Chapter 139: ရွာပြန်ပြီး လယ်ထွန်စားလိုက်တော့

1.4K 187 1
                                    

UNICODE

ချင်ဖုန်း ဆက်ပြီးသည်းမခံနိုင်တော့ပေ။ သူ့ဖုန်းကို ယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်တော့သည်။ ခေါ်ဆိုမှု ဝင်သွားတာနှင့် ချက်ချင်းကို အော်တော့သည်။ "မင်းတို့ကောင်တွေ အသုံးမကျဘူးလား? ငါ ပိုက်ဆံတွေ အများကြီးပေးထားတာတောင် မင်းတို့ကောင်တွေ ငါ့ကို ပေးနိုင်တာ ဒီအဖြေလား?"

သူက တိုက်ခိုက်မှုအတုတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်သည့် ကျွမ်းကျင်သူကို ဖုန်းခေါ်ဆိုတာ ဖြစ်သည်။ သို့ပေမယ့် ဤကျွမ်းကျင်သူက ကူကယ်ရာမဲ့စွာဖြင့် ပြောလာသည်။ "ကျွန်တော်တို့ရော ဖြစ်ချင်တယ်လို့ ထင်နေတာလား? စုရှန်းကျင်းကို အပုတ်ချဖို့ တိုက်ခိုက်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပေမယ့် အသုံးမဝင်ဘူး"

"အသုံးမဝင်ဘူး? ဒါဆို မင်းတို့က ဘာလို့ အမုန်းသမားအဖြစ် လုပ်နေသေးလဲ? ဒီတိုင်းရွာပြန်ပြီး လယ်ထွန်စားလိုက်တော့"

"ကျွန်တော်တို့ တကယ်ကို ရွေးစရာမရှိဘူး။ အခု စုရှန်းကျင်းက Fan တွေအများကြီး ရှိနေပြီ။ ကျွန်တော်တို့က Social Media တွေမှာ မကောင်းတဲ့ မှတ်ချက်တွေ ပလူပျံနေအောင် လုပ်လို့မနိုင်တော့ဘူး။ ကျွန်တော်တို့ရဲ့ အကောင့်တော်တော်များများလည်း ဘလော့ခံနေရပြီ။ အရင်ကတော့ ကျွန်တော်တို့က လွယ်လွယ်လေး အကွက်ဆင်လို့ရပြီးတော့ ဒီလောကကနေထွက်သွားအောင် လုပ်လို့ရတယ်။ အခု ကျွန်တော်တို့ တကယ်လုပ်လို့မရတော့တာ"

"အဲဒါကြောင့် ငါက မင်းတို့ကောင်တွေက အမှိုက်တွေလို့ပြောတာလေ" ချင်ဖုန်း ဒေါသထွက်နေသည်။ "နောက်ထပ် ယွမ်တစ်သန်းထပ်ပေးမယ်။ သူ့မကောင်းတာတွေကို ဆက်ပြီး တူးဆွပြီး သူ့ကို အပြောခံရအောင် လုပ်။ သူ့ကို comeback ပြန်လာခွင့်မပေးနဲ့"

"မေ့လိုက်တော့ ကျွန်တော်တို့လူတွေအရေအတွက် အကန့်အသက်ရှိတယ်။ ကျွန်တော်တို့က သူ့ပရိတ်သတ်တွေနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ? အို ဟုတ်သား သူ့သမီးက ပရိတ်သတ်ပိုများသေးတယ်။ ဒီအချိန်လေးအတွင်းမှာ သူ့ Follower တွေက သန်းဂဏန်းလောက် တိုးလာတယ်။ အကုန်လုံးက သူ့သမီး ပရိတ်သတ်တွေကြီးပဲ။ ကျွန်တော့်ကိုပြော ဒီလောက်ကြီးတဲ့ Fanbase နဲ့ ဘယ်လို တိုက်ခိုက်လို့ရမလဲဆိုတာ"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now