Chapter 135: အမုန်းသမားတွေကို အရှက်ခွဲခြင်း

1.6K 222 1
                                    

UNICODE

ဒီလူတွေကို ဘယ်လို ပြန်ပက်ရမလဲဆိုတာ ပရိတ်သတ်တွေက ပြောစရာစကားမရှိဖြစ်သွားသည်။
စုရှန်းကျင်းရဲ့ ပညာအရည်အချင်းက မမြင့်ဘူးဆိုတာ ငြင်းဆိုလို့မရပေ။

ဒီအချက်ကို အခွင့်ယူပြီး အမုန်းသမားတွေက ဦးနှောက်လည်း မရှိ အကျင့်စာရိတ္တကလည်း ပျက်ပြားတဲ့သူဆိုပြီး တိုက်ခိုက်ကြတော့သည်။ သို့ပေမယ့် သိပ်မကြာခင်မှာပဲ သူတို့ကို စုရှန်းကျင်းကိုယ်တိုင် အရှက်ခွဲပစ်တော့သည်။

ရိုက်ကူးရေးဒုတိယနေ့တွင် ထိုနေ့အတွက် မစ်ရှင်အား ယန်ဖန်ပင်းက ကြေညာလာသည်။ အဖေတွေက ကလေးတွေကို လေ့လာစူးစမ်းဖို့အတွက် ခေါ်သွားရမည်ဖြစ်သည်။

ဂိမ်းတွေထဲက တစ်ခုက အခန်းထဲကနေ လွတ်မြောက်ခြင်းဖြစ်သည်။

(T/N: Escape Room ပါ ဒီနိုင်ငံမှာတော့ ရှိပေမယ့် အရမ်းခေတ်မစားသေးပါဘူး။ တခြားနိုင်ငံတွေမှာတော့ အရမ်းခေတ်စားပါတယ်။ အထူးသဖြင့် တရုတ်မှာပါ။ Theme ပေါင်းများစွာ ရှိပြီးတော့ ဒီပိတ်ထားတဲ့အခန်းတွေထဲကနေ သဲလွန်စတွေရှာပြီး အခန်းကနေလွတ်အောင် လုပ်ရတာပါ။ အထူးသဖြင့် သင်္ချာတွက်ရတာ များပါတယ်။ ကိုယ်သာဝင်ရင်တော့ သေချာပါတယ် လာပြန်မဖွင့်မပေးချင်း ပိတ်မိနေမှာ:') )

အဖေတွေက သူတို့ရဲ့ ဦးနှောက်ကို အလုပ်ပေးပြီး သဲလွန်စတွေကို စုဆောင်းကာ သေတ္တာထဲက သော့ကို ယူပြီး လွတ်အောင် လုပ်ရမှာဖြစ်သည်။

ကလေးတွေကို ထည့်စဉ်းစားသည့်အတွက် အခန်းတွေကတော့ စွန့်ပစ်အိမ်လို စက်ရုံအစုတ်လို ကြောက်စရာကောင်းတဲ့ နေရာမဟုတ်ပေ။ အဲ့အစား မြို့ထဲရှိ ဟိုတယ်တစ်ခုတွင် လုပ်မှာဖြစ်သည်။ အခန်းတွေက အလင်းရောင်ကောင်းစွာ ရပြီး တခြားပုံမှန် Escape Room တွေလို ကြောက်ဖို့ ကောင်းနေတာမျိုးမဖြစ်ပေ။

ဂိမ်းရဲ့ စည်းမျဉးတွေကတော့ အဖေနှင့်ကလေးတစ်တွဲချင်းစီတိုင်းက တတိယထပ်ရှိ ပြင်ဆင်ထားသည့် အခန်းကနေစရမည်ဖြစ်သည်။ သူတို့အခန်းကနေ ထွက်ပြီးနောက် ဒုတိယထပ်ရှိ အခန်းတွေဆီရောက်မည်ဖြစ်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now