အခန်း ၁၈ - မတွေ့ရတာ ကြာပြီ

4.8K 726 9
                                    

UNICODE

သူမချက်ချင်းပဲ မှတ်ချက်ရေးတော့သည်။ "အားးးးးး"

Share မလုပ်ခင်မှာ အော်လိုက်ပြီး ကပ်ပရှင်တစ်ခုနဲ့ ပြန်တွဲတင်လိုက်သည်။

"စုရှန်းကျင်း မတွေ့ရတာကြာပြီ လွမ်းနေတာ"

"အရင်ကလို မခန့်ညားတော့ပေမယ့် အရင်ကပုံလို မဟုတ်တော့ပေမယ့် ငါ ချက်ချင်းမှတ်မိတယ်... ဘယ်နေရာပဲ နင်သွားသွား ကြယ်တစ်ပွင့်လို တောက်ပနေတုန်းပဲ.... ငါက အမြဲ နင့်ရဲ့ ဒိုင်းအဖြစ် ရှိနေမှာ"

သူမပို့စ်ကို စာကြမ်းအဖြစ်ထားပြီးနောက် Active မဖြစ်တော့တာကြာသည့် Group Chat ထဲသို့ ပုံပို့လိုက်သည်။

"စုရှင်းကျင်း ပေါ်လာပြီ ပြီးတော့ သူ့မှာ သမီးလေးတစ်ယောက်တောင် ရှိနေသေးတယ်"

သူမ စာပို့လိုက်ပေမယ့်လည်း နာရီအနည်းငယ်ကြာပြီးတော့မှ ပြန်စာတစ်ခုကို သူမ လက်ခံရရှိသည်။

"ဘာလဲဟဲ့ ဒီ Group Chat က အသက်ပြန်ရှိလာတာလား"

"အဲဒါစုရှန်းကျင်းလား ဘာလို့ အရမ်းကွာခြားနေရတာလဲ"

ပရိသတ်က ပြန်ဖြေလာသည်။ "သေချာပေါက်သူပဲ... သူ့ကို တခြားလူတွေနဲ့ ငါဘယ်တုန်းကမှ မမှားခဲ့ဘူး... အနုပညာလောကကနေသူထွက်သွားပြီးနောက် သူလက်ထပ်လိုက်တာဖြစ်လိမ့်မယ်... သူ့သမီးလေးတောင် ဒီလောက်အရွယ်ဖြစ်နေပြီလေ"

သူလက်ထပ်တဲ့အကြောင်းကို သူမပြောတဲ့အချိန်မှာ အနည်းငယ်တော့ စိတ်ပျက်မှုဖြစ်သွားသည်။ အမျိုးသမီးပရိတ်သတ်တွေက သူတို့ရဲ့ Idol တွေကို မြေခွေးမတွေရဲ့ မြူဆွယ်တာကို မခံရဘဲ လူလွတ်အဖြစ်ပဲရှိစေချင်သည်။ သူတို့ရဲ့ Idol ကို သူတို့ရဲ့ခင်ပွန်း မဟုတ်ရင် ရည်းစားဖြစ်ဖို့ အမြဲ စိတ်ကူးယဉ်တတ်ကြသည်။ ဒါပေါ့ စုရှန်းကျင်းမှာ သမီးလေးတစ်ယောက်ရှိနေတာ သူမမြင်မိတော့ ဝိရောဓိ ဖြစ်မိသွားသည်။

နောက် ပရိတ်သတ်တစ်ယောက်က မှတ်ချက်ပေးလာသည်။ "ဒီယောကျာ်းရဲ့ နောက်ကျောက စုရှန်းကျင်းနဲ့ မတူဘူးနော်... သူဖြစ်နေရင်တောင် အဲ့ကလေးမလေးက သူ့သမီးမဖြစ်နိုင်ဘူး..သူ့တူမပဲဖြစ်လိမ့်မယ်"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now