အခန်း ၃၄- ဗီလိန်လေးထံ နွေးထွေးမှုပေးခြင်း ၁

4.5K 789 20
                                    

UNICODE

သူတွေးနေချိန်မှာပဲ စုကျိုနှင့်ရှန်းထင်းစစ်တို့က ပလတ်စတစ်ဘူးတွေနဲ့ သံဘူးတွေကို ကောက်ပြီးပြီဖြစ်သည်။ စုကျိုက သူ့လက်ကိုဆွဲကာ ပြောလာသည်။

"ကိုကို သမီးအိမ်ကို သွားရအောင် အဲဒါမှ ကိုကို့ကို ဆေးထည့်ပေးလို့ရမှာ... သမီးအိမ်မှာ မုန့်တွေလည်းအများကြီးရှိတယ် ကစားစရာတွေလည်းရှိတယ်"

ဒီဗီလိန်လေးက သနားဖို့ကောင်းသည်။ သူ့ကို နွေးထွေးမှု ပေးမည့် တစ်စုံတစ်ယောက်တော့ ရှိသင့်သည်။

ဒီလိုကောင်းမွန်ပြီး နွေးထွေးတာမျိုးကို မခံစားဘူးဘဲ ညစ်ထေးနေသည့်အမှောင်ထုကိုပဲခံစားနေရမှာတော့ ဗီလိန်မဖြစ်ဘဲနေတော့မလား?

ပြီးတော့ ဗီလိန်လေးက ဇာတ်လိုက်မဆီသွားရမည့်သူ ငါလေးကတော့ ဇာတ်ပို့လေးသာသာပဲ... ဇာတ်လိုက်မကြောင့် ဗီလိန်လေးက ငါ့ကို ဆန့်ကျင်လာရင် ဘယ်လိုလုပ်မလဲ...ဆိုးဆိုးဝါးဝါးသေရမှာ

အဲဒါကြောင့် အခုချိန်မှာ သူနဲ့ ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ထားတာက ငါလေးအတွက် အကျိုးကျေးဇူးရှိတယ်...

စုကျိုက ရုန်စစ်ကို ဆွဲခေါ်သွားတာမြင်တော့ ရှန်းထင်းစစ်ခမျာလည်း သူတို့အနောက်ကနေလိုက်ရုံပဲရှိတော့သည်။

သူတို့အိမ်ရောက်တော့ စုကျိုက ဆေးသေတ္တာယူလာပြီး ဆေးဘူးဖွင့်ပြီး ဂွမ်းတံဖြင့် ရုန်စစ်ကို ဆေးလိမ်းပေးသည်။ ရုန်စစ်က သူမထက် ခေါင်းတစ်လုံးစာပိုမြင့်သည်။ သူ့မျက်နှာကို ဆေးလူးပေးဖို့အတွက် စုကျိုအတွက် တော်တော်ခက်ခဲသည်။ ဒါကြောင့် သူမက သူ့ကို လက်ဖြင့်အချက်ပြရင်း ပြောလိုက်သည်။

"ကိုကို နည်းနည်းငုံ့ပေး"

သူမ၏နက်မှောင်က ဝိုင်းစက်သည့် မျက်ဝန်းဖြင့် သူ့ကို အနီးကပ်ကြည့်ချိန်မှာတော့ ရုန်စစ်က ကသိကအောက်ခံစားသွားရသည်။ ဒါပေမယ့်လည်း သူမစကားကို နားထောင်ပြီး ကိုယ်ကို ကွေးညွတ်လိုက်၏။

စုကျိုက သူ့ကို ပိုနာသွားမှာ စိုးရိမ်သောကြောင့် ဂွမ်းတံဖြင့် ဆေးကို ညင်သာစွာလိမ်းပေးလိုက်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now