၄၂- အကုန်လုံး၏ချစ်မြတ်နိုးမှုခံရခြင်း : ၂

4.3K 775 16
                                    

UNICODE

သခင်မကြီး ရှန်း သက်ပြင်းချလိုက်သည်။ ဒီကလေးမလေးက အရမ်းကို လိမ္မာသည်။ တခြားကလေးတွေဆို ဒီလို အိမ်ကြီးကြီးမှာ အစားကောင်းကောင်းစားရပြီး အရုပ်တွေအများကြီးရမယ်ဆိုရင် သူတို့အိမ်ကို ပြန်တော့မည်မဟုတ်ပေ။

ထိုအချိန်မှာပဲ တံခါးဘဲလ်မြည်လာသည်။

"ပါးပါးပဲ ဖြစ်ရမယ်" စုကျိုက အားပြန်ပြည့်သွားသည်။ ဆိုဖာပေါ်ကနေ ခုန်ချပြီး တံခါးဆီပြေးသွားသည်။ နည်းနည်းခက်ခက်ခဲခဲကြိုးစားပြီးနောက်မှာတော့ သူမလက်သေးသေးတွေဖြင့် တံခါးကို ဖွင့်လိုက်နိုင်သည်။ တံခါးပွင့်သွားသော စုရှန်းကျင်းကို မြင်လိုက်သည်။

"ပါးပါး" စုကျိုက ပျော်ရွှင်စွာခေါ်လိုက်သည်။

စုရှန်းကျင်းက ခေါင်းငုံ့ပြီး စုကျိုကို ကြည့်လိုက်သည်။ သူမ၏တောက်ပနေသည့်မျက်ဝန်းအစုံဖြင့် သူ့ကို ကြည့်နေကာ ချိုမြိန်သည့် အပြုံးလေးတစ်ခုတောင် သူ့ကို ပြုံးပြနေသည်။ သူ့နှလုံးသားထဲမှာရှိနေသည့် မှုန်မှိုင်းမှုတွေအကုန် အရည်ပျော်ကျသွားသည်။

သူမမရှိသည့် တစ်နေ့တာမှာ သူမလေးကို သူဘယ်လောက်လွမ်းနေလဲဆိုတာ သူသိသွားခဲ့ပြီ။ စုရှန်းကျင်းက သူမလေးကို သူ့လက်ထဲထွေးပွေ့ထားရင်း သူ့ပါးတွေနှင့် သူမပါးလေးကို ပွတ်သတ်နေသည်။

"ပါးပါးကို လွမ်းနေလား"

"ဟုတ်ကဲ့"စုကျိုက ခေါင်းကို ညိတ်ရင်း သူမ၏ ချိုမြိန်နူးညံ့သည့်အသံဖြင့် ပြောလာသည်။ "သမီးက သမီးက ပါးပါးအကြောင်းတစ်နေကုန်တွေးနေတာ.. ထမင်းစားလည်း လွမ်းတယ် ရေသောက်လည်း လွမ်းတယ် ဆော့ရင်းလည်းလွမ်းတယ်...ဘာပဲဖြစ်ဖြစ် သမီး တကယ်တကယ် တကယ်ကြီးကို လွမ်းနေတာ"

သူမက ကလေးအသက်နှင့်လိုက်သည့် အပြုအမူဖြင့် ကြိုးစားပြီး သူမခံစားချက်ကို ဖော်ပြနေသည်။ သူမလိုချင်တာက စုရှန်းကျင်းက သူမအတွက် ဘယ်လောက်အရေးပါလဲဆိုတာ သိစေချင်တာဖြစ်သည်။

စုကျိုအမြင်မှာတော့ လူတစ်ယောက်ဟာ ကြိုးစားပြီး သူတို့ကိုယ်သူတို့ ဖော်ပြနိုင်လျှင် သူတို့ဟာ ထိုသူအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ခံစားမိမည်ဖြစ်သည်။ လူတွေဟာ လှုပ်ရှားရုန်းကန်ဖို့အတွက် တစ်စုံတစ်ယောက်၏ လွမ်းဆွတ်ခြင်းက ခွန်အားဖြစ်နိုင်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now