Chapter 124: ချစ်လှစွာသောကလေး!

1.6K 258 1
                                    

UNICODE

ဇနီးဆိုသည့် စကားလုံးရဲ့ အဓိပ္ပါယ်ကို ဟန်ရှစ်ယဲ့သိ၏။ သူ့ရဲ့ မျက်နှာချောချောလေးက ချက်ချင်း ပန်းရောင်သို့ ပြောင်းသွားပြီး ဟန်ရှောင်းကို မျက်စောင်းထိုးလိုက်သည်။

စုရှန်းကျင်းလည်း မပျော်ရွှင်နေပေ။ ဟန်ရှောင်းက ငါ့သမီးလေးကို အခွင့်အရေးယူနေတာလား?

စကားတစ်လုံးတောင်မဆိုဘဲ ဟန်ရှောင်းလက်ထဲကနေ စုကျိုကို လုပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။ "ကျွန်တော့်သမီး ကျွန်တော်ချီမယ်"

ရှောင်းယန်းက အလျင်အမြန်ဆန့်ကျင်တော့သည်။ "ဟေး သူမလေးကို ငါမဖက်ရသေးဘူးလေကွာ"

သို့ပေမယ့် စုရှန်းကျင်းက မကြားသလိုဟန်ဆောင်ပြီး သူ့သမီးကို ချီကာ ရိုက်ကူးအရေးအဖွဲ့ဆီလျှောက်သွားတော့သည်။
ကျန်တဲ့အဖေတွေက သူ့နောက်ကျောကို အားကျသည့်အကြည့်ဖြင့် ကြည့်နေကြသည်။

ယန်ဖန်ပင်းက အရှေ့တွင် သူတို့ကို စောင့်နေသည်။ စုကျိုကို သူမြင်တာနှင့် သူမလေးကို စချင်ပြီး ကစားချင်သည်။ သို့သော်လည်း စုရှန်းကျင်းက သူ့ကို အကြည့်တစ်ချက်ပေးလိုက်သည်။

စုရှန်းကျင်း၏ အကြည့်က တည်ငြိမ်သော်ငြားလည်း ယန်ဖန်ပင်းက သူပြောတာကို ကြားသယောင်ယောင်ဖြစ်နေသည်။ 'မလိုဘူး ကျေးဇူးတင်တယ်။ ခင်ဗျားက သူမလေးအတွက် ရုပ်ဆိုးလွန်းတယ်'

နေပါဦး ငါရုပ်မဆိုးပါဘူးနော်။ အလွန်ဆုံး ငါက နည်းနည်းအိုရုံလေးပါကွ။ ဘယ်လိုလုပ်ပြီး ငါက ရုပ်ဆိုးရမှဦလဲ? ယောကျာ်းတစ်ယောက်က အသက်လေးဆယ်မှ အရွယ်ကောင်းရောက်တာကွ ဟုတ်ပြီလား?

စုရှန်းကျင်းက စုကျိုကို အကာအကွယ်လုပ်ထားသောကြောင့် စုကျိုကို စဖို့အစီအစဉ်ကို ယန်ဖန်ပင်း လက်လွှတ်လိုက်တော့သည်။

အဖေတွေနှင့် ကလေးတွေ အကုန်ရောက်ချိန်မှာတော့ ယန်ဖန်ပင်းက ယခုအပိုင်း၏ စည်းမျဉ်းကို ကြေညာတော့သည်။ အရင်အပိုင်းလိုပင် ကလေးတွေက သူတို့အိမ်ကို အရင်ရွေးပြီး သူတို့ရဲ့ မစ်ရှင်တွေကို ရွေးချယ်ရမည်ဖြစ်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now