အခန်း၉၃: မင်းက ငါ့သမီးကို အနိုင်ကျင့်ရဲတယ်?

2.7K 434 5
                                    

UNICODE

အကြောင်းတစ်ချို့ကြောင့် ကလေးမလေးရဲ့ ကြည်လင်ကာ အရည်လဲ့နေသည့် မျက်ဝန်းနှင့် ဟန်ရှစ်ယဲ့ အကြည့်ဆုံသွားသောအခါ သူရှက်သွားသည်။ ရှက်သွေးဖြာနေမှုက သူ့ရဲ့ ချောမောသည့် မျက်နှာပေါ် ဖြတ်ပြေးလာသည်။

ဤအရာကို သတိပြုမိသော ကလေးထိန်းက သူမပါးစပ်ကိုကွယ်ကာ ရယ်တော့သည်။ "သခင်ငယ်လေး ဒီကလေးမလေးက အစ်ကိုကြီးလို့ ခေါ်ပြီလေ။ သူမကို လက်ဆောင်မပေးဘူးလား? ပိုးကောင်လေး မပေးလို့ရမလား? ဘာလို့ သူမကို ကောင်းတဲ့အရုပ်မပေးတာလဲ?"

ဟန်ရှစ်ယဲ့ သူ့အသိပြန်ဝင်လာချိန်မှာတော့ သူ့မျက်နှာတွင် ပုံမှန် မောက်မာသည့်အမူအရာ ပြန်ပေါ်လာသည်။ သူက စုကျိုကို ပြောလာသည်။ "ငါ့ကိုစောင့်နေ အခု နင့်အတွက် ယူလာခဲ့ပေးမယ်"

စုကျိုက တိတ်ဆိတ်စွာ အသနားခံနေသည်။ ကျေးဇူးပြုပြီး ထွက်သွားပါတော့ ငါလေး တောင်းပန်ပါတယ်

ဟန်ရှစ်ယဲ့က သူ့အခန်းသို့ ချက်ချင်း ပြန်ပြေးလာသည်။ ဟန်ရှောင်းက သူ့သား ပြန်လာတာကို မြင်တော့ သူအနည်းငယ် အံ့အားသင့်သွားသည်။ "မင်းစားတာ ဒီလောက် မြန်မြန်ပြီးသွားတာလား?"

ဟန်ရှစ်ယဲ့နောက်ကနေ ပါလာသည့် ကလေးထိန်းက ပြုံးလိုက်သည်။ "သခင်ငယ်လေးက မစားရသေးပါဘူး။ သူက ချစ်ဖို့ကောင်းတဲ့ ကလေးမလေးနဲ့ အောက်ထပ်က စားသောက်ဆိုင်မှာ ဆုံခဲ့တယ်။ သူမကို သူက အစ်ကိုကြီးလို့ ခေါ်ခိုင်းပြီး လက်ဆောင်တောင် ပေးဖို့လုပ်နေတယ်"

ဟန်ရှောင်း အနည်းငယ် အံ့အားသင့်သွားသည်။ သူက ရယ်ကာ ပြောလိုက်သည်။ "ကောင်စုတ်လေး မင်းအသက်က ဘယ်လောက်ပဲရှိသေးလို့လဲ? ကလေးမလေးတွေနဲ့ ဘယ်လို ပရောပရည်လုပ်ရမလဲဆိုတာ သိနေပြီပေါ့လေ။ မင်းကြီးလာရင် ဘယ်လိုတွေဖြစ်ကြမတုန်း?"

ပြီးနောက် သူက စနောက်လိုက်သည်။ "အဲ့ကလေးမလေးက ဘယ်သူလဲ? ချစ်ဖို့ကောင်းလား?"

စုကျိုရဲ့ မျက်လုံးကြီးကြီးနဲ့ ပါးဖောင်းဖောင်းလေးကို ဟန်ရှစ်ယဲ့ ပြန်တွေးမိပြီးနောက် နေရခက်သည့် အမူအရာ သူ့မျက်နှာတွင် ပါလာသည်။ "သာမန်ပါပဲ"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now