အခန်း ၉၁: ဒီကလေးကတော့ အရိုက်ခံရဖို့ သင့်တယ်

2.3K 386 3
                                    

UNICODE

သူတို့အခန်းရှိရာကို သွားပြီး ခရီးဆောင်သေတ္တာတွေကို နေရာချလိုက်သည်။ နောက်ကျနေပြီ ဖြစ်တာကို စုရှန်းကျင်း သိတော့ စုကျိုကို လက်ဆွဲကာ အခန်းထဲကနေ ထွက်လာကြသည်။ အောက်ထပ်ရှိ စားသောက်ဆိုင်တွင်ပင် တစ်ခုခုစားရန် စီစဉ်လိုက်သည်။

ဘူဖေးရှိ ဟင်းပွဲတွေက သားသားနားနားရှိသည်။ စုရှန်းကျင်းက စုကျိုအတွက် ပန်းကန်တစ်ချပ်ယူကာ သူမစားလိုတာကို ယူဖို့ ပြောလိုက်သည်။

စုကျိုက စုရှန်းကျင်းနောက်ကနေလိုက်ပြီး ဟင်းပွဲအစုံကို သိချင်စိတ်ဖြင့် ကြည့်နေသည်။ ဘေးရှိ စားပွဲထိုးတွေတောင် ဒီကလေးမလေးက အရမ်းချစ်ဖို့ကောင်းသည်လို့ တွေးမိကုန်ကြသည်။

သူက အွန်လိုင်းမှာ လူတိုင်းရဲ့ တိုက်ခိုက်မှုခံနေရတဲ့ စုရှန်းကျင်းပဲ။ မိတ်ဆက်ဗွီဒီယိုထဲကထက် ပိုပြီး ချောနေရတာလဲ?

ဝိတ်များထပ်လျှော့လိုက်တာလား? ပုခုံးကျယ်ကျယ် ခါးသိမ်သိမ်နှင့် ခြေတံရှည်ရှည်တွေ သူ ပိုပြီး ချောလာတာပဲ။ အရင်က သူ့ကို Nation's Cursh လို့ ခေါ်ကြတာ မဆန်းတော့ဘူးပဲ။ သူက အဲ့နာမည်အတိုင်းပဲကိုး။

သူတို့ရဲ့အာရုံက စုကျိုနှင့် စုရှန်းကျင်းဆီမှာသာရှိပြီး အဝင်ကနေ ပြေးဝင်လာသည့် ၅နှစ်၆နှစ်အရွယ်ကလေးကို သတိမပြုမိလိုက်ကြပေ။ ကလေးထိန်းက သူနောက်ကနေပြေးဝင်လာပြီး အသနားခံနေရသည်။ "ကျေးဇူးပြုပြီး မပြေးနဲ့တော့ အန်တီ သားကို ရှာလို့မတွေ့တော့ရင် ဘယ်လိုလုပ်မလဲ?"

အသက်ငယ်ငယ်လေးမှာတောင် ဒီကလေးက ချွင်းချက်မရှိ ချောမောသည့် မျက်နှာရှိသည်။ သူ့မျက်လုံးတွင်တော့ မောက်မာမှုနှင့် ပုန်ကန်မှုအရိပ်အယောင်ရှိနေသည်။ သူက တစ်ပတ်လှည့်ပြီး ကလေးထိန်းကို မျက်နှာချင်းဆိုင်လိုက်သည်။ "ဒါ ကျွန်တော်လိုချင်တာပဲလေ ဟားဟားဟား"

တီဗွီမရှိ ကွန်ပျူတာမရှိတဲ့ ဤနေရာက သူ့အတွက် အရမ်းပျင်းစရာကောင်းသည်။ ထို့ကြောင့် သူ့ကလေးထိန်းနှင့် တူတူပုန်းတမ်းကစားဖို့ ဆုံးဖြတ်လိုက်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now