Chapter 140: ခင်ဗျားသမီးလည်းပဲ အရမ်းချစ်ဖို့ကောင်းတယ်

1.2K 185 1
                                    

UNICODE

အခုစကားပြောလိုက်တဲ့သူက စုရှန်းကျင်းရဲ့ ဘေးမှာ ထိုင်နေသည့် အသက်လတ်ပိုင်းယောကျာ်းတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးကြား လျှောက်လမ်းတစ်ခုသာ ခြားသည်။

စုရှန်းကျင်းက သူ့လက်မောင်းထဲ ပွေ့ချီထားသည့် စုကျိုဖြင့် ထိုင်ချလိုက်ထဲက သူတို့ရဲ့ Mask တွေကို ချွတ်လိုက်သည်။ ထိုထဲက ဤအမျိုးသားက သူတို့ကို အကြိမ်ကြိမ်ကြည့်နေမိသည်။ သူတို့နှစ်ယောက်က အရမ်းကို ကြည့်ကောင်းပြီး အနုပညာရှင်တွေလိုပဲလို့ တွေးမိသည်။

ဤသက်လတ်ပိုင်းအမျိုးသားက အသက် ၃၀ ဝန်းကျင်ခန့်ရှိပြီး Suit နှင့် Leather Shoes ကို စီးထားသည်။ သူ့ရုပ်ရည်ကလည်း ချောမောပြီး ညင်သာကာ ကိုယ်နှုတ်အမူအရာယဉ်ကျေးသည့်ပုံစံဖြင့် အောင်မြင်သည့် စီးပွါးရေးသမားတစ်ယောက်နှင့်တူသည်။ သူ့ဘေးတွင် ထိုင်နေတာက လေးနှစ် ငါးနှစ်အရွယ် ချစ်ဖို့ကောင်းသည့် ကလေးမလေးတစ်ယောက်ဖြစ်သည်။ သူမလေးလည်း စုကျိုနှင့် စုရှန်းကျင်းကို သိချင်စိတ်ဖြင့် ချောင်းကြည့်နေသည်။

ထိုကလေးမလေးက စုကျိုကို မြင်ချိန်မှာ ရှက်သွားဟန်ဖြင့် ပြုံးပြလိုက်သည်။ သူမရဲ့ မျက်ဝန်းကြီးကြီးက ကြည်လင်ပြီး တောက်ပနေ၏။

"ကျေးဇူးပါ" စုရှန်းကျင်းက ထိုလူကို ကြည့်လိုက်သည်။ "ခင်ဗျားသမီးလည်း အရမ်းချစ်ဖို့ကောင်းတာပဲ"

စုကျိုက သူတို့နှစ်ဦးကို ဦးအောင် ချိုမြိန်သည့်အသံဖြင့် နှုတ်ဆက်လိုက်သည်။ "ဟယ်လို"

သက်လတ်ပိုင်းအမျိုးသားက ပြုံးလိုက်သည်။ "ဟယ်လို သမီးနဲ့ သမီးဖေဖေက ခရီးထွက်လာတာလား?"

"ဟုတ်ကဲ့"

"တိုက်ဆိုင်လိုက်တာ ဦးလေးလည်း ဦးလေးသမီးနဲ့ ခရီးထွက်လာတာ။ သမီးတို့ ကလေးမလေးနှစ်ယောက် သိအောင် လုပ်ကြပါလား?"

စုကျိုက ထိုကလေးမလေးကို ကြည့်ကာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ "ညီမလေးနာမည်က စုကျိုပါ။ လေးနှစ်ရှိပြီ။ မမကရော?"

ပန်းရောင်ဂါဝန်ဝတ်ဆင်ထားပြီး သရဖူပုံစံကလစ်လေးပန်ထားသည့် ကလေးမလေးက မင်းသမီးငယ်လေးတစ်ပါးလိုချစ်ဖို့ကောင်းသည်။ စုကျိုက မကြောက်တာကို မြင်တော့ သူမရဲ့ရှက်ရွံ့မှုကလည်း ပျောက်သွားကာ ပြန်ဖြေလာသည်။ "ငါ့နာမည်က စုန့်ရှင်းယန် ငါးနှစ်ရှိပြီ။ တွေ့ရတာ ဝမ်းသာပါတယ်"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now