Chapter 153: မင်း သမီးလေးအတွက် အစေခံဖြစ်လာတာပဲ

769 127 1
                                    

UNICODE

စုန့်ဝမ်ချွေ၏ ကြင်နာမှုကို ခဏခဏငြင်းပယ်နေတာ မသင့်တော်သည့်အတွက် စုကျိုက မျက်တောင်ခတ်ရင်းမေးလာသည်။ "သမီး အစ်ကိုကြီးနဲ့တူတူစားလို့ရလားဟင်?"

"ရတာပေါ့" စုန့်ဝမ်ချွေက သူမခေါင်းလေးကို ပုတ်ပေးလိုက်သည်။ "အန်တီ ဇွန်းယူပေးမယ်နော်"

ကလေးတွေကို ဇွန်းပေးပြီးနောက် စုန့်ဝမ်ချွေက မီးဖိုချောင်ထဲအလုပ်များနေတော့သည်။ စုကျိုနှင့် ရုန်စစ်တို့ တူတူ ကိတ်စားနေသည့် နွေးထွေးသည့်မြင်ကွင်းကို သူမမြင်ချိန်မှာ မနေနိုင်ဘဲ ပြုံးမိတော့သည်။

ကလေးတွေ စားလို့ ပြီးလောက်မည့်အချိန်မှာ စုရှန်းကျင်းက စုကျိုကို လာကြည့်တော့သည်။ စုကျို ပါးစပ်နားတစ်ဝိုက်က ခရင်မ်တွေကို မြင်ချိန်မှာတော့ သူ ကျွတ်စုတ်လိုက်သည်။ "သမီး ဘာလို့များ ပြန်မလာသေးတာလဲဆိုပြီး ပါးပါးကတွေးနေတာ။ လက်စသတ်တော့ ဒီမှာ တိတ်တိတ်လေး ကိတ်မုန့်လာစားနေတာကိုး?"

"သမီးတိတ်တိတ်လေးစားနေတာမဟုတ်ဘူး။ ပါးပါးအတွက် သမီးချန်ထားပေးတယ်။ ဒီမှာကြည့်" စုကျိုက ပန်းကန်ပေါ်က ကိတ်မုန့်နှစ်ခုကို လက်ညိုးထိုးပြလိုက်သည်။ "တစ်ခုက ပါးပါးအတွက် နောက်တစ်ခုက အန်တီအတွက်"

အံ့အားသင့်စွာနှင့်ပင် စုကျိုက သူမအတွက် ကိတ်ဖယ်ပေးထားတာကို သိရတော့ စုန့်ဝမ်ချွေ ပြုံးမိသွားသည်။

သမီးတွေက အရမ်း သိတတ်တာပဲ။ အထူးသဖြင့် စုကျိုလို ချစ်ဖို့ကောင်းတဲ့ ကလေးမလေးဆိုရင်ပေါ့

"တကယ်လား? အနည်းဆုံးတော့ သမီးဆီမှာ အသိစိတ်လေးနည်းနည်းတော့ရှိသား" စုရှန်းကျင်းက ကလေးမလေးရဲ့ နှာခေါင်းကို တောက်လိုက်ပြီး သူ့လက်ကိုဆန့်ကာ သူမလေးအား ချီလိုက်သည်။ "ဒါပေမယ့် ပါးပါးက အချိုမကြိုက်ဘူး။ သမီးအန်တီနဲ့ ရုန်စစ်ပဲ စားပါစေ"

"ပါးပါးက အချိုစားရတာ မကြိုက်ဘူးလား? ဒါဆို နောက်ကျရင် ပါးပါးဝယ်သမျှ အချိုတွေအကုန် သမီးပဲ စားရတော့မယ်"

စုရှန်းကျင်းက ရယ်လိုက်သည်။ "သမီးက သကြားတွေအများကြီးစားလို့မရဘူး။ သွားလေးတွေကို ဂရုစိုက်ရမယ်။ သွားတွေနာလာတဲ့အခါကျ သမီး ငိုရလိမ့်မယ်"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now