4.5K 698 12
UNICODE
စုရှန်းကျင်း ပြုံးရင်း သူမခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ စားစရာတွေကို အားပါးတရစားနေသည့် ကလေးမလေးကို မြင်တော့ သူ့အကြည့်တွေက ထိုင်းမှိုင်းသွားပြီး တွေးမိသွားသည်။
'တောင်းပန်ပါတယ် သမီးလေး'
ဘာကိုမှ မသိသေးသည့် ၃ နှစ်သမီးလေးသာဖြစ်သည်။ ကမ္ဘာပေါ်က အံ့အားသင့်စရာတွေကို ပျော်နေသင့်သည့် အရွယ်ဖြစ်ပေမယ့် သူ့လို အဖေကြောင့် သူမလေးပါ အပြောခံနေရသည်။ သာမန်လူတွေက Cyber bullying လုပ်တာကို သည်းမခံနိုင်ကြပေ... ကံကောင်းစွာနဲ့ သူမလေးက ငယ်သေးသည့်အပြင် အင်တာနက် ဘယ်လိုသုံးရမလဲဆိုတာ မသိသေးသလို စာလည်းမဖတ်တတ်သေးပေ... မဟုတ်ရင် အဲ့လွန်ကဲသည့် မှတ်ချက်တွေကို ဖတ်ပြီး နာကျင်သွားမယ့် သူမလေးကို တွေးကြည့်လို့တောင်ရသည်။
စုရှန်းကျင်းက အနုပညာလောကထဲသို့ ပြန်သွားဖို့ အစီအစဉ်မရှိပေ.. အဲ့အစား ရှန်းထင်းစစ်ပြောသလို တည်ငြိမ်သည့် အလုပ်တစ်ခုရှာဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် သူမလေးကို သူဘယ်လို ပျိုးထောင်ရမလဲ
သူမအဖေကြည့်နေတာကို သတိထားမိတော့ အနာဂတ်အတွက် သူမအဖေ အစီအစဉ်ဆွဲနေတာကို စုကျို ခန့်မှန်းမိသည်။ မုတ်ဆိတ်တွေရယ် ဆံပင်ဘုတ်သိုက်နဲ့ ဒီလူသာ အနုပညာလောကထဲ ခြေပြန်ချမယ်ဆိုရင် ပထမဆုံးအဆင့်က သူ့ပုံစံပြောင်းရမည်... အသက် ၂၄ နှစ်နဲ့ ငယ်ရွယ်တဲ့အချိန်သာရှိသေးသည်။ ကြည့်လို့မကောင်းတဲ့ လူလတ်ပိုင်း ဦးလေးကြီးလို မဖြစ်သင့်ပေ
စုရှန်းကျင်းရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်က အရမ်းကို ကြည့်ကောင်းသည့် အဆင့်ထဲတွင်ရှိသည်။ သူ့ပုံစံကို သပ်ရပ်အောင် ပြင်ပြီး အရင်ပုံစံပြန်ရသွားရင် သူ့ခန့်ညားမှုနဲ့ လူတိုင်းကို ဖမ်းစားနိုင်မှာသေချာသည်။
ဒါပေမယ့် သူ့ပုံကို သူမလေး ဘယ်လို ပြောင်းပေးရမလဲ? စုကျိုတွေးရင်းနဲ့ အကြံတစ်ခုရသွားသည်။
ညကျတော့ စုရှန်းကျင်းက သစ်သားဇလားထဲတွင် သူမလေးရေချိုးဖို့ ရေနွေးစပ်ပေးနေသည်။ သူမရေချိုးမယ်ဆိုတော့ သူမလေးကို ပဝါပေးပြီး ရေချိုးခန်းထဲက ထွက်သွားဖို့ပြင်သည်။ ဒါပေမယ့် စုကျိုက သူ့ကို ခေါ်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံလုပ်ပြသည်။
ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now