုက်သည်။

"ဒါ ကျွန်တော့်အိမ်.. ဒါကြောင့် ဒီအိမ်ကို လုပ်ချင်တာလုပ်တဲ့ကိစ္စမှာ ဘယ်သူ့ကိုမှ မေးဖို့မလိုဘူး.. ဖူဘို.. ခင်ဗျားကို ကျွန်တော် သတိပေးပြီးသား.. နောက်တစ်ကြိမ်ဆိုတာ မရှိဘူးလို့.. ခင်ဗျား ထွက်သွားလို့ရပြီ.."

"သခင်လေး.. ဘာကိုဆိုလိုတာလဲ.."

ဖူဘိုက ထိတ်လန့်စွာမေးလိုက်သည်။

ရွှယ်ကျင်းရီက သူမအစ်ကိုကြီးကို မယုံနိုင်စွာ ငေးကြည့်လိုက်သည်။ ဖူဘိုက မိသားစုဝင်လိုဖြစ်နေပြီး အစ်ကိုကြီးက ဖူဘို့ကို ဘယ်လိုမောင်းထုတ်ရက်တာလဲ..။

ရှောင်တုန်း၊ ရှောင်ဝမ်နှင့် ရှောင်ကျိုးတို့က မီးဖိုခန်းထဲမှာ ညစာစားနေစဉ် ထိုစကားကိုကြားတော့ ပြေးလာပြီး ချောင်းကြည့်ကြသည်။ သခင်လေးက ဖူဘို့ကို တကယ်ကြီးမောင်းထုတ်နေတာပဲ..။ သခင်လေးက အရင်နဲ့ လုံးဝမတူတော့ပေ။

ကျိုးယွင်ရှန့်တစ်ယောက်သာ ညစာကို ပျော်ရွှင်စွာစားသောက်နေသည်။ ဒီမြေအောက်ခန်းထဲမှာ ဘာရှိတာ သူသိတာပေါ့။ ရွှယ်အိမ်ကလူတွေက ဘာကြောင့် စိတ်လှုပ်ရှားနေကြတာလဲ။ ဒါပေမယ့် သူတို့ကို ကျိုးယွင်ရှန့် စိတ်မဝင်စားပါ။ အဖိုးကြီးဖူဘိုကို အစ်ကိုကြီး ခုလိုလုပ်လိုက်တာမြင်ရတော့ တကယ်ကို အားရကျေနပ်မိသည်။ ဘယ်သူက သူ့ကို လူသေကောင်လို လာကြည့်ခိုင်းနေလို့လဲ..။

"ဖြည်းဖြည်းစား.. အရိုးလေးတစ်ခု ရှိတုန်းပဲ.. နေဦး.. ဒါက မထွင်ရသေးဘူး.."

ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်၏ဆံပင်ကို ပွတ်ကာ ပြောလိုက်ပြီး ဖူဘိုဘက်လှည့်ကာ ထပ်ပြောလိုက်သည်။

"ခင်ဗျားကို ကျွန်တော် အလုပ်ထုတ်လိုက်ပြီလို့ပြောတာ.. ခင်ဗျား ညတွင်းချင်း ထွက်သွားတော့.."

"သခင်ကြီးနဲ့ သခင်မ.."

ဖူဘိုက ဒီအဖြစ်ကို လက်မခံနိုင်ဘဲ ပြောလိုက်သည်။

"သူတို့ကို ကျွန်တော် ဖုန်းဆက်ပြောလိုက်မယ်.. ခင်ဗျားသိဖို့က အနှေးနဲ့အမြန် ဒီရွှယ်အိမ်ရဲ့သခင်က ကျွန်တော်ဖြစ်လာတော့မယ်.. ခင်ဗျား အခုထွက်မသွားရင်လည်း မကြာခင်ထွက်သွားရမှာပဲ.. ကျွန်တော့်ကိုဝေဖန်တာ၊ အမိန့်ပေးတာကို မကြိုက်ဘူး.."

ဖူဘိုသည် သခင်လေး၏ ဖိအားပြင်းသည့်အကြည့်အောက်ဝယ် စကားတစ်ခွန်းမှ မဟဝံ့တော့ပေ။ သခင်လေးသာ မိသားစုစီးပွားရေးကို လက်လွှဲယူမယ်ဆိုရင် ဘာမဆိုသဘောတူမည့် သခင်ကြီး၏သဘောထားကို ပြန်စဉ်းစားမိတော့ ထိုည အိမ်ကထွက်သွားဖို့ သဘောတူလိုက်ရသည်။

ဖူဘို ခေါင်းငိုက်စိုက်ကျသွားသည်ကိုကြည့်ပြီး ရှောင်တုန်းက သူ့သခင်လေးကို ပိုကြောက်သွားသည်။ သခင်လေးက အနုပညာသမားကနေ ထက်မြက်သွေးအေးသော စီးပွားရေးသမားဖြစ်ဖို့ တစ်လပဲကြာသည်။ နောင်ဆို ဒီအိမ်မှာ သခင်လေးက အရှင်သခင်ဖြစ်လာတော့မည်။ သခင်ကြီးနဲ့ သခင်မကြီး၏အခန်းကဏ္ဍက မှေးမှိန်လာတော့မည်။

====================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now