အခန်း ၇၉- အချစ်လေး

2.8K 488 6
                                    

UNICODE

ကင်မရာသမားက အိမ်ကို ရိုက်ကူးနေစဉ်မှာ စုရှန်းကျင်းက သူတို့အတွက် ရေငှဲ့ပေးနေသည်။ "အားတော့နာပါတယ်။ ရေကလွဲပြီး သောက်စရာမရှိလို့လေ။ အေးဆေးနေကြပါဦး။ ကျွန်တော် ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲလိုက်ပါဦးမယ်။ ပြီးရင် ရိုက်ကူးရေးအတွက် ကျွန်တော် ပူးပေါင်းပေးပါ့မယ်"

ထိုလူတွေက တကယ်တော့ စုရှန်းကျင်းကို အထင်သေးကြသည်။ သို့ပေမယ့် သူက အရမ်းယဉ်ကျေးသည့်အတွက် သူတို့ရဲ့ အပြုအမူတွေလည်း နူးညံ့သွားသည်။

ရေချိုးပြီးနောက် စုရှန်းကျင်းက အဝတ်ဘီဒို ဖွင့်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက်မှာတော့ သူမဝတ်တာကြာပြီ ဖြစ်သည့် ရှပ်အင်္ကျီတစ်ထည်နှင့် ဘောင်းဘီရှည်တစ်ထည်ယူလိုက်သည်။

ပြီးခဲ့သည့်နှစ်တွေအတွင်းမှာ သူက စုတ်ပြတ်နေသည့်ဘဝမျိုးမှာပဲ နေသည်။ သူ့ဝတ်စားဆင်ယင်မှုကိုတောင် ဂရုမစိုက်ဖြစ်ပေ။ အထူးသဖြင့် နွေရာသီဆို စွပ်ကျယ်တစ်ထည် ဘောင်းဘီတိုနှင့် ခြေညှပ်ဖိနပ်သာ ဝတ်ဖြစ်သည်။

ရှပ်အင်္ကျီလိုမျိုးအဝတ်တွေကိုတော့ ဘီဒိုရဲ့ အောက်ခြေဘက်မှာပဲ ထည့်ထားဖြစ်သည်။

ထိုအဝတ်အစားတွေကို ထုတ်ပြီးနောက် စုရှန်းကျင်း အနည်းငယ် ခံစားသွားရသည်။ သူ့ရဲ့ နှလုံးသားထဲမှာ ရှုပ်ထွေးနေသည့် ခံစားချက်တွေ မြင့်တက်နေသည်။

ထိုအဝတ်အစားတွေလဲပြီးနောက် သူ့ဆံပင်ကို မှန်ရှေ့မှာ ပုံသွင်းလိုက်သည်။

မှန်ထဲက ထိုအမျိုးသားဟာ သပ်ရပ်ပြီး နက်မှောင်သည့်ဆံပင်တွေကလည်း အရင်ကလို ဗိုသီဗတ်သီ မဟုတ်တော့။ သူ့မျက်နှာကလည်း အမွှေးအမျှင်တစ်စက်တောင် မရှိဘဲ သန့်ရှင်းနေသည်။ အရင်က အဆီတဝင်းဝင်းနှင့် ရှုပ်ပွနေသည့် သွင်ပြင်က ပျောက်ကွယ်သွားသည်။ ရှပ်အင်္ကျီဝတ်ပြီးနောက် သူက စီးပွါးရေးထိပ်တန်းလူနှင့်တောင် တူနေသေးသည်။

ဒါက ၂၄နှစ်အရွယ်အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ရုပ်ရည်ပဲ။

သူ့ပုံရိပ်ကိုကြည့်ရင်း စုရှန်းကျင်း အတွေးထဲ နစ်မြုပ်နေသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now