အခန်း ၁၃ - ဗီလိန် - ၂

4.7K 693 8
                                    

သူက..... ဝတ္ထုထဲက ဗီလိန်...ဒုတိယ အမျိုးသားဇာတ်လိုက်....

အဓိက အမျိုးသမီးဇာတ်လိုက်က ဒုတိယအမျိုးသားဇာတ်လိုက်ရဲ့ ငယ်ချစ်ဖြစ်ခဲ့သည်။ ဒါပေမယ့် သူမက ချမ်းသာတဲ့ အဓိကအမျိုးသားဇာတ်လိုက်နဲ့ ချစ်ကျွမ်းဝင်သွားသည်။ ဒုတိယဇာတ်လိုက်က သူဘဝမှာ အချစ်ဆုံးရှုံးသွားထဲက သူရဲ့ အမှောင်ဘက်အခြမ်းတွေက သောင်းကြမ်းလာတော့သည်။ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကြားထဲ အမျိုးမျိုးဝင်ရှုပ်ပြီး ရှင်းမရတဲ့ အခြေအနေတွေကို ဖန်တီးပစ်သည်။ နောက်ဆုံးမှာတော့ စာရေးဆရာက ဒုတိယဇာတ်လိုက်ကို ကိုယ့်ကိုကိုယ်သတ်သေတဲ့ပုံစံနဲ့ သတ်ပစ်လိုက်သည်။
ဝတ္ထုကို စုကျိုဖတ်တုန်းက တော်တော်ကြီးကို ဒေါသထွက်ရသည်။ ဒုတိယဇာတ်လိုက်ရဲ့ဘဝကို ဒီလိုလုပ်ရလောက်တဲ့အထိ စာရေးဆရာက ဒုတိယဇာတ်လိုက်ကို မုန်းနေတာလား

သူက အမေတစ်ခုသားတစ်ခုနေရသည့် တရားမဝင်ကလေးတစ်ယောက်ဖြစ်သည်။ ခက်ခဲသည့် ဘဝကို ဖြတ်သန်းရပြီး အများကြီး ခံစားခဲ့ရသည်။ သူ့အမေကလည်း နေမကောင်းတဲ့သူမို့လို့ သားလုပ်သူကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ပေ.. အဲဒါကြောင့် ငယ်ရွယ်တဲ့အချိန်ထဲက ပုခုံးပေါ်မှာ ဝန်ထုတ်ဝန်ပိုးကြီး ထမ်းထားရသည်။

သူ့အမေ နေပြန်ကောင်းတဲ့အချိန်မှာ အလုပ်လုပ်ပြီး သူ့ကို ပံ့ပိုးခဲ့သည်။ ဒါပေမယ့် တစ်စုံတစ်ယောက်ကြောင့် သူမ အလုပ်ဆုံးရှုံးခဲ့ရသည်။ အဲဒါကပဲ ခန္ဓာကိုယ်ရောင်းစားရတဲ့အခြေအနေကိုရောက်ပြီး လူပုံအလယ်အရှက်ခွဲခံရတဲ့အထိတောင်ဖြစ်ခဲ့သည်။
အဲဒါတွေကြောင့် ဒုတိယဇာတ်လိုက်က လူတွေရဲ့အကြည့်အောက်မှာ ကြီးပြင်းလာခဲ့ရသည်။ နောက်မှာတော့ မတော်တဆမှုဖြစ်ခဲ့ပြီး မသန်စွမ်းဖြစ်သွားသည်။ သူနိုးလာတော့ သူအောက်ပိုင်းသေသွားပြီဖြစ်သည်။ မတ်တပ်ရပ်နိုင်ခွင့်မရှိတော့ပေ...

အဆုံးသတ်မှာတော့ အမှောင်တွေနဲ့သာ ပြည့်နှက်နေသည့် သူ့ဘဝကို အလင်းရောင်ပေးခဲ့သည့် အမျိုးသမီးဇာတ်လိုက်မကို ဆုံးရှုံးလိုက်ရသည်။  သူ့မျှော်လင့်ချက်တွေ အလုံးစုံ ပျက်သုဉ်းခဲ့ရသည်။
စာရေးဆရာမက သူ့ကို လမ်းဆိုးဘက်ကို ရွေးချယ်ခိုင်းရုံတင်မက ရက်စက်တဲ့ ဗီလိန်ဖြစ်လာအောင်ပါ ရေးခဲ့တဲ့အပြင် အဆုံးသတ်မှာတောင် သတ်ပစ်လိုက်သေးသည်။ ဘာလို့အဲ့လောက်တောင် မုန်းနေရတာလဲ?

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now