Chapter 134: ကျိုလေးအတွက် ရေခဲသေတ္တာဝယ်မယ်

2K 260 9
                                    

UNICODE

စုရှန်းကျင်းက သူမကို ကူပြီး ရေခဲမုန့်ကို ဖွင့်ပေးလိုက်သည်။ ရေခဲမုန့်က အနည်းငယ်တောင် အရည်ပျော်နေပြီဖြစ်သည်။ ထို့အတွက်ကြောင့် သူက လျင်မြန်စွာဖြင့် စုကျိုကို ကမ်းပေးလိုက်သည်။ "အချစ်လေး မြန်မြန်စားလိုက် မဟုတ်ရင် အရည်ပျော်သွားလိမ့်မယ်"

စုကျို တစ်ကိုက် ကိုက်ပြီးနောက် သူက လျင်မြန်စွာ မေးလာသည်။ "ချိုလား?"

စုကျိုက သူမနှုတ်ခမ်းကို သပ်လိုက်ပြီး သူ့ကို ရယ်ပြလိုက်သည်။ "အရမ်းချိုတယ်"

စုရှန်းကျင်းလည်း ပြုံးသွားသည်။ သူက တံခါးနားကို ထိုင်ခုံအသေးလေး ယူလာပြီး ထိုင်ကာ သူ့ပေါင်ပေါ်တွင် စုကျိုကို တင်ထားသည်။

လရောင်အောက်မှာ သူက ခေါင်းငုံ့ပြီး ရေခဲမုန့်စားနေသည့် စုကျိုကို ကြည့်နေသည်။ သူ့အကြည့်ထဲမှာ ချစ်မြတ်နိုးမှုတွေ အပြည့်ဖြစ်နေပြီး သူ့ဘဝတစ်လျှောက်လုံး သူမလေးကို ဒီလိုမျိုး ကြည့်နိုင်သကဲ့သို့ ဖြစ်နေသည်။

နောက်ခံတီးလုံးနှင့် အစီအစဉ်၏ စာတန်းကလည်း ရင်ကို ထိရှစေသည်။ "အချစ်လေး ပါးပါးက သမီးလေး ဖြည်းဖြည်းချင်းကြီးလာဖို့ပဲ မျှော်လင့်တယ်။ နည်းနည်းနှေးနှေးလေးနဲ့ပေါ့"

"အဲ့လိုနည်းနဲ့မှပဲ ပါးပါးက သမီးကို ရေခဲမုန့် ဝယ်ကျွေးနိုင်ပြီး ပါးပါးလက်မောင်းထဲ သမီး ကြာကြာလေး နေနိုင်မှာလေ"

မျှော်လင့်ထားသည့်အတိုင်း ပရိတ်သတ်တွေက ထပ်ဖန်တစ်ခါ ရင်ထဲ ထိသွားကြသည်။

***

ညအိပ်ချိန်ရောက်ချိန်မှာတော့ စုရှန်းကျင်းက စုကျို သွားတိုက်ပြီး ခြေလက်ဆေးဖို့အတွက် ရေယူတော့သည်။ အဲ့အခါကျမှပဲ စုကျိုက သူ့လက်ရှိ ဒဏ်ရာတွေကို သတိထားမိသွားသည်။

ပွန်းပဲ့ဒဏ်ရာဆိုတာ အသိသာကြီးလေ။ စက်ဘီးပေါ်ကနေ ပြုတ်ကျထားတာများလား?

စုကျိုက စိုးရိမ်တကြီး မေးလာသည်။ "ပါးပါး နာလားဟင်"

စုရှန်းကျင်းက အလိုလိုပင် သူ့လက်ကို နောက်ကျောသို့ဖွက်ပြီး သူမခေါင်းလေးကို ကျန်လက်တစ်ဖက်ဖြင့် ပွတ်လိုက်သည်။ "မနာပါဘူး"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now