4.8K 726 24
UNICODE
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စုရှန်းကျင်းရဲ့ ပုံကို တစ်စုံတစ်ယောက်က ဆွဲထုတ်လာတယ်...အဲ့အချိန်တုန်းက သူက ၂၀ ပြည့်ရုံလေးပဲရှိသေးသည်။ ငယ်ရွယ်ပြီး လှပတဲ့ကောင်လေးပေါ့...ထိုပုံဟာ ပြန်ပြင်ထားတာမဟုတ်ဘဲ သူစိမ်းတစ်ယောက်က ရိုက်ထားတာတောင် သူက အရမ်းကို ခန့်ညားနေတုန်းပဲ
Nation's Crush ဆိုတဲ့ နာမည်ကို ရရှိခဲ့တာပေါ့ ဒါပေမယ့် အရှုပ်တော်ပုံတွေနဲ့ ကောလဟာလတွေထွက်လာပြီးနောက်မှာတော့ လူတွေက သူ့ကို ရွံတယ်လို့ ပြောလာကြတယ်... မိန်းမတွေကို ကစားစရာလို ဆက်ဆံတတ်တဲ့ အကျင့်ပျက်ယောကျာ်းက ဘယ်လိုလုပ်ရှိနေရတာလဲ? တဏှာစိတ်မွှန်နေတဲ့ သားရဲကောင်လို့တောင် သူတို့က ပြောကြသည်။
အဲ့ဒါအပြင်Follower အများကြီးနဲ့ အင်တာနက်အသုံးပြုသူကလည်း သူ့အကြောင်းဖော်လာသည်။ ထိုသူက စုရှန်းကျင်းဟာ Show တစ်ခုအတွက် အဓိကဇာတ်လိုက်နေရာကို ရရှိခဲ့တယ်... ငယ်ရွယ်တဲ့အချိန်မှာ သူဟာ နှိမ့်ကျပြီး ယဉ်ကျေးသင့်သည်။ ဒီတန်ဖိုးရှိတဲ့ အခွင့်အရေးကို ရတနာလို တန်ဖိုးထားသင့်သည်။ သို့သော်ငြားလည်း စုရှန်းကျင်းဟာ သူ့ကိုယ်သူ အမြင့်မှန်းလွန်းတယ်... ရိုက်ကွင်းမှာဆို အရမ်းမောက်မာသည်။ ခေါင်းဆောင်မင်းသမီးကို သူနဲ့ အိပ်ဖို့ ပြောရုံတင်မက ဒုတိယဇာတ်လိုက်နေရာက သရုပ်ဆောင်သည့် ချင်ဖုန်းနဲ့လည်း ပြဿနာဖြစ်သည်။ စုရှန်းကျင်းဟာ သူ့ကို တောင်းပန်ခွင့်တောင်မပေးဘဲ ရိုက်နှဥ◌်ခဲ့သည်။ အဲဒါအပြင် စုရှန်းကျင်းက ရိုက်ကွင်းဝန်ထမ်းတွေကိုလည်း ကန်ပြီး တရားတောင်စွဲခဲ့သည်။
ထို အသုံးပြုသူက ဓာတ်ပုံ ၉ပုံနဲ့ တွဲတင်ပြီး ထိုပုံတွေက ချင်ဖုန်းကို စုရှန်းကျင်းက ရက်စက်တဲ့အမူအရာဖြင့် ရိုက်နေသည့် ပုံတွေဖြစ်သည်။ ထိုပုံတွေက အမှန်တရားကိုပြောတဲ့ သက်သေတွေဖြစ်နေသည်။ အဲ့ပို့စ်ကို ဖတ်ပြီးသည့်နောက်မှာ လူတွေက စုရှန်းကျင်းက ထိုက်တန်တယ်လို့ တွေးကုန်ကြသည်။ ကောင်းကင်ဘုံက သူ့ကို ကျော်ကြားခွင့်ကို ပိတ်ပင်ပြီး အပြစ်ပေးတာပဲ
အခုတော့ နောက်ထပ် တိုက်ခိုက်ပြောဆိုမှုတွေက အင်တာနက်တွေ ပျံ့လာပြန်သည်။ လူတွေက စုရှန်းကျင်းရဲ့ Weibo Account ကို သွားပြီး ပြောဆိုကြသည်။ သူ့တွင် ပရိတ်သတ်တွေ မရှိတော့တာကြာပြီမို့လို့ သူတို့ ဘယ်လောက်ဆိုးဆိုးဝါးဝါးပြောဆိုကြပါစေ ပြဿနာမရှိပေ... ကြောက်ဖို့ကောင်းအောင် ကာကွယ်တတ်ကြသည့် ပရိတ်သတ်တွေနဲ့လည်း သူတို့ ထိပ်တိုက်ရင်ဆိုင်စရာ အကြောင်းမရှိပေ
ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now