Chapter 151: သူမမှာ အစ်ကိုကြီး ဘယ်နှစ်ယောက်တောင်ရှိတာလဲ?

744 127 1
                                    

UNICODE

ဤအရာကို သူမတွေးမိတော့ စုကျိုရဲ့ နှလုံးသားနာကျင်မိသည်။

သူမနှလုံးသားထဲက အခုလက်ရှိ ခံစားချက်က သူမပရိတ်သတ်တွေ သူမကို သနားသည့်ခံစားချက်နှင့် တူသည်။

သူမကားက ရှေ့ကိုပဲသွားနေသလို ဗီလိန်လေးရဲ့ပုံရိပ်လည်း တဖြည်းဖြည်းသေးငယ်သွားသည်။ သူက မတ်တပ်ရပ်နေပြီး စုကျိုရဲ့ကား သူ့မြင်ကွင်းကနေ လုံးဝပျောက်ကွယ်သွားသည်အထိ စောင့်နေသည်။ အဲဒါပြီးမှသာ သူ့ကျောင်းကို ပြန်လျှောက်လာတာဖြစ်သည်။

သူ့ကျောင်းဝန်းထဲ ပြန်ရောက်လာပြီးနောက် ကစားကွင်းထဲ ထိုင်ပြီး မူလတန်းကျောင်းသား အုပ်စုတွေ ဘောလုံးကစားနေတာကို သူကြည့်နေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူ့ဖုန်းမြည်လာသည်။ စုန့်ဝမ်ချွေခေါ်တာဖြစ်သည်။ "အားစစ် မား ကျောင်းဂိတ်ကိုရောက်ပြီ။ သားထွက်လာလို့ရပြီ"

ရုန်စစ်က ပြန်ဖြေပြီး ထွက်လာသည်။

စုန့်ဝမ်ချွေက သူမသားကို မြင်ချိန်မှာတော့ သူမက အလျင်အမြန်လျှောက်လာပြီး ထိုင်ချကာ သူ့ကို ဖက်လိုက်ရင်း တောင်းပန်လိုက်သည်။ "မားတောင်းပန်ပါတယ်။ လမ်းမှာ ကားပိတ်နေလို့ နောက်ကျသွားတာ"

"ရပါတယ်"

စုန့်ဝမ်ချွေက သူ့ဆံပင်ကို ဖွပြီး ပြုံးလိုက်သည်။ "အားစစ် မားမှာ သားအတွက် သတင်းကောင်းရှိတယ်။ မား အလုပ်တွေ့ပြီ။ မားက မုန့်ဆိုင်သေးသေးလေးမှာ လက်ထောက်ဖြစ်ပေမယ့်လည်း ဝင်ငွေရပြီလေ။ မားက နောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခုရှာဖို့ စီစဉ်နေတယ်။ ပိုက်ဆံ များများရအောင်လေ"

"ဘာပဲဖြစ်ဖြစ် သားကစာကြိုးစားပြီး မားက အလုပ်ကြိုးစားရင် မားတို့နေ့တွေ အဆင်ပြေလာလိမ့်မယ်ဆိုတာ သေချာတယ်။ မကျော်ဖြတ်နိုင်တာ ဘာမှမရှိဘူးမလား?"

ရုန်စစ်က ခေါင်းညိတ်လိုက်သည်။ သူမလက်ကိုကိုင်ပြီး အိမ်သို့ လမ်းလျှောက်ပြန်လာကြသည်။

သူမရဲ့ တိုက်ခန်းတွင် စုကျိုက ပြတင်းပေါက်ကိုမှီပြီး အောက်ကို ငုံ့ကြည့်နေသည်။ နောက်ဆုံးတော့ ဗီလိန်လေးနဲ့ စုန့်ဝမ်ချွေကို သူမမြင်လိုက်ရသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now