Chapter 125: ကောင်းကင်ဘုံက နတ်သမီးလေး

1.6K 262 2
                                    

UNICODE

စုကျို ခေါင်းလှည့်ကြည့်လိုက်တော့ ငိုနေတဲ့သူက ချန်းရှီရှီဖြစ်နေတာကို မြင်လိုက်ရသည်။ သူမအဖေက သူမကို ဖက်ပြီး ချော့နေသည်။ "ရတယ်လေ ရတယ်လေ အရင်တစ်ခေါက် ဖေဖေတို့နေခဲ့တဲ့ အိမ်က မဆိုးလှဘူး။ အဲဒါကြောင့် ဒီတစ်ခေါက် နည်းနည်းဆိုးတာရပေမယ့် အဆင်ပြေတယ်လေ။ ဖေဖေတို့က တခြားကလေးတွေကို အိမ်ကောင်းကောင်းပေးနေဖို့ အခွင့်အရေးပေးဖို့ လိုတယ်လေ"

"ဒါပေမယ့် သမီးမှ အဲ့လိုအိမ်မှာ မနေချင်တာ"

ချန်းရှီရှီက မျက်ရည်တွေ ပါးပြင်မှာ အပြည့်ဖြင့် ငိုနေသည်။
စိတ်အနှောင့်အယှက်ဖြစ်လာသည့် ချန်းခယ်က ပြောတော့သည်။ "ကျိုလေးကိုကြည့် အရင်တစ်ခေါက် အိမ်စုတ်စုတ်ရတုန်းက သူမ မငိုခဲ့ဘူးလေ။ သူမရဲ့ အစ်မကြီးအနေနဲ့ သမီးက သူမထက်ပိုပြီး နားလည်မှုရှိရမှာပေါ့။ ဘာလို့ငိုနေတာလဲ?"

ဒီတစ်ကြိမ် စုကျိုရွေးတဲ့ အိမ်နံပါတ်လေးက အသင့်အတင့်ဖြစ်သည်။ တစ်ဖက်က ချန်းရှီရှီရွေးလိုက်သည့် အိမ်နံပါတ်၁က အဆိုးဆုံးဖြစ်သည်။ ဒါရိုက်တာက သူမကို အိမ်ပုံလည်းပြလိုက်ရော ချက်ချင်းငိုတော့တာဖြစ်သည်။

စုကျိုက ချန်းရှီရှီကို သနားမိသွားသည်။ ရုတ်တရက် သူမခေါင်းထဲ အကြံတစ်ခုရောက်လာသည်။ သူမက ချန်းရှီရှီနဲ့ အိမ်လဲလိုက်ရင် သူမက အဲ့ကလေးကို ငြိမ်သွားအောင် လုပ်နိုင်ရုံတင်မကဘဲ ပရိတ်သတ်တွေမှာလည်း ထင်မြင်ချက်ကောင်းထားခဲ့နိုင်မယ်။

ထို့အတွက်ကြောင့် သူမက ဘေးရှိ စုရှန်းကျင်းကို ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ "ပါးပါး မမက အရမ်းငိုနေတယ်"

သူ့သမီးရဲ့ စိုးရိမ်တဲ့အမူအရာကို စုရှန်းကျင်း သတိထားမိတော့ သူမမှာ အကြံရှိတယ်ဆိုတာ သူသိလိုက်သည်။ ထို့အတွက်ကြောင့် မေးလိုက်၏။ "ဒါဆို ပါးပါးတို့ ဘာလုပ်ကြမလဲ?"

ကလေးမလေးက နှုတ်ခမ်းကို ကိုက်ကာ သူမလက်ထဲရှိ အိမ်နံပါတ်၄ရဲ့ ပုံကို ကြည့်နေသည်။ နည်းနည်းလေး အင်တင်တင်ဖြစ်နေပေမယ့်လည်း သူမက သူ့အား အကြံပေးလာသည်။ "ပါးပါး သမီးတို့ မမနဲ့ အိမ်လဲလိုက်ကြမလား?"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now