Chapter 115: သူ့သမီးလေးကို ကာကွယ်ဖို့ ခိုင်မာမှု

1.8K 305 1
                                    

UNICODE

စုရှန်းကျင်း၏ မျက်နှာအမူအရာက တင်းမာသွားသည်။ "အစကတော့ ကျွန်တော်က အစီအစဉ်မှာ မပါချင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ အရှုပ်တော်ပုံတွေက ကျွန်တော့်သမီးလေးကို သေချာပေါက် ထိခိုက်လာမယ်ဆိုတာ ကျွန်တော် သိတယ်လေ။ ဒါပေမယ့် သူမလေးက ဒီအစီအစဉ်မှာ ပါချင်တော့ ကျွန်တော်လည်း သူမကို အဖော်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ။ ကျွန်တော့်စကားအတိုင်း ကျွန်တော်ရပ်တည်နေတုန်းပါပဲ။ တခြားသူတွေ ကျွန်တော့်ကို ဘယ်လိုပဲထင်ထင် ကိစ္စမရှိဘူး။ ဒါပေမယ့် ကျွန်တော့်သမီးလေးကိုတော့ ကျေးဇူးပြုပြီး နာကျင်အောင် မလုပ်ကြပါနဲ့။ သူမလေးက ဖြူစင်ပါတယ်။ အဲ့အမုန်းသမားတွေကို ပြောချင်တာက သူမလေးကို ဘေးဖယ်ထားပြီး ခင်ဗျားတို့ရဲ့အမုန်းတွေ ကျွန်တော့်ဆီကိုပဲ တိုက်ရိုက်လာခဲ့ပါ"

"တစ်စုံတစ်ယောက်ကများ ကျွန်တော့်ကလေးကို နာကျင်စေခဲ့မယ်ဆိုရင်တော့ ကျွန်တော်တောင်းပန်ပါတယ် ဘယ်လောက်ပဲဖြစ်ဖြစ် ကျွန်တော်က အဆုံးထိ ပြန်တိုက်သွားမှာပါ"

စုရှန်းကျင်းက ကျယ်လောင်စွာကြေညာခဲ့သည်။

ပရိတ်သတ်တွေက သူ့မျက်ဝန်းထဲမှာ သူ့သမီးကို ကာကွယ်ပေးသည့်ခိုင်မာမှုကို မြင်နိုင်သည်။

"သောက်ကျိုးနည်း? ကျိုလေးလို လိမ္မာတဲ့ကလေးမလေးကို ဘယ်လိုလူကများ နာကျင်အောင် လုပ်တာလဲ? ဘယ်သူလဲဆိုတာ တွေ့လို့ကတော့ ငါပြောမှာ"

"ဝိုး ရုတ်တရက်ကြီး စုရှန်းကျင်းက အရမ်းကြီးကို ခန့်ညားသွားတယ်လို့ ငါတွေးမိသွားတယ်"

"စုရှန်းကျင်းရေ မင်းက မင်း သမီးကို အရမ်းကာကွယ်မှတော့ နောက်ကျရင် မင်းကို ငါ နည်းနည်းပဲ ဝေဖန်တော့မယ်"

"ဒီအချစ်လေးကို ကာကွယ်ချင်တဲ့သူတွေရှိလား? အတူတူစုပြီးတော့ သူမလေးကို ပြောတဲ့ဟိတ်တာတွေကို ပြန်တိုက်ခိုက်ရအောင်"

စုရှန်းကျင်းကို ကြည့်ရင်း စုကျိုက သူ့လက်မောင်းကို ဖက်တွယ်ပြီး ချစ်ဖို့ကောင်းစွာ ပြောလာသည်။ "သမီးလည်း ပါးပါးကို နာကျင်အောင် လုပ်ကြမှာကို မလိုချင်ဘူး"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now