အခန်း ၉၇: အချစ်အတွက် ယှဉ်ပြိုင်ကြခြင်း

2.2K 372 2
                                    

UNICODE

အံ့ဩဖွယ်ရာ ခံစားချက်အသစ်ကို ရှာဖွေတွေ့လိုက်ရသည့် ဟန်ရှောင်းကတော့ အိမ်ပြန်ရောက်ရင် သူ့ဇနီးနှင့် ဒုတိယကလေးယူဖို့ ဆွေးနွေးရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ သူ့မှာသာ သမီးလေးရှိရင် သူမလေးက သေချာပေါက်ကို အရမ်း လှမှာသေချာတယ်။

စုရှန်းကျင်းက အရမ်းကို သုန်မှုန်နေသည်။ ဒီနှစ်ယောက်က ဘာဖြစ်နေတာလဲ? သူတို့မှာ သူတို့ကလေးတွေ မရှိနေလို့လား?

ဘာလို့ ငါ့သမီးကို ဖက်နေရတာလဲ?

သူမကို ချလိုက်။ ကျေးဇူး အရမ်းတင်ပါတယ်။

ပြီးတော့ ဒီကောင်စုတ်လေးနှစ်ကောင်၊ ဘာလို့ ငါ့သမီးကိုပဲ စိုက်ကြည့်နေရတာလဲ? ငါအရမ်းစိတ်ဆိုးနေပြီ။

စားသောက်ဆိုင်ရှိ ဤမြင်ကွင်းကို တည်းဖြတ်ပြီးနောက် အွန်လိုင်းမှာ ထုတ်လွှင့်လိုက်ချိန်မှာတော့ Netizen တွေ အများကြီး ရယ်ကြတော့သည်။

"ဟေး ဒီမြင်ကွင်းလေးကို လာကြည့်ကြပါဦး ကလေးမလေးရဲ့ အချစ်ကိုရဖို့ လူတိုင်း ပြိုင်နေကြတယ်"

"ကျိုလေး: တစ်ယောက်ထဲကိုပဲ ချစ်ဖို့ကောင်းအောင် လုပ်ပြဖို့ မလုံလောက်ဘူး။ ငါလေးက အကုန်လုံးကို တူတူပဲ ဆက်ဆံရမယ်"

"စုကျိုက ဘဝကြီးရဲ့ အောင်နိုင်သူဖြစ်တယ်လို့ ငါတစ်ယောက်ထဲပဲ ထင်နေမိတာလား? ဒီခပ်ချောချော ကောင်လေးတွေနဲ့တောင် သူမ သိခွင့်ရရုံတင်မကဘူး ဟန်ရှောင်းနဲ့ ရှောင်းယန်တို့ဆီကပါ ဖက်တာခံရတယ်။ အား ငါတော့သေပြီ။ အခုသူတို့ကို လွှတ်လိုက် ငါပဲ ဖက်မယ်"

"အပေါ်က တစ်ယောက်ရေ ငါက နင့်ပေါက်ကရကို ဖော်ထုတ်ဖို့ ကြိုးစားနေတာမဟုတ်ဘူးနော်။ ဒါပေမယ့် နင်က ကျိုလေးရဲ့တစ်ဝက်လောက်ပဲ ချစ်ဖို့ကောင်းရင် အဲ့မှာပဲ နင်ကပ်နေမှာမဟုတ်ဘူး။ ရွေးစရာမရှိရင် ကီးဘုတ်ကိုပဲ စာရိုက်နေလိုက်"

"စုရှန်းကျင်းက သဝန်တိုနေတဲ့ဇနီးပုံစံပေါက်နေတယ်လို့ ဘာလို့ ငါတွေးမိတာလဲ? သူ့ရဲ့ မကျေမချမ်းဖြစ်နေတဲ့ အကြည့်ကို ကြည့်ပါဦး။ ရယ်စရာကောင်းလိုက်တာ"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now