အခန်း ၁၀၄: အနာဂတ်၏ချောမောသည့်ကောင်လေး

2.4K 363 7
                                    

UNICODE

ချန်းရှီရှီက သူမလည်း စုကျိုလို အလုပ်အများကြီးမလုပ်ရဘဲ တစ်ယောက်ယောက်က ကူညီပေးဖို့ မျှော်လင့်မိသည်။ သို့ပေမယ့် သူမရဲ့အသင်းဖော် လီနျိုအာက မုန်လာဉတွေသယ်တဲ့ဆီပဲ အာရုံစိုက်ထားသည်။ သူတွေးတာက ဒါတွေကို အရသာရှိတဲ့အစားအစာနှင့် လဲရမည်ဆိုတာဖြစ်သည်။

စိုက်ခင်းထဲ အလုပ်လုပ်နေသည့် ရှောင်းယန်းနှင့် ဟန်ရှောင်းတို့က သူတို့သားတွေက စုကျိုအတွက် မုန်လာဥသယ်ပေးနေတဲ့ မြင်ကွင်းကို မြင်ချိန်မှာတော့ အရမ်းကို ထိရှသွားသည်။

ကြည့်ရတာ ငါ့ရဲ့ အရူးလေးက အသိတရားရှိသားပဲ။ ကောင်းလိုက်တာ နောက်ကျ သူ မိန်းမ မရှာနိုင်မှာကို ငါစိတ်ပူစရာမလိုတော့ဘူး။

သိပ်မကြာခင်မှာပဲ လက်တွန်းလှည်းလေးတွင် မုန်လာဥတွေဖြင့် ပြည့်သွားသည်။ ဟန်ရှစ်ယဲ့က လက်တွန်းလှည်းရဲ့ လက်ကိုင်နေရာကို ဦးအောင် ကိုင်လိုက်သည်။ ကျန်လက်တစ်ဖက်ကို စုကျိုဆီကမ်းပေးလိုက်ပြီး ပြောလာသည်။ "သွားရအောင် ဟင်းချက်စရာတွေအတွက် မုန်လာဥကို သွားလဲကြမယ်"

ကိုယ်ပေါ်က ဖုန်တွေကို ခါထုတ်နေသည့် ရှောင်းဝေကို စုကျိုကြည့်လိုက်သည်။ သူမက သူ့ကို စောင့်ချင်ပေမယ့် ဟန်ရှစ်ယဲ့က သူမလေးလက်ကို ကိုင်ပြီး အတင်းဆွဲသွားလိုက်သည်။

ဤအပြုအမူက ရှောင်းဝေကို ကြောင်အသွားစေသည်။ သူက ချက်ချင်းပဲ စုကျိုနောက်ကို လိုက်ပြီး သူမရဲ့နောက်လက်တစ်ဖက်ကို ဆွဲကာ ဟန်ရှစ်ယဲ့အား မျက်မှောင်ကြုတ်ပြီး ပြောလာသည်။ "ဖြည်းဖြည်းလျှောက် သူမ မင်းနောက်ကို လိုက်မမှီဘူး"

"ဟွန့်" ဟန်ရှစ်ယဲ့က မောက်မာသည့် ဟန်ဖြင့် သူ့ကို ကြည့်လိုက်သည်။ သို့ပေမယ့် သူ ဖြည်းဖြည်းလျှောက်လိုက်သည်။

ကောင်လေးချောချောလေးနှစ်ယောက်က ချစ်ဖို့ကောင်းတဲ့ ကလေးမလေးရဲ့ လက်နှစ်ဖက်ကို ကိုင်ထားသည့် မြင်ကွင်းက အရမ်းကို ချစ်မြတ်နိုးဖွယ်ရာကောင်းသည်။

ဤအပိုင်းထုတ်လွှင့်ချိန်မှာတော့ ပရိတ်သတ်အများစုက သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်နေကြသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now