အခန်း ၉၂: ဒီချစ်စရာလေးကို ဘယ်လိုလုပ်အနိုင်ကျင့်နိုင်တာလဲ?

2.7K 431 12
                                    

UNICODE

စုကျိုက သူ့ကို မရိုက်ရဲလောက်ဘူးလို့ ဟန်ရှစ်ယဲ့ သေချာနေသည်။ သိူ့ပေမယ့် စုကျိုက လက်မြှောက်ပြီး သူ့ကို ရိုက်လိုက်တာကို ရုတ်တရက်မြင်လိုက်ရသည်။

သူက မျက်ခုံးပင့်လိုက်သည်။ သူမက သူ့လက်ကို သူမလက်သေးသေးလေးဖြင့် ရိုက်လိုက်ပေမယ့်လည်း တစ်စက်တောင် မနာလိုက်ပေ။ ပြီးနောက် သူမက ဒေါသတကြီး ခြိမ်းခြောက်လာသည်။ "ငါ နင့်ကို ရိုက်မယ်"

အား!!! အရမ်းချစ်ဖို့ကောင်းတာပဲ

ကလေးထိန်းက စုကျိုကို ကြည့်နေသည်။

ဒီကလေးဆိုး ဟန်ရှစ်ယဲ့ကို သူမက အမြဲဂရုစိုက်ပေးနေရသော်လည်း သူမစိတ်ဆိုးနေတာတောင် အရမ်းချစ်ဖို့ကောင်းနေဆဲဖြစ်သည့် ဒီချစ်စရာလေးရဲ့ ဆွဲဆောင်မှုကနေ ရုန်းမထွက်နိုင်ပေ။

စုကျိုရဲ့ စိတ်ဆိုးနေသည့် အမူအရာက အရမ်းချစ်ဖို့ကောင်းတာကို ဟန်ရှစ်ယဲ့ မြင်ရတော့ ဆက်ပြီးတော့တောင် အနိုင်ကျင့်ချင်စိတ်တွေဖြစ်နေသည်။

သူ့မေးကို မော့ကာ ဗိုလ်ကျဟန်ဖြင့် ပြောလိုက်သည်။ "နင်က စုကျိုလား? ငါက ဟန်ရှစ်ယဲ့ ငါက ၅နှစ်ခွဲရှိပြီ။ ငါက နင့်ထက် အသက်ကြီးတယ် အဲဒါကြောင့် ငါ့ကို အစ်ကိုကြီးလို့ခေါ်ရမယ်"

ဒီကလေးဆိုးရဲ့ မိသားစုက သူ့ကို တော်တော်ပျက်ဆီးအောင် အလိုလိုက်ထားတာပဲ ဒါမှမဟုတ်လည်း သူက တခြားသူတွေ သူ့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံဖို့ လုပ်တာနေမယ် အဲဒါကြောင့် သူက မောက်မာပြီး ဝံ့ကြွားတဲ့ အရောင်အဝါရှိနေတာ။

တခြားသူတွေက သူ့ကို ဆန့်ကျင်တာမျိုး ဒါမှမဟုတ် သူ့ကို အထင်သေးတာမျိုးကို သူမကြုံခဲ့ဖူးဘူးနေမယ်။ အဲ့လိုဆိုရင်တော့ ငါက အဲ့အရသာလေး သူ့ကို ပေးမြည်းလိုက်မယ်။ တခြားသူတွေလို သူ့ကို ဖားယားပြီး သူ့အမိန့်တွေကို နာနာခံခံနဲ့ နားထောင်ပြရင် သူက ငါ့ကို ပျင်းရိသွားလိမ့်မယ်။

သူမကိတ်မုန့်ကို ထိုးဆွရင်း စုကျိုက ဟွန့်ကနဲလုပ်လိုက်သည်။ "မခေါ်ချင်ပါဘူး"

ဟမ်?

ဒါက ဟန်ရှစ်ယဲ့ ငြင်းပယ်ခံရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့မူကြိုမှာဆို မိန်းကလေးတွေအများကြီးက သူ့ပတ်ပတ်လည်မှာ အုံခဲနေပြီးတော့ သူ့ကို သူတို့ရဲ့ အစ်ကိုကြီးလို့ ခေါ်ကြတယ်။ ဒါပေမယ့် ဒီကလေးမကတော့ မထင်ထားစွာနှင့် မလုပ်ချင်ဘူးတဲ့လား။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now