Chapter 148: ကျိုလေးကို ကာကွယ်မယ်

740 123 1
                                    

UNICODE

သူ့အမေက အဲ့မကောင်းတဲ့လူရဲ့ အနိုင်ကျင့်တာ မခံရဘူးဆိုတာ ရုန်စစ် အခုအတည်ပြုပြီးပြီ ဖြစ်လို့ သူ့နှလုံးသားထဲက ရန်လိုမှု လျော့သွား၏။ "သိပြီ"

စုန့်ဝမ်ချွေက ပြုံးပြီး သူ့မျက်နှာလေးကို ညှစ်လိုက်သည်။ "နှစ်ရက်အတွင်း ဝင်ခွင့်ဖောင်ပြီးသွားချိန်ကျ သား ကျောင်းသွားလို့ရပြီ။ တရားဝင် မူလတန်းကျောင်းသားဖြစ်ပြီ။ သား စာကြိုးစားရမယ်နော် ဟုတ်ပြီလား? မားတို့က မစ္စတာရှန်းရဲ့ ကြင်နာမှုကို အလကားဖြစ်သွားလို့မဖြစ်ဘူး"

"ဟုတ်ကဲ့" ရုန်စစ်က ခေါင်းညိတ်လိုက်သည်။

သူက သေချာပေါက် စာအရမ်းကြိုးစားပြီး သန်မာလာရမည်။
အဲ့လိုမှသာ အနာဂတ်မှာ အဲ့စိတ်အနှောင့်အယှက်ဖြစ်စရာလူတွေကို သူ သင်ခန်းစာပေးနိုင်မှာ။
ထို့အပြင် ဤနည်းနှင့်မှသာ သူက ကျိုလေးကို ကာကွယ်နိုင်မှာဖြစ်ပြီးတော့ သူမသဘောကျတဲ့အရာတွေကို ပေးနိုင်မှာဖြစ်သည်။

ဤအတွေးက စိတ်ထဲရောက်လာပြီး သူက ပြောလိုက်သည်။ "မား သား ကျိုလေးအိမ်မှာ စားခဲ့ပြီးပြီ။ အခန်းပြန်ပြီး စာဖတ်တော့မယ်"

"ကောင်းပြီ သွားတော့နော်" စုန့်ဝမ်ချွေက ညင်သာစွာ ပြုံးလိုက်သည်။

ရုန်စစ်က လှည့်ပြီး အခန်းဆီသွားတော့သည်။ သူ့နောက်ကျောကို ကြည့်ရင်း သူမသားက အနည်းငယ် မရင်းနှီးတော့သလို ရုတ်တရက် ခံစားလာရသည်။
သူက ၆နှစ်ပဲရှိသေးပေမယ့် သူ့စိတ်ကို သူမ မဖတ်နိုင်တော့ပေ။

အခု ထိုမေးခွန်းတွေ သူမအား သူမေးလာချိန်မှာ သူက ရင့်ကျက်တဲ့ လူကြီးတစ်ယောက်လိုပင်။ သူမ မနေနိုင်တော့ဘဲ စိတ်ပူတော့သည်။
သူမသာ ရုန်ချန်းရဲ့ တောင်းဆိုမှုကို သဘောတူလိုက်ရင် သူတုန့်ပြန်လာမယ့်ပုံကို သူမ စိတ်မကူးရဲချေ။

ရုန်ချန်းနာမည်ကို သူမ ပြောလိုက်ချိန်မှာ ရုန်စစ်ရဲ့ မျက်ဝန်းထဲမှာ အမုန်းရိပ်ကို သူမမြင်လိုက်ရသည်။ ရုန်ချန်းလိုပင် အကြင်နာမဲ့သည့်အကြည့်လိုမျိုးဖြစ်သည်။
ကလေးတစ်ယောက်မှာ မရှိလာသင့်သည့် အမူအရာဖြစ်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now