အခန်း ၅၁

4K 721 25
                                    

Translator - YaYa

UNICODE

"နှစ်သောင်း?" ရှန်းထင်းစစ် အံ့သြသွားသည်။

ရုန်စစ်သည် ရှန်းထင်းစစ်က ငွေပမာဏ
အလွန်မြင့်မားသည်ဟု တွေးမိသွားတာဖြစ်နိုင်တယ်လို့ သူထင်မိသွားသည်။ ဒါပေမယ့်လည်း သူ မအံ့သြခဲ့ပေ။ အရင်တုန်းက ပိုက်ဆံချေးဖို့တစ်အိမ်တက်တစ်အိမ်ဆင်းသွားတိုင်း ငွေအရမ်းများတယ်ဆိုပြီး ဘယ်သူမှ ချေးဖို့ ဆန္ဒမရှိခဲ့ကြဘူး။

ရှန်းထင်းစစ်ကတော့ ဆေးကုသငွေက ယွမ် တစ်သိန်းလောက်တော့ ရှိမယ် လို့ သူအနည်းဆုံး
ထင်ခဲ့မိသည်။ ယွမ်နှစ်သောင်းဆိုတဲ့ ပမာဏကတော့ သူမျှော်လင့်ထားတာထက်ကို ကျော်လွန်သွားခဲ့သည်။

ဤငွေပမာဏသည် သူ့အတွက် ဘာမှမဟုတ်ပေ။ သူ့ရဲ့လစဉ် မုန့်ဖိုးက ဒီထပ် ဆယ်ဆကျော်သည်။ သူ့အနေနဲ့ ဒီကလေးငယ်သည် ဤမျှသာသောငွေ
ပမာဏအတွက်သာ အမှိုက်ကောက်ပြီး အခြားသူများ၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံနိုင်ရည်ရှိခဲ့ရသည်ဆိုတာကပဲ ယုံဖို့ခက်ခဲနေသည်။

ရုန်စစ်က မေးဖို့ ကြိုးစားတယ်။ "ဦးလေး၊ ကျွန်တော့်ကို ငွေချေးပေးနိုင်မလား? ကျွန်တော်ဦးလေးကို သေချာပေါက် ပြန်ပေးပါ့မယ်။"

ရှန်းထင်းစစ်သည် သူ့ရှေ့မှကလေး၏မျက်လုံးထဲမှ ဆုံးဖြတ်ချက်ကို မြင်နိုင်သည်။ သူ့စကား၏ မှန်ကန်မှုကို သံသယဖြစ်ရန် မဖြစ်နိုင်ပေ။

"ဒါပေါ့။"

ရှန်းထင်းစစ်က သဘောတူလိုက်သောအခါ စုကျို သည် ဗီလိန်ကောင်ငယ်လေး၏ အနက်ရောင်မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်ကိုတွေ့လိုက်ရသည်။ ထို့နောက် သူမက ရှန်းထင်းစစ်အား "ဦးဦး၊အခု ပါးပါးကို လိုက်မမှီနိုင်တော့ဘူးဆိုတော့ဒီအစ်ကိုကြီးကို ဘာလို့ မကူညီပြီး သူ့အမေကို ဆေးရုံလိုက် မပို့ရမှာလဲဟင်?"

ရှန်းထင်းစစ်ရဲ့တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ရှန်းကျီယန်က ထိုအကြံပြုချက်ကို ဒေါသတကြီး ငြင်းဆိုလာသည်။ “မလိုဘူး! သူ့ကို ပိုက်ဆံပေးလိုက်
ရင်ရပြီ။ဘာလို့ ဆေးရုံပို့ပေးရဦးမှာလဲ။"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now