Chapter 116: ပါးပါးရဲ့ကံကောင်းစေတဲ့ ကလေးလေး

2.4K 369 4
                                    

UNICODE

ဓာတ်ပုံက အရမ်းကို လှပပြီး နွေးထွေးကာ လူတွေရဲ့ အသည်းနှလုံးကို ချက်ချင်းသိမ်းပိုက်သွားသည်။

"ဒါရိုက်တာယန်း ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးကို ဘယ်လိုရှာထားတာလဲ? ရှင့်မျက်လုံးက အရမ်းကောင်းတာပဲ"

"ကျိုလေးက ငါ့စိတ်ကူးထဲ သမီးလေးလိုပဲ"

"ငါ ဘာမှ မပြောတော့ဘူး။ အစီအစဉ်ကိုပဲ ငါးခါမက ပြန်ကြည့်တော့မယ်"

"ငါ ပြင်းပြင်းထန်ထန်ထောက်ခံပါတယ်။ တကယ်တကယ်ကို ကြည့်လို့ကောင်းတယ်။ အစီအစဉ်က အရမ်းလည်းရယ်ရသလို ငိုလည်း ငိုရတယ်။ မကောင်းဘူးလို့ထင်ရင် ငါ့ကို သဘောရှိ လာရိုက်လိုက်"

***

လီယန်းက မှတ်ချက်တွေ ဖတ်ချိန်မှာတော့ သူနှာမှုတ်တော့သည်။ အကောင်းမကြိုက်တတ်တဲ့ ပရိတ်သတ်တွေ။
ယန်ဖန်ပင်းက ဒီလိုပျင်းစရာကောင်းတဲ့အစီအစဉ်နဲ့များ သူပြန်လာနိုင်မယ်လို့ တကယ်ထင်နေတာလား? ဖြစ်နိုင်မယ်တဲ့လား?

အစထဲက သူက ငါကို မယှဉ်နိုင်ခဲ့တာ အခုမှ အမှီလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး

သို့သော်ငြားလည်း လီယန်းရဲ့မျှော်လင့်ချက်တွေက သစ္စာဖောက်သွားသည်။ အစီအစဉ်နှစ်ခု ထုတ်လွှင့်ပြီး သုံးရက်အကြာမှာပဲ ကစားပွဲက အလှည့်အပြောင်းဖြစ်သွားသည်။

"ဒယ်ဒီ သွားရအောင်" ၏ ကြည့်ရှုနှုန်းက မြင့်တက်နေပြီး "ရှင်လုပ်နိုင်ပါတယ် မိတ်ဖက်ရေ" ၏ ကြည့်ရှုနှုန်းက နှေးသွားသည်။ ထို့အပြင် ရှာဖွေမှုဇယားကိုလည်း "ဒယ်ဒီ သွားရအောင်" က အပိုင်စီးထားသည်။ ရှာဖွေမှုဇယားက တစ်ခုကျသွားရင် နောက်တစ်ခုက ချက်ချင်း မြင့်တက်လာသည်။

ဒီအဓိပ္ပါယ်က "ဒယ်ဒီ သွားရအောင်" က တကယ်ကို နာမည်ကြီးလာတာဖြစ်သည်။

ရုပ်သံလွှင့်ရုံရဲ့ ဒါရိုက်တာ (အုပ်ချုပ်သည့်ဒါရိုက်တာ)က ယန်ဖန်ပင်းကို သူ့ရုံးခန်းထဲ ဆင့်ခေါ်ကာ နာမည်ကြီး အစီအစဉ်ဖန်တီးမှုအတွက် သူ့ကို ချီးကျူးတော့သည်။

လီယန်းရဲ့ စိတ်တိုနေတဲ့ရုပ်ကို ယန်ဖန်ပင်းမြင်ချိန်မှာတော့ သူ့နှလုံးသားထဲတွင် အပျော်တွေဖြင့် ပြည့်သွားသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now