အခန်း ၇: သူမလေးအတွက် နူးညံ့လာတဲ့ ပါးပါးရဲ့နှလုံးသား

5.2K 722 8
                                    

ဒီကလေး....

စုရှန်းကျင်းရဲ့နှလုံးသားထဲက ခါးသက်သည့် ခံစားချက်က ပိုပိုပြီး အားကောင်းလာကာ ခဲတစ်လုံးဆွဲထားသလို လေးလံလာသည်။ သူမသွားရင် ဒီကလေးကို သူပြုစုပျိုးထောင်ရမှာ သူ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာမှာ... သူဇနီးတစ်ယောက်လိုချင်သေးသည်။ ဒါပေမယ့် အခုအခြေအနေနဲ့က သူ့အတွက် ဇနီးရှာဖို့တောင်မလွယ်ပေ.... ဒီကလေးကိုသာ သူခေါ်သွားရင် သူ့ဘဝတစ်လျှောက်လုံး လူလွတ်ဘဝနဲ့အရိုးထုတ်ရတော့မှာဖြစ်သည်။

သူ့ကိုယ်သူ ထိုကဲ့သို့ နှစ်သိမ့်လိုက်တော့ သူ့နှလုံးသားထဲက လေးလံမှုက အနည်းငယ်လျော့သွားသည်။ စုရှန်းကျင်းက လှည့်ထွက်ပြီး စုကျို့ကို ကျောခိုင်းကာ ရှေ့သို့လျှောက်သွားလိုက်သည်။ နည်းနည်းလောက်လျှောက်ပြီးတော့ မနေနိုင်ဘဲ လှည့်ကြည့်မိသည်။ ထိုကလေးမပေါက်စလေးက ထိုနေရာတွင်ပင် ရပ်နေကာ ထွက်သွားသည့်သူ့ကို မျက်ရည်တွေဝေ့သီနေသည့် မျက်လုံးဖြင့် ကြည့်နေသည်။

စုကျို့က သူမကို လှည့်ကြည့်လာသည့် သူ့ကိုမြင်သောအခါ ပြေးသွားပြီး သူ့ခြေထောက်ကိုဖက်လိုက်သည်။ ငိုရှိုက်ရင်း "ပါးပါးကို မသွားစေချင်ဘူး.... သမီးလွမ်းနေမှာ ပါးပါးစကားနားထောင်ပြီး လိမ်လိမ်မာမာနဲ့ ဂေဟာမှာပဲ စောင့်နေမယ်နော် လာလည်နော် မဟုတ်ရင် သမီးဝမ်းနည်းနေမှာ"

ထိုသို့ပြောပြီးနောက် သူ့ကိုလွှတ်ပေးလိုက်ပြီဂ အားတင်းကာ ပြုံးလိုက်သည်။ လက်ဝှေ့ရမ်းပြရင်း ပြောလိုက်သည်။ "တာ့တာ ပါးပါး"

သူမအပြုံးက ပျောက်ကွယ်သွားတော့မယ့် မျက်နှာထားလုပ်ထားပြီး လှည့်ထွက်ကာ နောက်သို့ပြန်လျှောက်သွားသည်။

စုရှန်းကျင်းက သူမလှည့်ထွက်သွားတာကို မြင်ပြီး သူ့ပါးနှစ်ဖက်မှ မျက်ရည်စီးကျလာသည်။

စုရှန်းကျင်းလှည့်ထွက်သွားသည့်အသံကို စုကျို့မကြားသောကြောင့် လှည့်မကြည့်ပေ။ သူမက ရှိုက်ငိုရင်း ဆက်လျှောက်နေသည်... ဂေဟာပေါက်ဝကို သူမရောက်ပြီး ဝင်တော့မည့်အချိန်တွင် သူမဆီ အလောတကြီးလှမ်းလာသည့် ခြေသံကို ကြားလိုက်ရသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now