Chapter 144: အိုကေ သမီးစကားကို နားထောင်မယ်

983 152 2
                                    

UNICODE

သူ့အမေကို သွားရှာတာပဲဖြစ်လိမ့်မယ်။

ရုန်စစ်က အမှီအခိုကင်းပြီး တွေးတောပေးတတ်သည့် ကလေးဖြစ်သည်။ သို့ပေမယ့် သူ့အတွေးတွေကိုတော့ တခြားသူတွေကို မပြောနှင့် သူ့အမေကိုတောင် မပြောပြပေ။ အသက်ငယ်ငယ်လေးနဲ့ အများကြီးရင့်ကျက်ပြီးတော့ တခြားတွေထက် ပိုပြီး လိမ္မာပါးနပ်သည်။

သူ အန္တရာယ်ဖြစ်မှာကို စုကျို ကြောက်မိ၏။ အတိအကျပြောရရင် သူမမြင်သင့်တဲ့အရာတွေကို သူမြင်သွားမှာကို သူမစိုးရိမ်သည်။ သူ့မှာ စိတ်ဒဏ်ရာရသွားလျှင် ဆိုးသွားလိမ့်မည်။ ထို့အတွက်ကြောင့် စုကျိုက ခုန်ပေါ်ကနေ အလျင်အမြန်ခုန်ချကာ မီးဖိုချောင်ထဲရှိ စုရှန်းကျင်းဆီ ပြေးသွားလိုက်သည်။

"ပါးပါးရေ အစ်ကိုကြီး တစ်ယောက်ထဲ အပြင်ထွက်သွားတယ်။ သူ့ကို ရောင်းစားပစ်မယ့် လူဆိုးတွေနဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ? သမီးတို့ သူ့နောက် လိုက်သင့်လား?"

စုရှန်းကျင်းက စုကျိုကို နို့ဖျော်ပေးနေတာဖြစ်ပြီး လှည့်ကြည့်ချိန်မှာ သူမမျက်နှာရှိ စိုးရိမ်နေသည့်အမူအရာကို သူသတိထားမိသွားသည်။ စုန့်ဝမ်ချွေအား သူက ရုန်စစ်ကို အိမ်ပြန်ပို့ပေးပြီး သူ့လုံခြုံရေးကို အာမခံ ကတိပေးခဲ့တာကို သူအမှတ်ရသွားသည်။ ထို့ကြောင့် သူလုပ်နေတာကို ရပ်ပြီး ဦးထုတ်နှင့် နှာခေါင်းစည်းဝတ်ကာ နှစ်ယောက်သား တူတူထွက်သွားကြသည်။

စုကျိုက တိုးတိုးလေးကပ်ပြောလာသည်။ "ပါးပါး အစ်ကိုကြီးက တိတ်တိတ်လေးထွက်သွားတာ။ သမီးတို့လည်း သူ သတိမထားမိအောင် တိတ်တိတ်လေး လိုက်သွားကြမယ်"

ဗီလိန်လေးက ဘာလုပ်မလဲဆိုတာ သူမမြင်ချင်သည်။

စုရှန်းကျင်းက ခေါင်းညိတ်လိုက်သည်။ "အိုကေ သမီးစကားနားထောင်မယ်"

သူတို့ အောက်ထပ်ရောက်ချိန်မှာ ရုန်စစ်ကို တွေ့လိုက်သည်။ သူက အဓိကထွက်ပေါက်နေရာကို လျှောက်သွားနေပြီဖြစ်သည်။

စုရှန်းကျင်းက စုကျိုကို ချီပြီး ထိုကလေးနောက် အမှီလိုက်ဖို့ ခြေလှမ်းကို မြန်လိုက်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now