Chapter 138: သူမလေးကို လူတွေပိုသိအောင် လုပ်ကြမယ်

1.3K 184 2
                                    

UNICODE

ရိုက်ကူးရေးအဖွဲ့၏ တစ်ချို့အဖွဲ့ဝင်တွေကလည်း အစီအစဉ်မှာ ဇာတ်ညွန်းမပါကြောင်းကို သူတို့ရဲ့ Social Media Account တွေကနေ ရှင်းလင်းကြသည်။

အစီအစဉ်မှာ ပါဝင်သည့် အဖေတွေကတောင် သူတို့ရဲ့ Weibo မှာ တင်လာကြသည်။

ဟန်ရှောင်း: အစီအစဉ်က ဇာတ်ညွှန်းနဲ့လို့ ဘယ်သူပြောလဲ? မင်းကိုယ်မင်း ဖော်ပြပြီး အပြစ်ပေးခံရဖို့ ပြင်ထားလိုက်

ရှောင်းယန်း: "မဖြစ်နိုင်တာ။ လူတွေက ရသစုံလင်အစီအစဉ်တွေက ဇာတ်ညွှန်းတွေနဲ့လို့ တွေးနေတုန်းဆိုပြီးတော့ မပြောနဲ့နော်"

ချန်းခယ်: "ငါ့မှာသာ ဇာတ်ညွှန်းရှိရင် ငါနိုင်တာကြာလှပေါ့။ ငါ့သမီးနဲ့ ငါက အိမ်အစုတ်ဆုံးမှာနေနေရတာ ငါက ဘာလို့ @စုရှန်းကျင်းကို နိုင်ခွင့်ပေးမှာလဲ?"

လီခိုင်ဝမ်: "ဇာတ်ညွှန်းသာ တကယ်ရှိရင် ငါက ဆိုးဆိုးရွားရွားတွေ ဖြစ်နေမလား? ငါရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်ဆိုပြီး အတိုက်ခိုက်ခံရဖို့ အသနားခံသလို မဖြစ်သွားဘူးလား? @စုရှန်းကျင်းက တကယ့်ကို အထင်ကြီးဖို့ကောင်းတဲ့သူ"

ဟန်ရှောင်းလို အရေးပါတဲ့သူတောင် ဒီကိစ္စကို ဖြေရှင်းလာသည့်အတွက် သံသယဝင်စရာမရှိတော့ပေ။

စုရှန်းကျင်းနဲ့ ကျိုလေးတို့က အခက်ခဲဆုံးပဟေဠိကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့သည်။ သူတို့က အကောင်းဆုံးအခန်းမှာ နေရပြီး အကောင်းဆုံးသော စားစရာတွေကို စားရဖို့ ထိုက်တန်သည်။

ပရိတ်သတ်တွေက ဝမ်းသာသွား၏။ အမုန်းသမားတွေတော့ အခုလောက်ဆို တော်သင့်ပြီ။ သူတို့က စုရှန်းကျင်းနဲ့ စုကျိုကို ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် သူတို့ account တွေကို report လုပ်ရလိမ့်မယ်

***

ဤအပိုင်းကို ထုတ်လွှင့်ချိန်မှာတော့ ပထမအပိုင်းထက်တောင် ပိုပြီး နာမည်ကြီးသွားသည်။

ယန်ဖန်ပင်းနှင့် ရိုက်ကူးရေးအဖွဲ့သားတွေက "ရှင်လုပ်နိုင်ပါတယ် မိတ်ဖက်ရေ" ၏ ကြည့်ရှုနှုန်းကို ကျော်ပြီး ဆက်တိုက်တက်နေတာကို ကြည့်ရင်း ဝမ်းသာပီတိဖြစ်နေကြ၏။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now