အခန်း ၆၉

3K 478 3
                                    

UNICODE

တခြားတစ်ဖက်ကနေ သိပ်ပြီး မယဉ်ကျေးတဲ့အသံက ထွက်လာသည်။ "စုရှန်းကျင်း မဟုတ်လား? ရုပ်သံလွှင့်ရုံမှာ အစီအစဉ်တစ်ခု ရိုက်ဖို ရှိတယ်။ ခင်ဗျားလာနိုင်မလား?"

စုရှန်းကျင်း မှင်သက်သွားကာ ရှန်းကျီယန်ကို ကြည့်လိုက်သည်။
ဒီကလေးက တကယ်ပဲ ငါ့အတွက် အလုပ်တစ်ခု ရှာပေးခဲ့တယ်လား?

"ဘာအစီအစဉ်လဲ မသိဘူး"

"ပြင်ပရိုက်ကူးရေးအစီအစဉ်ပဲ။ ရိုက်ကူးရေးက မနက်ဖြန် နေ့ခင်း ၂နာရီမှာ စမယ်။ ခင်ဗျားလာချင်လား?"

Reality Show တွေအတွက် ဈေးကွက်ကကြီးသည်။ ထိုအစီအစဉ်တွေကို ကြည့်ရတာကြိုက်သည့် ပရိတ်သတ်အင်အားကလည်း များသည်။ စုရှန်းကျင်း သဘောတူလိုက်သည်။ "ကောင်းပြီ ကျွန်တော် အချိန်မှီလာခဲ့မယ်"

"ခင်ဗျား အစောကြီးလာစရာမလိုဘူး။ နာရီဝက်စောရောက်ရင်ရပြီ"

"ကောင်းပါပြီ" စုရှန်းကျင်းက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ တစ်စုံတစ်ယောက်က သူ့အား အစီအစဉ်ရိုက်ကူးရေးအတွက် ဖိတ်ကြားလာမယ်လို သူ မမျှော်လင့်ထားပေ။

သူဖုန်းချပြီးနောက် ရှန်းထင်းစစ်က မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ "အို ငါ့ဒုတိယအစ်ကိုက မင်းအတွက် အလုပ်တစ်ခု ရှာတွေ့တယ်ပေါ့လေ? မင်းဘယ်လိုထင်လဲ? မင်း အနုပညာလောကထဲ ထပ်ပြီး ပြန်ဝင်ဖို တကယ်စီစဉ်ထားပြီလား? မင်းအရင်ကပြောတော့ အဲ့နေရာက အရှုပ်ထုတ်ဆို"

"ငါ အနုပညာလောကထဲပြန်ဝင်ချင်တယ် ဒါပေမယ့် ငါ့ပန်းတိုင်က ငါ့သမီးလေးကို ပျိုးထောင်ဖို ပိုက်ဆံရှာဖိုပဲ။ ငါ့ရဲ့ အိပ်မက်ပန်းတိုင်လိုတော့ ခေါ်လိုမရဘူး။ အတိတ်မှာ ကျန်ခဲ့ပြီ။ ထိပ်တန်းအနုပညာရှင် ဖြစ်ဖို မလိုဘူး။ ကျိုလေးကို ကောင်းမွန်တဲ့ ဘဝပေးနိုင်ဖို ပိုက်ဆံလုံလုံလောက်လောက်ရှာနိုင်ရင် ရပြီ"

စုရှန်းကျင်းရဲ့ အကြည့်က စုကျိုဆီကျရောက်သွားပြီး ပိုပြီး နက်ရှိင်းကာ ခိုင်မာနေ၏။
အရင်က မာနကြီးပြီး အထက်စီးဆန်သည့် စုရှန်းကျင်းနှင့် အခု စုရှန်းကျင်းက မတူတော့တာကို ရှန်းထင်းစစ် ခံစားမိနေသည်။ အနုပညာလောကထဲက ထွက်ပြီး သနားစရာကောင်းကာ စုတ်ပြတ်သတ်နေသည့် နေထိုင်မှုက ပျောက်သွားပြီ။ အခု သူက တာဝန်ယူတတ်သည့် ဖခင်တစ်ယောက် ဖြစ်လာလေပြီ။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now