အခန်း ၁၂- အနာဂတ်မှာ ဖြစ်လာမယ့် သူတောင်းစား

4.4K 748 36
                                    

UNICODE

နောက်တစ်နေ့မနက်မှာတော့ စုရှန်းကျင်း အစောကြီးနိုးလာပြီး မနက်စာကို မြန်မြန်လုပ်လိုက်သည်။ သိပ်မကြာခင် ရှန်းထင်းစစ်က စုကျိုကို လာခေါ်မှာဖြစ်သောကြောင့် စုရှန်းကျင်းက သူမရဲ့ ဗိုက်လေးကို ပြည့်အောင် ဖြည့်ထားပေးချင်သည်။

နည်းနည်းကြာပြီးနောက် ရှန်းထင်းစစ်ရောက်လာသည်။ သူ့ပုံကြည့်ရသည်မှာ အလောသုံးဆယ်ဟန်ဖြစ်ပြီး စုကျိုအတွက် မုန့်တွေနှင့် အရုပ်တွေတောင် ဝယ်လာသည်။ ဒီအရာတွေက ကလေးတွေကို ချော့သည့်နေရာမှာ အသုံးဝင်ဆုံးအရာတွေဖြစ်သည်။ အထူးသဖြင့် သူက စုကျိုကို သူနဲ့အတူအိမ်ကို ခေါ်သွားချင်တဲ့အခါမျိုးမှာပေါ့... ဒီလို ဝှက်ဖဲမရှိလို့ မဖြစ်ဘူးလေနော်

ပြည်ပက ချောကလက်တွေ သကြားလုံးတွေနှင့် ဘာဘီအရုပ်တွေကို စုကျိုမြင်တော့ သူမလေးရဲ့ နှုတ်ခမ်းထောင့်က ထိန်းထားလို့မရအောင် တွန့်ကွေးသွားသည်။

ရှန်းထင်းစစ်က ဘာဘီအရုပ်ကြီးတစ်ရုပ်ကို ယူလိုက်ပြီး စုကျိုရှေ့မှာ လှုပ်ခါပြလိုက်သည်။

"ကလေးမလေး.... ဦးအိမ်မှာ ကစားဖို့ခေါ်သွားမယ်နော် ဟုတ်ပြီလား? ဦးရဲ့အိမ်က တကယ်ပျော်ဖို့ကောင်းတာနော်...သမီးမသွားရင် သမီးအရှုံးပဲ"

အရင်ရက်က သူမ သဘောတူထားပြီးသားမို့လို့ စုကျိုက ငြင်းဆန်ခြင်းမရှိပေ။ သူမက ခေါင်းငြိမ့်ကာ ပြောလိုက်၏။ "ဦးဦးအိမ်မှာ သမီးကစားချင်တယ်"

"ဒီရက်ပိုင်းတော့ မင်းကိုပဲ အပူကပ်ရတော့မယ်ကွာ" စုရှန်းကျင်းက ရှန်းထင်းစစ်၏ပုခုံးကို ပုတ်လိုက်၏။ စုကျိုကို သေချာကြည့်ရန် လျှောက်မပြေးခိုင်းရန် ကြိမ်ဖန်များစွာ သတိပေးပြီးမှ အိမ်ကနေထွက်သွားသည်။ ထွက်မသွားခင်မှာ စုကျိုကို မြတ်နိုးလွမ်းဆွတ်သည့်ပုံဖြင့် အကြိမ်ပေါင်းများစွာ ပြန်ပြန်လှည့်ကြည့်နေသည်။

သူထွက်သွားပြီးနောက်မှာတော့ ရှန်းထင်းစစ်က စုကျိုကို အိမ်ခေါ်သွားဖို့ မစောင့်နိုင်တော့ပေ။ သူမကိုချီပြီး ထွက်လာတော့သည်။ သူမလေးကိုသာ အိမ်ခေါ်သွားတဲ့အခါ သူ့မိသားစုက ဘယ်လောက်တောင် အံ့ဩသွားကြမလဲဆိုတာ တွေးကြည့်လို့တောင်ရသည။ သူမလေးကို သူတို့ သေချာပေါက် ချစ်ကြမှာ

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now