Chapter 142: သမီးကောင်းကောင်းမွန်မွန်ဆက်ရှိနေရမယ် ဟုတ်ပြီလား?

1K 164 3
                                    

UNICODE

"အရူးမလေး သမီးဘာတွေ ပြောနေတာလဲ? သမီးက ဘယ်လိုလုပ်ပြီး သေမှာလဲ?"

စုကျိုက သူ့ကိုပဲ စိုက်ကြည့်နေသည်။ "ပါးပါး သမီးသေသွားရင် သမီးကို လွမ်းနေမှာလား?"

"..." စုရှန်းကျင်း တံတွေးမျိုချမိသွား၏။

သူက အလေးအနက်ပြောလာသည်။ "ဟင့်အင်း ပါးပါးက သမီးကို ကာကွယ်ပေးမှာ။ သမီးကို ဘာတစ်ခုမှ အဖြစ်ခံမှာမဟုတ်ဘူး။ ပြီးတော့ သမီးမှာ မကောင်းတာ တစ်ခုခုများ ဖြစ်လာမယ်ဆိုရင် ပါးပါးလည်း အသက်ဆက်ရှင်ချင်မှာ မဟုတ်တော့ဘူး။ လူတွေက သေသွားပြီးရင် မြေအောက်ကမ္ဘာမှာ အဆုံးသတ်သွားကြတာတဲ့။ အဲ့နေရာက အရမ်းကို မှောင်တဲ့နေရာ။ ပါးပါးက သမီးကို ဘယ်လိုလုပ်ပြီး အဲ့ကို တစ်ယောက်တည်း သွားခိုင်းရက်မှာလဲ?"

သူမအတွက် သူလည်း ရှိနေလိမ့်မည်။

စုကျိုရဲ့ မျက်ဝန်းထဲ စိုက်ကြည့်ရင်း ဆက်ပြောလာသည်။ "အဲ့တော့ သမီးသေလို့မဖြစ်ဘူး ကျိုလေး။ သမီးသေသွားရင် ပါးပါးလည်း သေမှာ။ သမီးက ဆက်ပြီး ကောင်းကောင်းမွန်မွန်ရှိနေရမယ်၊ နားလည်လား?"

သူမလေးက ငယ်သေးတယ်။ သူမလေးက ငါ့အတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ သူမ နားမလည်လောက်သေးဘူး။

ဒီချစ်စရာ ကလေးမလေးက ငါ့ရဲ့ ရှေ့ဆက်လျှောက်ဖို့ ခွန်အားနဲ့ တွန်းအားပဲ။ သူမလေးကိုသာ ဆုံးရှုံးလိုက်ရမယ်ဆိုရင် ငါလည်း ပြိုလဲသွားလိမ့်မယ်။

"ဟုတ်ကဲ့" စုကျိုက သူ့လက်မောင်းထဲတိုးဝင်ကာ ရှိုက်လိုက်သည်။

ဒီလိုအဖေနဲ့မှတော့ ငါမသေချင်ဘူး။
ဘာတွေပဲဖြစ်လာ ဖြစ်လာ အခုလက်ရှိကို ငါ တန်ဖိုးထားပြီး အဆုံးသတ်မလှတာကို ရှောင်ဖို့ နည်းလမ်းရှာရမယ်။

***

သူတို့အိမ်ပြန်ရောက်ပြီး ဒုတိယမြောက်နေ့မှာတော့ စုရှန်းကျင်းက DNA စစ်ဆေးချက်နှင့် စုကျိုကို ခေါ်ကာ ရဲစခန်းသို့သွားပြီး သူမကို သန်းခေါင်စာရင်းထဲထည့်တော့သည်။
သူမ သန်းခေါင်စာရင်းထဲရောက်ပြီးတာနှင့် သူမအတွက် မူကြိုအပ်လို့ရပြီဖြစ်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now