အခန်း ၈၅ ရွံစရာတွေကို ငါအရင်အန်ပါစေ

2.7K 432 10
                                    

UNICODE

နောက်တစ်နေ့ "ဒယ်ဒီ သွားရအောင်" ၏ တရားဝင် Weibo ကနေပြီး ဧည့်သည်စာရင်းကို ကြေညာသည်။

ပြီးခဲ့တစ်ခေါက်ကတော့ သူတို့က သားအဖနှစ်တွဲဖြစ်သည့် ထိပ်တန်းမင်းသား ဟန်ရှောင်းနှင့် သူ့သား၊ စန္ဒရားဆရာ ရှောင်းယန်နှင့် သူ့သားတို့ကို ကြေညာခဲ့ပြီးပြီဖြစ်သည်။

အခု သူတို့က ကျန်နေသည့် သုံးတွဲဖြစ်သည့် မင်းသားချန်းကဲနှင့် သူ့သမီး၊ ရော့ခ်အဆိုတော် လီခိုင်ဝမ်နှင့် သူ့သား ပြီးတော့ နောက်ဆုံး စုရှန်းကျင်းနှင့် သူ့သမီးတို့ကို ကြေညာခဲ့သည်။

ချန်းကဲနှင့် လီခိုင်ဝမ်က အရမ်းကြီး မကျော်ကြားပေမယ့်လည်း သူတို့မှာ ပရိတ်သတ်အများအပြား ရှိနေသေးသည်။ ပရိတ်သတ်တွေက သူတို့ရဲ့ မင်းသားနှင့် အဆိုတော်က ရသစုံလင်အစီအစဉ်ကို သွားမည်ဟု ကြားကြသော်အခါ သူတို့ရဲ့ ထောက်ပံ့မှုကို ပြသဖို့ မှတ်ချက်အများအပြား ရေးကြတော့သည်။

သို့ပေမယ့် သူတို့ အံ့အားသင့်သွားရတာက စာရင်းမှာ စုရှန်းကျင်း၏ နာမည်ကို သူတို့ တကယ်ကြီး မြင်လိုက်ကြတာပဲဖြစ်သည်။

သောက်ကျိုးနည်း မဖြစ်နိုင်တာ။ ဒီလူကလည်း ရှိုးမှာပါမယ်ပေါ့လေ?

အစီအစဉ်အတွက် အသစ်စက်စက်ဖွင့်ထားသည့် တရားဝင် Weibo Account ဖြစ်သည့်အတွက် Followers က တစ်သောင်းသာရှိ၏။ စုရှန်းကျင်းက ဤအစီအစဉ်မှာ ပါမည်ဆိုသည့် သတင်းက အွန်လိုင်းတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သည့် Netizen တွေက ဝင်လာကာ ပို့စ်၏ မှတ်ချက်မှာလည်း မိုးပေါ်ထောင်တက်သွားသည့် အရေအတွက်ဖြစ်သွားသည်။

"ဘာလဲ ဘာလဲ စုရှန်းကျင်း? ငါ မျက်စိကန်းနေတာ မဟုတ်ဘူးလို့ ပြောကြပါဦး"

"ထုတ်လုပ်ရေးအဖွဲ့က တကယ်ကြီးလား? ဒီလိုအနုပညာရှင်မျိုး ငှါးတယ်ပေါ့လေ? အရမ်းတွေ ကျော်ကြားချင်လွန်းလို့ အရှက်မဲ့ကုန်ကြတာလား?"

"ဟားဟားဟား သူ့လို အယုတ်တမာကောင်က အစီအစဉ်မှာ ပါလို့ရတယ်ပေါ့လေ? ငါ့ကို ပြောစမ်း သူက ထုတ်လုပ်‌ရေးအဖွဲ့ကို ပိုက်ဆံဘယ်လောက်ပေးထားလဲဆိုတာ"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now