အခန်း ၇၅

2.7K 436 5
                                    

UNICODE

စုရှန်းကျင်းက ကိုင်းလိုက်ပြီး သူ့လက်နှစ်ဖက်ကို စုကျို ပုခုံးပေါ် ညင်သာစွာတင်လိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။ “ပါးပါးက ရှိုးမှာ မပါချင်တာ မဟုတ်ဘူး။ ဒါပေမယ့် အရင်က ပါးပါးက မကောင်းတာလုပ်ခဲ့တယ်ဆိုပြီး လူတွေကတွေးကြတော့ သူတို့က ပါးပါးကို ခုထိ ဆူနေတုန်းလေ”

စုကျိုက ချက်ချင်း သူ့ကို ပြန်ပက်သည်။ “ပါးပါးက မကောင်းတာမလုပ်ခဲ့ဖူးဘူး။ သမီးက ပါးပါးကို ယုံတယ်”

စုရှန်းကျင်းက ခစ်ကနဲရယ်ပြီး ဆက်ပြောလာသည်။ “ဒါပေမယ့် အဲ့လူတွေက ပါးပါးကို မယုံဘူးလေ။ အဲ့တော့ သမီးက ဒီရှိုးမှာ ပါလိုက်လို့ သူတို့က သမီးကို ပါးပါးသမီးလို့ သတိပြုမိသွားမှာကို စိုးရိမ်တာ။ သူတို့က သမီးကိုပါ ဆူလာရင် ဘယ်လိုလုပ်မတုန်း”

လူတွေက ကိုယ်အပြင်ထွက်တဲ့အခါတိုင်း ကိုယ့်နောက်ကွယ်မှာ ကိုယ့်အကြောင်းပြောကြတာက တကယ့်ကို ဆိုးရွားတဲ့ဘဝဖြစ်သည်။

စုကျိုက မျက်တောင်ခတ်လိုက်ကာ အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။ “သမီးက ဘာအမှားမှ မလုပ်ထားဘူးလေ ဘာလို့ သူတို့က သမီးကို ဆူမှာလဲ?  ပါးပါးက သမီးကို မဆူသရွေ့ သမီးက မကြောက်ပါဘူး”

သူမလေးရဲ့အကောင်းမြင်တတ်သည့်အမူအရာကို မြင်တော့ သူမက ကမ္ဘာကြီးရဲ့ အလုပ်လုပ်ပုံတွေကို မသိနားမလည်သေးသည့် ကလေးတစ်ယောက်လို့ပဲ စုရှန်းကျင်းတွေးမိသွားသည်။
စာတွေဘယ်လိုဖတ်ရမလဲဆိုတာ သူမ မသိသေးပေ။ ထို့အတွက်ကြောင့် တခြားသူတွေက သူမကို ဘယ်လိုဆူပူလဲဆိုတာ သူမ မသိဘူးဖြစ်သည်။ သို့ပေမယ့် သူမ ကြီးလာသည့်တစ်နေ့။ အဲ့တစ်နေ့ကျရင် ထိုအကြင်နာမဲ့တဲ့သူတွေက သူမကို ဘယ်လို ရက်ရက်စက်စက်တိုက်ခိုက်ကြလဲဆိုတာ သူမ သိလာလိမ့်မည်ဖြစ်သည်။

သူမရဲ့ ငယ်ရွယ်တဲ့ စိတ်မှာ ဒဏ်ရာရသွားမည်ကို စုရှန်းကျင်း စိုးရိမ်မိတာဖြစ်သည်။
သူမကို ကမ္ဘာကြီးထံ ထုတ်ဖော်ပြမည့်အစား သူ့နောက်ကွယ်မှာ သူမလေးကို ဖုံးကွယ်ထားပြီး ပျော်ရွှင်စွာ ကြီးလာစေချင်၏။ သို့ပေမယ့် စုတ်ပြတ်နေသည့် သူကိုယ်တိုင်က သူမကို မကာကွယ်နိုင်မှာကိုလည်း သူကြောက်ပြန်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now