အခန်း ၄၀- လက်ဖက်ရည်ဝိုင်းတွင် စကားပြောခြင်း ၃

4.3K 767 18
                                    

UNICODE

သခင်ကြီးရှန်းနှင့် သခင်မကြီးရှန်းတို့က မြေးမလေးရဖို့အတွက် တွေးရုံနှင့်တင် စိတ်တိုရသည်။ စုရှန်းကျင်းက အခု နွမ်းပါးတဲ့သူဖြစ်သည်။ ဘယ်လိုလုပ်ပြီး သူ(ရှန်းထင်းစစ်)က စုရှန်းကျင်းထက်တောင် အသုံးမကျရတာလဲ?

သခင်ကြီးရှန်းက ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။ သူမလေးက ဘာလို့ ငါ့မြေးမလေးမဟုတ်ရတာလဲ?

သူက စုကျို၏ချစ်ဖို့ကောင်းသည့်မျက်နှာလေးကိုကြည့်ရင်း မနေနိုင်တော့ဘဲ သူမမျက်နှာလေးကို ကိုင်ကာ ပြောလိုက်သည်။ "သမီးလေးကို ဖက်ကြည့်ရအောင်... မြေးမလေးရှိတဲ့ခံစားချက်လေးရချင်လို့... ဖိုးတို့နားမှာနေတဲ့ အဖိုးကြီးလီက ဖိုးဖိုးမှာ မြေးမလေးမရှိမှန်းသိလို့ သူ့မြေးမလေးကို ဖိုးတို့ဆီကို အမြဲပြနေတာ... အဲဒါက ဖိုးဖိုးကို အရမ်းစိတ်တိုစေတာပဲ"

"ကျုပ်တို့မှာ မြေးမလေးရဖို့ ကံကြမ္မာမရှိဘူးဆိုတာ ဘယ်သူကမေးနေလို့လဲ? ဝေးဝေးသွားစမ်းတော်...ရှင့်အလှည့်မရောက်သေးဘူး...ကျုပ်တောင် ဖက်လို့မဝသေးဘူး"

သခင်မကြီးရှန်းက စုကျိုက မလွှတ်ပေးပေ။ သူမက ဆိုဖာပေါ်ထိုင်ရင်း စုကျိုကို သူမပေါင်ပေါ်တွင်ပေးထိုင်သည်။ စုကျိုကို ကြည့်လေလေ ပိုသဘောကျလေလေဖြစ်သည်။

"အချစ်လေး... ဘာလို့ဒီမှာပဲမနေလိုက်တာလဲ? အိမ်မပြန်နဲ့တော့နော် ဟုတ်ပြီလား"

ဒီစုံတွဲက စုရှန်းကျင်း၏အခြေအနေကို ရှန်းထင်းစစ်ဆီကနေ ကြားထားသည်။ စုရှန်းကျင်း၏ယခုအခြေအနေနှင့် ကလေးတစ်ယောက်ကို သေချာပျိုးထောင်ဖို့ဆိုတာ မေးခွန်းထုတ်စရာအခြေအနေဖြစ်သည်။

စုကျိုက သူမကို လေးနက်စွာကြည့်ရင်းပြန်ဖြေလာသည်။ "ဖွားဖွား သမီးတောင်းပန်ပါတယ် သမီးက ဒီမှာနေလို့မဖြစ်ဘူး"

"ဘာလို့လဲကွဲ့?"

"သမီးပါးပါးကို မစွန့်ပစ်နိုင်ဘူး... ပါးပါးမှာ အခုဘာမှမရှိဘူး..ပိုက်ဆံရော အိမ်လှလှရော ကားရော ဇနီးရောမရှိဘူး..ပါးပါးမှာ သမီးပဲရှိတာ...သမီးသာ ပါးပါးနဲ့မရှိနေဘူးဆိုရင် ပါးပါးအရမ်းဝမ်းနည်းသွားလိမ့်မယ်"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now