Chapter 106: မိဘခရီးစဉ်ကနေပြီး သူငယ်ချင်းဆက်ဆံရေး တည်ဆောက်ခြင်း

2.6K 388 4
                                    

UNCODE


ချန်းခယ်က စုကျိုကို ကြည့်လိုက်သည်။ သူလည်း ဒီချစ်ဖို့ကောင်းတဲ့မိန်းကလေးကို အရမ်းသဘောကျသည်။ သူ့သမီးလေးရဲ့ ခေါင်းကို ပွတ်ကာ သူမကို အားပေးလိုက်သည်။ "ဒါဆိုလည်း သတ္တိရှိရှိနဲ့ သူမနဲ့ သူငယ်ချင်းလုပ်လေ။ နေ့လည်စာအတွက် ဘာလို့ သူမကို မဖိတ်လဲ?"

ချန်းရှီရှီက နှုတ်ခမ်းကိုက်ကာ ခေါင်းညိတ်လိုက်သည်။

အဖေတွေက ဟင်းအမယ်တွေနှင့် အလုပ်ချိန်မှာ ကောင်လေးတွေ ဝိုင်းနေသည့် စုကျိုဆီ ချန်းရှီရှီသွားလိုက်သည်။ သူမသတ္တိကို တင်လိုက်ပြီး ခပ်ဖျော့ဖျော့မေးလိုက်၏။ "ညီမလေး ငါတို့ သူငယ်ချင်းလုပ်လို့ရလား?"

စုကျိုက သွားစေ့ပြီးရယ်ပြကာ ခေါင်းညိတ်လိုက်သည်။ "ရတာပေါ့"
ချန်းရှီရှီက ပျော်သွားသည်။ "ဒါဆို နေ့လည်စာကို ငါတို့အိမ်မှာ လာစားလို့ရမလား?"

စုကျို ပြောစရာစကားမရှိဖြစ်သွားသည်။
သူတို့တွေက ဘာလို့ ငါလေးကို သူတို့နဲ့စားဖို့ပဲ ဖိတ်နေကြတာလဲ?

ထိုကဲ့သို့အတွေးဖြစ်သော်ငြားလည်း သူငယ်ချင်းတစ်ယောက်တိုးတာက မကောင်းတဲ့အရာမဟုတ်မှန်း စုကျို သိသည်။ သူမက မျှော်လင့်ချကိအပြည့်နှင့် ကြည့်နေသည့် ချန်းရှီရှီကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ကောင်းပြီလေ ရှီရှီ သူငယ်ချင်းဖြစ်ကြတာပေါ့ ဒါပေမယ့် ဒီနေ့တော့ နေ့လည်စာစားဖို့ နင့်အိမ်ကို လာလို့မရဘူး။ ဘာလို့လဲဆိုတော့ ငါက ရှောင်းဝေကို သူ့အိမ်မှာလာစားဖို့ ကတိပေးထားလို့"

ချန်းရှီရှီက ရှောင်းဝေကိုကြည့်ကာ နှုတ်ခမ်းကိုက်လိုက်သည်။ သူမလေးက အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။
ဒါပေမယ့် သူမက ရွေးစရာမရှိဘဲ ပြောလာသည်။ "ကောင်းပြီလေ ဒါဆို မနက်ဖြန်ရော ငါ့အိမ်ကို လာမလားဟင်"

"အိုကေ" စုကျိုက ဒီတောင်းဆိုချက်ကို သဘောတူလိုက်ချိန်မှာတော့ ချန်းရှီရှီမျက်နှာက ချက်ချင်းတောက်ပသွားသည်။ သူမက ချက်ချင်း ပြန်ပြေးသွားကာ စုကျိုနှင့် သူမသူငယ်ချင်းလုပ်ခဲ့ကြောင်း သူမအဖေကို ကြွားလိုက်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now