Chapter 108: ငါ့အိုင်ဒေါလ်ရဲ့ ကျော်ကြားမှုကို အခွင့်ကောင်းယူနေတယ်

1.9K 290 1
                                    

UNICODE

"ငါသိပြီ။ ဒါပေမယ့် ငါ တမင်မင်းကို အရှုံးပေးလိုက်တယ်ဆိုတာ မင်းသိနေတာလား"

"ဟမ်?"

သူက အရူးတစ်ယောက်ကို ကြည့်သလိုမျိုး သူ့မျက်လုံးထောင့်ကနေ စုရှန်းကျင်းကို ဟန်ရှောင်း ကြည့်လိုက်သည်။ "ငါလုပ်ခဲ့တယ် အဲဒါမှ မင်းက မင်းရဲ့အချစ်လေးအတွက် စားစရာတွေ များများပိုရမှာမို့လို့လေ"

ငါးဖျံအနည်းငယ်သာ ဖမ်းမိသည့် ရှောင်းယန်းက သူတို့နှစ်ယောက်ဆီကို ယူလာသည်။ သူက ရယ်ကာ စကားဝိုင်းထဲ ဝင်လာသည်။ "ဘယ်လောက်‌ေတာင်တိုက်ဆိုင်လိုက်လဲ။ ငါလည်း အဲ့လိုပဲတွေးနေတာ။ ရှန်းကျင်း ငါက ငါးဖျံကို မဖမ်းနိုင်တာမဟုတ်ဘူး။ သူ့လိုပဲ ငါလည်း တမင် အရှုံးပေးလိုက်တာ"

ဟန်ရှောင်းက နှာမှုတ်လိုက်သည်။ "တကယ်ကြီးလား? မင်းက စန္ဒယားဆရာမို့လို့ မင်းရဲ့ နူးညံ့နေတဲ့ လက်လေးကို ဂရုစိုက်ချင်တာ မဟုတ်ဘူးလား။ မင်းလက်တွေကို အကြာကြီး ရွံ့ထဲ မင်းစိမ်ထားရက်လို့လား?"

ရှောင်းယန်းက မျက်လုံးလှည့်ကာ ပြန်ပက်လာသည်။ "ငါ့ကို ဘာလို့ ဖော်တာတုန်း? ငါ့မာနလေးကို ထည့်မစဉ်းစားပေးသင့်ဘူးလား?"

စုရှန်းကျင်းရဲ့ နှုတ်ခမ်းတွန့်သွားသည်။ "ကျေးဇူးအများကြီးတင်ပါတယ်"

ဟန်ရှောင်းက သူ့ပုခုံးကို ပုတ်ကာ သတိပေးလိုက်သည်။ "ဒီည မင်း သမီးလေးကိုခေါ်ပြီး ငါ့ဆီမှာ ညစာလာစားဖို့ မမေ့နဲ့နော်။ မင်းမလာရင် ငါကိုယ်တိုင် မင်းအိမ်ကိုလာပြီး မင်း သမီးကို လာခေါ်မှာ"

"ဟ... သူမလေးက မင်းနဲ့သွားချင်လားဆိုတာ မင်း သူမကို မေးသင့်တယ်"

ခန့်ညားပြီး ခက်မိုက်မိုက် ယောကျာ်း သုံးယောက် အတူတူရပ်နေသည့် ပုံရိပ်က အရမ်းကို မျက်စိပဿဒရှိလှသည်။ ပရိသတ်တွေက သူတို့ကို ပွဲတော်ပမာကြည့်နေသည်။ အထူးသဖြင့် ထို ဖူဂျိုရှီပရိတ်သတ်တွေက စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နေသည်။

ညမှာတော့ စုရှန်းကျင်းက စုကျိုကို ဟန်ရှောင်းအိမ်သို့ ကတိအတိုင်း ညစာအတွက် ခေါ်သွားသည်။ သူက နေ့ခင်းက ငါးဖျံအများဆုံးရထားသည့်ဆုဖြစ်တဲ့ ကြက်သားကို သုံးကာ ကြက်စွပ်ပြုတ်တစ်ခွက် ချက်လိုက်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now