Chapter 154: ချစ်ဖို့ကောင်းတဲ့ သမီးလေး

1.3K 176 3
                                    

UNICODE

စုကျိုက နာခံစွာဖြင့် သူမမျက်နှာကို သူ့ရင်ခွင်ထဲ အပ်ထားသည်။ မသိနားမလည်သလို ဟန်ဆောင်ကာ သူမမေးလိုက်သည်။ "ပါးပါး သူတို့က ဘာလို့ သမီးတို့ကို ဓာတ်ပုံရိုက်နေတာလဲဟင်? သမီးတို့ နာမည်ကြီးလာလို့လား?"

"ဟုတ်တယ် သမီးကြောင့် ပါးပါးတို့က အစီအစဉ်ကနေတစ်ဆင့် နာမည်ကြီးလာတာ"

စုရှန်းကျင်းက သူမကို မူကြိုကနေ ချီလာရင်း စကားပြောလာသည်။ ဤအချိန်မှာပဲ Bucket Hat ဆောင်းထားပြီး ပေါ့ပေါ့ပါးပါးအဝတ်အစားဝတ်ထားသည့် အမျိုးသားတစ်ယောက်က သူတို့ဆီလျှောက်လာသည်။ သူက ဘေးဘီကို ကြည့်ပြီး မေးလာသည်။ "ဟယ်လို ခင်ဗျားက စုရှန်းကျင်း ဟုတ်တယ်မလား?"

စုရှန်းကျင်းက ထိုလူကို ကြည့်ရင်း သူ့အကြည့်က သတိရှိလာသည်။ မသိစိတ်ကနေ စုကျိုကို တင်းကြပ်စွာဖက်ရင်း မေးလိုက်သည်။ "ခင်ဗျားကဘယ်သူလဲ?"

ထိုလူက ချက်ချင်း နာမည်ကတ်တစ်ခုထုတ်ကာ ကမ်းပေးလိုက်သည်။ "ဟယ်လို ကျွန်တော်က လီယန်ပါ။ ရုပ်သံလွှင့်ရုံက ထုတ်လုပ်သူပါ"

သူလည်း ရုပ်သံလွှင့်ရုံကပဲ။

စုရှန်းကျင်းက မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ?"

"ကျွန်တော် ခင်ဗျားနဲ့ ပြောစရာလေးရှိလို့ပါ။ ဒါပေမယ့် ဒီမှာ ပြောဖို့အဆင်မပြေဘူး။ တစ်နေရာရာသွားကြမလား? ဒီနားက ကော်ဖီဆိုင်ကောင်းကောင်းကို ကျွန်တော်သိတယ်။ အဲ့မှာ ပြောရအောင်"

"ကောင်းပြီလေ" စုရှန်းကျင်းက ခေါင်းညိတ်ပြပြီး လမ်းဘေးမှာရပ်ထားသည့် ရှန်းထင်းစစ်ကားကို ကြည့်ကာ အရင်သွားဖို့ အချက်ပြလိုက်သည်။

သို့ပေမယ့် ရှန်းထင်းစစ်က ထွက်သွားဖို့ အစီအစဉ်မရှိပေ။ အနောက်တွင် ထိုင်နေသည့် ရှန်းကျီယန်ကလည်း ပြောလာသည်။ "လေးလေး အဲ့လူက မကောင်းတဲ့လူလား? သူတို့နောက် လိုက်သွားရအောင်"

***

လီယန်က သားအဖကို ကော်ဖီဆိုင်သို့ခေါ်လာပြီး တိတ်ဆိတ်သည့်နေရာ၌ ထိုင်လိုက်သည်။

ကော်ဖီနှစ်ခွက်နှင့် အသီးဖျော်ရည်တစ်ခွက်မှာပြီးနောက် စုရှန်းကျင်းရင်ခွင်ထဲက ကလေးမလေးကို ကြည့်ရင်း သွားကြိတ်မိသွားသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now