Chapter 105: သမီးက အရမ်းအံ့ဩဖို့ကောင်းတာပဲ

2.1K 335 4
                                    

UNICODE


လီနျိုအာနှင့် ချန်းရှီရှီက တစ်ပြိုင်တည်း လှည့်ကြည့်လာသည်။ စုကျိုနှင့် တခြားကလေးနှစ်ယောက်ကို သူတို့မြင်ချိန်မှာတော့ ကယ်တင်ရှင်တွေ သူတို့ရှေ့မှာ ပေါ်လာသလိုပဲ ခံစားလိုက်ရသည်။

ကောင်လေးနှစ်ယောက်ကို ဆွဲပြီး အဖွားအိုရှေ့သို့ စုကျို ပြေးသွားလိုက်သည်။ သူမက ခေါင်းကို မော့ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ "ဖွားဖွား သမီးတို့ စားစရာတစ်ချို့နဲ့ မုန်လာဥကို လဲလို့ရမလား"

"ဒီမုန်လာဥတွေက စိုက်ခင်းထဲကနေ သမီးတို့နှုတ်လာတာ။ အရမ်းလတ်ဆတ်ပြီး ချိုတယ်"

စုကျိုက ခြိမ်းခြောက်နေတာမဟုတ်ပေ။ သူမစကားကို အဖွားအို ရှင်းရှင်းလင်းလင်းကြားရအောင် ပီပီသသပြောနေတာဖြစ်သည်။

အဖွားအိုက သူမရှေ့ရှိ ချစ်ဖို့ကောင်းသည့်ကလေးတွေကို ချစ်ခင်မြတ်နိုးစွာကြည့်ပြီး ကြင်နာစွာ သဘောတူလိုက်သည်။ "ဟုတ်ပြီ ဖွားက ကလေးတို့အတွက် သွားယူပေးမယ်နော်"

လီနျိုအာနှင့် ချန်းရှီရှီက သူတို့ရဲ့ မုန်လာဥတွေဖြင့် ကြက်သားတစ်ချို့နှင့် ဟင်းသီးဟင်းရွက်တွေကို အောင်မြင်စွာလဲလှယ်လိုက်နိုင်သည်။ ချန်းရှီရှီက တစ်ချက်ထဲ အငိုရပ်သွားပြီး စုကျိုကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုလေးကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် နေ့လည်စာအတွက် ငါဘာမှစားရမှာမဟုတ်ဘူး။

အပြန်လမ်းမှာ ဒီချစ်ဖို့ကောင်းတဲ့ကလေးတွေနှင့် ရွာသားတွေနှင့် ဆုံကြသည်။ သူတို့က ဒီကလေးတွေကို ချက်ချင်းသဘောကျသွားသည်။ အထူးသဖြင့် မျက်နှာမှာ အပြုံးချိုချိုလေးတစ်ခု ချိတ်ဆွဲထားသည့် စုကျိုကို ဖြစ်သည်။ သူတို့တွေက ကလေးတွေကို စားစရာတစ်ချို့ပေးလာသည်။

နောက်ဆုံးမှာတော့ ကလေးတွေရဲ့ လက်တွန်းလှည်းတွေမှာ စားစရာတွေအပြည့်ဖြစ်သွားသည်။

သူတို့အလုပ်ပြီးသွားချိန်မှာတော့ အဖေတွေက သစ်ပင်အောက်မှာ စုထိုင်ကြသည်။ ရေနွေးသောက်ရင်း သူတို့ကလေးတွေ ပြန်အလာကို စောင့်နေကြသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now