Chapter 143: ညီမလေးအိမ်ကိုသွားပြီး ကစားရအောင်

998 161 2
                                    

UNICODE

စုကျို အရမ်းအံ့အားသင့်သွားသည်။
ဗီလိန်လေးနဲ့ သူ့အမေပဲ။

စုန့်ဝမ်ချွေက ဖြူဖျော့နေသည့် မျက်နှာဖြင့် ကျောင်းအပေါက်ဝတွင် ရပ်နေသည်။ သူမက လုံခြုံရေးကို တစ်စုံတစ်ခုပြောချင်နေပေမယ့် ရုန်စစ်က သူမကို ပြန်ဆွဲထားသည်။ အေးစက်ပြီး ခေါင်းမာသည့်အမူအရာဖြင့် ပြောလာသည်။ "မား ပြန်ရအောင်"

စုန့်ဝမ်ချွေက သူမသားကို ကြည့်ပြီး သူမမျက်လုံးကို ပိတ်လိုက်သည်။ ရွေးစရာမရှိတော့ဘဲ ရုန်စစ်လက်ကို ကိုင်ကာ ကျောင်းကို ကျောခိုင်းပြီး ထွက်ရုံသာရှိတော့သည်။

သူမ မရည်ရွယ်ပဲ ခေါင်းကို‌ေ မာ့လိုက်တော့ စုရှန်းကျင်းနှင့် စုကျိုကို မြင်လိုက်ရသည်။ ခဏလောက် သူမ နေရခက်သွားသည်။ သို့ပေမယ့် ဘာမှမဖြစ်သလို ပြုံးလိုက်၏။ "တိုက်ဆိုင်လိုက်တာ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေကြတာလဲ?"

စုရှန်းကျင်းက စုကျိုကို ချီပြီး သူတို့ဆီလျှောက်သွားလိုက်သည်။ "ကျွန်တော့်သမီးကို မူကြိုသွားအပ်တာ။ ခင်ဗျားတို့ရော?"

"ကျွန်မ..." စုန့်ဝမ်ချွေက အကြည့်လွှဲလိုက်သည်။ "ကျွန်မလည်း ကျွန်မကလေးကို ကျောင်းအပ်ဖို့ ခေါ်လာတာ"

"အစ်ကိုကြီး" စုကျိုက ဘာမှမကြားသလို ဟန်ဆောင်ကာ ဗီလိန်လေးအား ချိုမြိန်စွာ နှုတ်ဆက်လိုက်သည်။

ရုန်စစ်က အဖြူရောင်ရှပ်နှင့် နက်ပြာရောင် ကြိုးသိုင်းဘောင်းဘီကို ဝတ်ထားသည်။ သူ့ပုံက အရမ်းကို ချောမော၏။
သူမနှုတ်ဆက်တာကို ကြားတော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမအကြည့်အား ရှောင်လိုက်သည်။

သူတို့ကို ကျောင်းကနေ မောင်းထုတ်တာကို ကျိုလေးမြင်သွားသည့်အတွက် သူရှက်မိသည်။ အခုချိန်မှာ သူမကိုကြည့်ဖို့ ခွန်အား သူ့တွင် မရှိချေ။ သူက လှည့်ထွက်သွားချင်နေသည်။

သူတို့ရဲ့ နေရခက်နေသည့်အမူအရာကို သတိထားမိသည့်အတွက် စုရှန်းကျင်းက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ကျောင်းက သူ့ကို လက်မခံချင်ဘူးလား?"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now