အခန်း ၁၅ - ဝန်ထုတ်ဝန်ပိုးလေး - ၁

4.8K 763 16
                                    

စာအုပ်ကောင်းလေးထဲမှာ သူ့ကိုထည့်ထားဖို့အရေး စုကျိုက သူမလေးရဲ့ခြေထောက်တိုတိုလေးတွေဖြင့် ပြေးထွက်လာသည်။ ပြီးတော့ ခေါင်းမော့ကာ ထိုသူကိုကြည့်လိုက်သည်။

"ဦးဦးက ဘယ်သူလဲဟင် အရမ်းခန့်တာပဲ"

"!!!" ရှန်းထင်းစစ်က သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသည့် ကလေးမလေးကို ကြည့်ပြီး ကြောင်အနေသည်။

စုရှန်းကျင်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။ "ဘာတွေလဲ... အစ်ကို သုံး ဒီကလေးက ဘယ်သူလဲ.... မင်းရဲ့ ကာလကြာရှည်ပျောက်နေတဲ့ သမီးလို့တော့လာမပြောနဲ့နော်"

စုမိသားစုရဲ့ တတိယမြောက် ကလေးဖြစ်သည့် စုရှန်းကျင်းကို ရှန်းထင်းစစ်က အစ်ကိုသုံးလို့ ခေါ်လေ့ရှိသည်။

သူ့သမီးလေးက ရှန်းထင်းစစ်ကို ချောတယ်လို့ ချီးကျူးတာကို ကြားလိုက်ရတဲ့ စုရှန်းကျင်းခမျာ မနာလိုဖြစ်နေသည်။ စုကျိုကို သူ့နားပြန်ဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်။ "မင်းမှန်တယ် ငါ့သမီးပဲ"

ရှန်းထင်းစစ်ခမျာ အံ့ဩလွန်းလို့ မေးစေ့ပါ အောက်ပြုတ်ကျမတတ်ဖြစ်သွားသည်။ "မဖြစ်နိုင်တာ အစ်ကိုသုံးကလဲ... ဘယ်လိုလုပ်ပြီး သမီးတစ်ယောက်ရှိနေရတာလဲ... မင်း အရှက်မဲ့တာ တစ်ခုခုများလုပ်ခဲ့သေးလား? သူမအမေက ဘယ်သူလဲ"

"ငါလည်းမသိဘူး... ဒီကလေးမက သူမဘာသာ ငါ့ကို လာရှာတာ" စုရှန်းကျင်းကပြောလိုက်ရင်း စုကျိုကို ထမင်းစားပွဲဆီသို့ ပြန်ချီသွားသည်။ ပြီးနောက် သူမလေးအတွက် စွပ်ပြုတ်တစ်ခွက် ထပ်ဖြည့်ပေးလိုက်သည်။ သူမအမူအရာကိုကြည့်လိုက်တော့ ပုံမှန်အတိုင်းဖြစ်နေပြီး ခုနက ဖြစ်ရပ်အတွက် ထိတ်လန့်နေပုံမပေါ်လို့ စိတ်သက်သာရာရသွားသည်။

စုကျိုက ရှော့ခ်ရနေတဲ့ ရှန်းထင်းစစ်ကို ကြည့်လိုက်ပြီး ချစ်ဖို့ကောင်းတဲ့ အပြုံးလေးပြုံးပြလိုက်သည်။ သူမကချစ်ဖို့ကောင်းစွာပြောလိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ် ဦးဦး သမီးကစုကျိုပါ...လေးနှစ်ပြည့်တော့မယ်... သမီးကို ရှေ့လျှောက်ဂရုစိုက်ပေးပါဦးနော်"

သူမရဲ့ချစ်ဖို့ကောင်းသည့်အသံကို မည်သူမျှ မလွန်ဆန်နိုင်ပေ... ရှန်းထင်းစစ်ခမျာ သူမလေးရဲ့ချစ်ဖို့ကောင်းမှုနဲ့ ဆွဲဆောင်တာခံလိုက်ရပြီး စုရှန်းကျင်းကို မနာလိုဖြစ်တဲ့စိတ်လေးတောင်ပေါ်လာသည်။ "အစ်ကိုသုံး ဘယ်လောက်အံ့ဩဖို့ကောင်းလဲ.... မင်းက ဘယ်နေရာမှာမှ အသုံးမကျပေမယ့် မင်း သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ အရမ်းပဲ"
(T/N: ဆော်တယ်ဟ)

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now