Chapter 120: ဗီလိန်လေးကို ကာကွယ်မယ်

2.5K 352 14
                                    

UNICODE

ရုန်စစ်က ခေါင်းညိတ်ပြလိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် စုကျိုက သူမတိုက်ခန်းအသစ်သို့ သွားနေသည့် ကားပေါ်တွင် ထိုင်ရင်း အစောပိုင်းက ဖြစ်ခဲ့တာက အိပ်မက်ဆန်သလိုပဲ ရုတ်တရက် ခံစားလိုက်ရသည်။ ငါက ဗီလိန်လေးနဲ့ အိမ်နီးချင်းဖြစ်တော့မှာပဲ...

သူမ နောက်ဆက်တွဲလုပ်ရသည့်ဤအလုပ်က စုန့်ဝမ်ချွေကို ထိုအလုပ် မလုပ်အောင် ကာကွယ်ရန်ဖြစ်သည်။ ပြီးတော့ ဗီလိန်လေးကိုလည်း အောင်အောင်မြင်မြင် ကျောင်းအပ်ခွင့်ရစေချင်သည်။

ဝတ္ထုထဲတွင် ဗီလိန်လေးက IQ မြင့်ပြီး ဓာတ်ပုံမှတ်ဉာဏ်ရှိသည့် ဉာဏ်ကြီးရှင်အဖြစ် ဖော်ပြထားသည်။ သူငယ်စဉ်ချိန်မှာ ကျောင်းမတတ်ရသော်လည်း ဘာမှ ကွာခြားသွားမျိုးမရှိဘဲ တခြားကျောင်းသားတွေကို သူကျော်ဖြတ်နိုင်သည်။

သူ့အသက် ၁၆ရှိချိန်မှာတော့ သူက ပြည်ပထိပ်တန်းတက္ကသိုလ်သို့ ပညာတော်သင်ဆုအပြည့်ဖြင့် ဝင်ရောက်ခွင့်ရခဲ့သည်။ နှစ်အနည်းငယ်ကြာပြီး သူပြန်ရောက်လာသည်။ ပြီးနောက်မှာတော့ သူက ဘီလီယံပေါင်းသန်းချီသည့် ပိုင်ဆိုင်မှုနှင့် အာဏာအပြည့် ထိပ်တန်းဗီလိန်ဖြစ်လာသည်။ ဇာတ်လိုက်ကို ဖိနှိပ်သည့် ခရီးစဉ်ဖြင့် စတင်ခဲ့ပြီး ထိုခရီးစဉ်က သူ့ရဲ့သေဆုံးခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

ဒီလိုမဖြစ်ရဘူး။ သူ့အတွက် ငါ့ရှင်သန်မှုအတွက် ငါက ဒီဗီလိန်လေးကို ကာကွယ်မယ်။

***

ရှန်းထင်းစစ်က သူ့စကားကိုတည်သည်။ ရုန်စစ်အတွက် အိမ်ငှါးပေးခဲ့သည်။ စုရှန်းကျင်းရဲ့ တိုက်ခန်းနှင့် မျက်နှာချင်းဆိုင်အခန်းက ငှါးဖို့အတွက် လစ်လပ်နေသောကြောင့် ရှန်းထင်းစစ်က လုပ်ငန်းစဉ်တွေကို လျင်မြန်စွာ လုပ်နိုင်ခဲ့သည်။ ရုန်စစ်က အချိန်မရွေးပြောင်းလာနိုင်သည်။
စုန့်ဝမ်ချွေက အခုလက်ရှိ သူမရဲ့ဝင်ငွေနှုန်းဖြင့် ဒီလိုသန့်ရှင်းပြီး တောက်ပသည့်တိုက်ခန်းမှာ နေခွင့်ရမယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ပေ။

အဲ့ကလေးမလေးကို ကျေးဇူးတင်ရမယ်။ မထင်ထားစွာနဲ့ ကလေးငယ်ငယ်လေးက ငါနဲ့ အားစစ်ကို အရမ်းကူညီပေးခဲ့တယ်။ သူမနှင့် တွေ့ဆုံခွင့်ရတာက ကောင်းချီးတစ်ခုပင်။
ရုန်စစ်အိမ်ထဲဝင်ချိန်မှာတော့ နံရံပေါ်တွင်ချိတ်ထားသည့် LCD TV ကို မြင်လိုက်တော့ ရုတ်တရက် အရမ်းပျော်သွားသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now