အခန်း ၁၀၃: ကလေးတစ်ယောက်သာ ရွေးချယ်မှုတစ်ခု လုပ်နိုင်မည်

2.1K 328 1
                                    

UNICODE


ဘယ်သူ့အိမ်မှာ ညစာစားမလဲဆိုသည့် ရွေးချယ်မှုက စုကျိုလက်ထဲမှာရှိနေသည်။

သူတို့ရဲ့ကမ်းလှမ်းချက်ကို စုကျို မငြင်းပယ်ချင်ပေ။ ပြီးတော့ သူမအိမ်ရဲ့ မီးဖိုချောင်မှာက ရွံ့မီးဖိုပဲရှိသည်။ သူမနှင့် သူမပါးပါးသာ မီးမွှေးဖို့ ချက်ရမယ်ဆိုရင်တော့ လွယ်ကူမည်မဟုတ်ပေ။ တခြားသူတွေဆီမှာ သူမတို့ ကုန်းဆင်းရတာ ကောင်းသည်။

သူမမျက်နှာမှာ ခက်ခဲနေသည့် အမူအရာဖြင့် ခဏလောက် စဉ်းစားနေသည်။

ကောင်လေးနှစ်ယောက်ကလည်း မျှော်လင့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောထွေးနေသည့်အကြည့်ဖြင့် ကြည့်လာသည်။ သူမက အရေးကြီးဆုံးဖြတ်ချက်ချမှာကို စောင့်နေသည့်ပုံဖြစ်နေကြသည်။

ဤကဲ့သို့အခြေအနေမှာ ရှောင်းယန်းနှင့် ဟန်ရှောင်းတောင် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
ကလေးမလေးရဲ့ မျက်နှာသာပေးမှုကို ခံရသည့်သူက အရမ်းကို ဩဇာတက္ကိမနှင့် ပြည့်စုံသည့်သူဖြစ်လာ လိမ့်မည်။ သူမက ချစ်ဖို့ကောင်းစွာ မေးလာသည်။ "သမီးက ဦးဦးရှောင်းအိမ်မှာ နေ့လည်စာစားပြီး ဦးဦးဟန်ရဲ့အိမ်မှာ ညစာစားလို့ရမလားဟင်?"

သူမရဲ့ အဖြေက ထိုအမျိုးသားနှစ်ဦးကို အံ့အားသင့်သွားစေသည်။ သူတို့ မနေနိုင်တော့ဘဲ ကျိုလေးရဲ့ထက်မြက်မှုကို အံ့အားသင့်စွာ ပြောကြတော့သည်။

သူမလေးက ထမင်းစားနိုင်ဖို့ စီမံနိုင်ရုံတင်မက ဘယ်သူ့ကိုမှ အပြစ်မပြုမိအောင် လုပ်နိုင်သွားသည်။ သူမက လူတိုင်းရဲ့ခံစားချက်ကို ထည့်တွက်ပေးသည်။

ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်တဲ့ ကလေးမလဲ

ရှောင်းယန်းက သူမရဲ့တောင်းဆိုမှုကို ချက်ချင်းသဘောတူလိုက်သည်။ "ကောင်းပြီ အဲ့လိုလုပ်ကြရအောင်... ကျိုလေး ပြီးကျရင် ဦးဦး အိမ်မှာ နေ့လည်စာစားဖို့ အမှတ်ရနော်။ သမီးလာရမယ်နော်။ မဟုတ်ရင် ဦးဦးက စိတ်ဆိုးမှာ"

ဟန်ရှောင်းလည်း ပြောလာသည်။ "ကျိုလေး ညကျရင် ညစာအတွက် ဦးဦးအိမ်ကို သမီးလာရမယ်နော်။ မဟုတ်ရင် ဦးဦးက သမီးပါးပါးနဲ့ ရှင်းမှာ။ နားလည်တယ်နော်?"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now