အခန်း၈၇: အကောင်းဆုံးကိုသာ လုပ်ပါ ရှန်းကျင်းနဲ့ သမီးလေးရေ

2.6K 379 4
                                    

UNICODE

တစ်ခုခုမှားနေတာကို စုရှန်းကျင်း မသိသွားအောင်လို့ သူမက လျင်မြန်စွာ သူ့ကို ဖက်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ "ပါးပါးက အကောင်းဆုံးပဲ"

သူမက ပြောရင်း စုရှန်းကျင်း၏အင်္ကျီဖြင့် မျက်ရည်တွေကို သုတ်လိုက်သည်။

ငါဝမ်းမနည်းဘူး မဟုတ်ရင် ပါးပါး ဝမ်းနည်းသွားလိမ့်မယ်

စုရှန်းကျင်းက သူ့ Weibo Account ၏ မှတ်ချက်ပေးသည့်နေရာကို ပိတ်ထားသောကြောင့် စိစစ်သူပန်းလေးကလည်း ရွေးစရာမရှိတော့ဘဲ ရှိုး၏ တရားဝင် Weibo Account တွင် မှတ်ချက်ရေးရတော့သည်။

"ရှန်းကျင်း ရှင်ပြန်လာပြီလား? @စုရှန်းကျင်း"

သူမမှတ်ချက်ကို စုရှန်းကျင်းမြင်ချိန်မှာတော့ သူက ပြန်ဖြေလာသည်။ "ဟုတ်တယ် ကျွန်တော် ပြန်လာပြီ။ မင်းကို စောင့်ခိုင်းထားရတဲ့အတွက် တောင်းပန်ပါတယ်"

သူမရဲ့ အိုင်ဒေါလ်က ပြန်ဖြေလာချိန်မှာတော့ စိစစ်သူပန်းလေးက အရမ်းကို စိတ်လှုပ်ရှားသွားပြီး ငိုချမတတ်ဖြစ်သွားသည်။

"ကျွန်မတစ်ချိန်လုံး ရှင့်ကို စောင့်နေခဲ့တာ။ ကံကောင်းလို့ ကျွန်မ အရှုံးမပေးခဲ့ဘူး။ အကောင်းဆုံးလုပ်ပါ ရှန်းကျင်းနဲ့ သူ့သမီးလေးရေ"

စုရှန်းကျင်းရဲ့ ပြန်ဖြေမှုကြောင့် ထိုမှတ်ချက်က အရမ်းကို လူသိများသွားပြီး ထိပ်ဆုံးကိုရောက်လာသည်။ Netizens တွေက သူမကို ပြောဆိုကြတော့သည်။ "အာ ဒီပရိတ်သတ်က သူ့အကျင့်စာရိတ္တတွေ မရှိတော့ဘူးပဲ"

"စုရှန်းကျင်းမှာ ပရိတ်သတ်ရှိသေးတယ်လား? သူ့ပရိတ်သတ်တွေက သူ့ကို ဘာလို့ကြိုက်တာလဲ? မိန်းမတွေနဲ့ ဘယ်လိုကစားလဲဆိုတာကြောင့်လား?"

"သူမက မိန်းကလေးပရိတ်သတ်။ အယုတ်တမာကောင်ရဲ့ ပရိတ်သတ်တစ်ယောက်က ငါတို့ မိန်းမတွေကို အရှက်ရစေတာပဲ"

"ရွံဖို့ကောင်းလိုက်တာ... ဘယ်သူက သူ့ကို စောင့်နေတာလဲ? မနေ့ညက စားထားတဲ့ ငါ့ညစာတွေတောင် ပြန်အန်ထွက်တော့မယ့်အတိုင်းပဲ"

ထိုမှတ်ချက်များကို စုကျို ဖတ်မိချိန်မှာတော့ သူမနှလုံးသားက ခဲဆွဲထားသလို လေးလံနေသည်။ သို့ပေမယ့် သူမတွင် ယုံကြည်မှုအပြည့်ရှိသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now