အခန်း၉၈ : ခြယ်လှယ်တတ်သည့် စီအီးအိုလို

2.6K 434 8
                                    

UNICODE

စုရှန်းကျင်းက ဟန်ရှစ်ယဲ့ကို မာဆတ်ဆတ်ပြောလိုက်သည်။ "မင်းအဖေနဲ့ ထိုင်"

ဟန်ရှစ်ယဲ့ ဆွံ့အသွားသည်။

အနည်းငယ်မပျော်မရွှင်ဖြစ်သွားပြီးနောက် ကြုံရာခုံတစ်လုံးကို ရွေးလိုက်ပြီး ထိုင်ချလိုက်သည်။

ဟန်ရှောင်း ဘတ်စ်ကားပေါ်ရောက်လာတော့ သူ့သားရဲ့ မပျော်မရွှင်ဖြစ်နေတဲ့ရုပ်ကို သတိပြုမိသွားသည်။ အဲဒါကြောင့် ဟန်ရှစ်ယဲ့ဘေးဝင်ထိုင်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။ "ဟေး ဘာဖြစ်လို့လဲ? ဘယ်သူက သားကို ရန်စပြန်တုန်း?"

"ဟွန့်" ဟန်ရှစ်ယဲ့ နှုတ်ခမ်းဆူလိုက်သည်။ စုရှန်းကျင်းက စုကျိုကို အနောက်ဘက်သို့ ခေါ်သွားပြီး ထိုင်လိုက်တာကို မပျော်မရွှင် ကြည့်နေသည်။

ဘာဖြစ်သွားလဲဆိုတာ ဟန်ရှောင်း နားလည်လိုက်၏။ သူက သူ့သားကို စလိုက်သည်။ "ဘာလို့လဲ? သားက အဲ့ကလေးမလေးကို အရမ်းသဘောကျတာလား?"

"သားမကြိုက်ပါဘူးနော်။ သားက သူမကို အနိုင်ကျင့်ချင်တာ" ဟန်ရှစ်ယဲ့က စိတ်ဆိုးစွာဖြင့် ပြန်ပက်လိုက်သည်။

ဟန်ရှောင်းရဲ့ အမူအရာက ချက်ချင်းဆိုသလို လေးနက်သွားသည်။ "မင်းလုပ်ရဲလား? မင်းကို ရိုက်မှာနော်"

သူ့အဖေရဲ့ ခြိမ်းခြောက်မှုကို ခံစားမိတော့ ဟန်ရှစ်ယဲ့က နောက်ထပ် စကားတစ်လုံးတောင် မဟရဲတော့ပေ။

နာရီဝက်ကြာပြီးနောက် ဘတ်စ်ကားက ရွာသို့ ရောက်လာသည်။

ဘတ်စ်ကားပေါ်က ကလေးတွေဟာ သူတို့မွေးတဲ့အချိန်ကစပြီး မြို့ကြီးမှာသာ နေခဲ့ရပြီး ဇိမ်ခံပစ္စည်းအပြည့်နှင့် နေခဲ့ရသည်။ ကျေးလက်တောရွာတစ်ခုကို သူတို့လာလည်တာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အတွက်ကြောင့် ကားပေါ်ကနေပြီး သူတို့ရဲ့ ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။ သူတို့အတွက်တော့ ဆန်းသစ်သည့်အတွေ့အကြုံ တစ်ခုဖြစ်သည်။

ဘတ်စ်ကားပေါ်ကနေ သူတို့ရဲ့ခရီးဆောင်သေတ္တာကို သယ်ချပြီးနောက် အဖေတွေက သူတို့ကလေးတွေကို လယ်ကွင်းပြင်အကျယ်ကြီးမှာ စောင့်နေသည့် ယန်ဖန်ပင်းနှင့် ရိုက်ကူးရေးအဖွဲ့ဆီ ဦးဆောင်ခေါ်သွားကြသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now