Chapter 133: ကျေးဇူးပြုပြီး ကြင်နာပါ

1.2K 180 1
                                    

UNICODE

သူမအဖေ ဘာလုပ်ဖို့ စီစဉ်နေတာလဲဆိုတာ စုကျို မသိပေ။ သို့ပေမယ့် သူမက မစဉ်းစားသလို မေးခွန်းလည်း မမေးဘဲ အဲ့ဒီအစား သူမက နာခံစွာ ပြန်ဖြေလာသည်။ "ဟုတ်ကဲ့"

စုရှန်းကျင်းက ခြံဝန်းအပြင်ကို ထွက်ပြီး ယန်ဖန်ပင်းကို ရှာကာ ၅ယွမ်လောက် ချေးချင်သည်။

ယန်ဖန်ပင်းကို အကြာကြီး အကောင်းဆုံး ဆွယ်ခဲ့ရသည်။ နောက်ဆုံးမှာတော့ ဒါရိုက်တာကြီးက အင်တင်တင်ဖြင့်ပင် သဘောတူလိုက်သည်။ စုရှန်းကျင်း၏ရည်ရွယ်ချက်ကို နားလည်ကြသည့် ပရိတ်သတ်တွေက အရမ်းကို စိတ်တိုကြသည်။

"ယန်ဖန်ပင်း ကျေးဇူးပြုပြီး ကြင်နာစမ်းပါ။ စုရှန်းကျင်းက ကျိုလေးအတွက် ရေခဲမုန့်ဝယ်ချင်ရုံလေ။ သူ့ဆုတောင်းလေးကိုတောင် နင် ဖြည့်ဆည်းပေးလို့မရဘူးလား"

"လခွမ်း ၅ယွမ်လေးတောင် သူက မပေးချင်ဘူး။ ငါ တကယ်ပဲ တီဗွီထဲဝင်သွားပြီး သူ့ကို ရိုက်ပစ်ချင်လာပြီ"

"ငါ အရမ်းစိတ်တိုတယ်။ စုရှန်းကျင်းနဲ့ ကျိုလေးအပေါ်ဆို အရမ်းတင်းမာလွန်းတယ်။ ယန်ဖန်ပင်း ငါ နင့်ကို ဆူပစ်မယ်"

ပိုက်ဆံရပြီးနောက် ရွာသားတစ်ယောက်ဆီကနေ စုရှန်းကျင်းက စက်ဘီးတစ်စီးငှါးကာ ဈေးသို့သွားတော့သည်။ ကောင်းကင်က မှောင်တော့မှာဖြစ်လို့ စတိုးဆိုင်ကလည်း ပိတ်တော့မည်ဖြစ်သည်။ ထို့အတွက်ကြောင့် သူက သုတ်ချေတင်ပြီး နင်းတော့သည်။

အဆုံးမှာတော့ ဈေးသို့ အချိန်မှီရောက်သွားသည်။

စတိုးဆိုင်ပိုင်ရှင်က ပိတ်တော့မည်အလုပ်မှာပဲ စုရှန်းကျင်းက ပြေးဝင်လာပြီး သူ့ကို ၅ယွမ်ထိုးပေးလိုက်သည်။ "နေပါဦး ကျွန်တော် ရေခဲမုန့်ဝယ်ချင်လို့"

ဆိုင်ရှင်က လှည့်ကြည့်တော့ ဟောဟဲလိုက်ပြီး ချွေးတွေရွှဲနေသည့် စုရှန်းကျင်းကို မြင်လိုက်ရချိန်မှာ ကြောင်သွားသည်။
ဟမ်? ဒီလူက ရေခဲမုန့်ဝယ်ဖို့ ဒီထိတောင် လာတာလား?

စုရှန်းကျင်း ရေခဲမုန့်ရချိန်မှာ သူ့ပါးပြင်ထက် စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခု ပေါ်လာသည်။ တစ်စက္ကန့်တောင် တုန့်ဆိုင်းခြင်းမရှိဘဲ စက်ဘီးကို နင်းကာ ရွာသို့ အမြန်ပြန်လာသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now