အခန်း ၆၁

3.3K 539 20
                                    

Translated by Aye Chan

UNICODE

အဲ့လူက သူ့ဘေးဘီဝဲယာအနှံကို ကြည့်လိုက်သည်။ စုကျိုက တစ်ယောက်တည်းဆိုတာ သူသိသွားတော့ သူမရဲ့ ပါးစပ်ကို သူ့လက်နဲ့အုပ်ပီး ချီခေါ်သွားသည်။ သူမကို သူ့ကုတ်အကျီနဲ့ပတ်ပီး လှည့်ကာ လျင်မြန်စွာ လွတ်မြောက်သွားလေသည်။

သူ့ရဲ့အမြန်နှုန်းနဲ့, စုကျိုအကူအညီကို မအော်နိုင်ခင်အချိန်အတွင်းမှာပဲ စုကျိုကို ခေါ်သွားလိုက်သည်။

စောင့်ကြည့်ရေးကင်မရာထဲက မြင်ကွင်းက စုရှန်းကျင်းရဲ့ အူတိုင်အထိ တုန်လှုပ်သွား စေသည်။

သူ့မျက်လုံးတွေက မယုံနိုင်စွာ ပြူးကျယ်သွားပီး သူ့နဖူးပေါ်က သွေးကြောတွေ ဖောင်းလာသည်။ အဲ့လူက ကလေးတစ် ယောက်ကို နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲသွားတယ်ပေါ့။ ငါတိုက ယဥ်ကျေးမှုနဲ့ တရားဥပဒေဆိုင်ရာလူ့အဖွဲအစည်းတစ်ခု ဖြစ်နေတုန်း ရော ဟုတ်ရဲ့လား?

စုရှန်းကျန်း ရဲစခန်းကို ရုတ်တရက်ဖုန်းခေါ်လိုက်သည်။ ရဲစခန်းမှာ သူက စူပါမားကတ် ဘေးပတ်လည်က စောင့်ကြည့်ကင်မရာ တွေကို စစ်ဆေးခဲ့ပြီးတော့ အဲ့လူက စုကျိုကို ကားတစ်စီးထဲ ခေါ်သွားတာကို တွေ့လိုက်ရသည်။

ထူးဆန်းတာက အဲ့အမျိုးသားက သူ့ရဲ့ လိုင်စင်နံပါတ်ပြားကို ဖုံးထားတာ ဒါမှမဟုတ် မထင်မရှားနည်းလမ်းသုံးပီး ချော်ထွက်သွားအောင်လုပ်တာမျိုး မရှိပေ။ အဲ့အစား လူမြင်သူမြင်ပဲ ကားမောင်းထွက်သွားခဲ့သည်။ အဲဒါအပြင် သူခြေရာခံခံရမည်ကို မစိုးရိမ်သလိုပဲ လမ်းမကြီးပေါ်ကို ကားမောင်းထွက်သွားခဲ့သည်။

ရဲတွေက ကားနံပါတ်ပြားနဲ့ပုံကို ချဲ့ကြည့်လိုက်သည်။ သူတို ကားကိုခြေရာခံဖို ယာဥ်ထိန်းရဲကို ေတာင်းဆိုဖို အစီအစဥ်ဆွဲလိုက်သည်။ သိုသော် စုရှန်းကျန်း နဲ့ ရှန်းထင်းစ် ကားနံပါတ်ပြားကိုတွေ့တော့ သူတို အမူအရာတွေ ပြောင်းလဲကုန်၏။

အထူးသဖြင့် စုရှန်းကျန်းရဲ့ အမူအရာက ဆိုးရွားလာသည်။

သူကရဲကို ေပြာလိုက်သည်။, " အဲ့ကားကို ခြေရာခံဖိုမလိုတော့ဘူး။ ဘယ်သူ့ကားလဲဆိုတာကျွန်တော် သိသွားပြီ။"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now