အခန်း၉၄: အစ်ကိုကြီးက သမီးကို အနိုင်မကျင့်ပါဘူး

2.7K 444 5
                                    

UNICODE

Translator: Ellie Editor: Aster

တကယ်တော့ ဟန်ရှစ်ယဲ့က ဟန်ရှောင်းကိုဒီနေရာကိုမခေါ်လာချင်ပေ။ ဟန်ရှောင်းက အိမ်မှာနေတဲ့အချိန်ရှားပေမယ့် သူ့သားကိုဆုံးမတဲ့အခါမှာတော့ စည်းကမ်းတင်းကြပ်သည်။ တစ်ခါတစ်လေ ဟန်ရှစ်ယဲ့က မလိမ္မာရင် သူ့အဖေကသူ့ကို တုတ်နဲ့ရိုက်သည်။ ထို့ကြောင့် သူကသူ့အဖေကိုတော့နည်းနည်းကြောက်ရ၏။

သို့သော်လည်း ဟန်ရှစ်ယဲ့က သူ့အဖေကို မခေါ်ခင်မှာဘဲ သူ့အဖေကဒီနေရာကို သူ့ဟာသူရောက်ချလာသည်။ ဟန်ရှောင်းက သူ့သားနဲ့တွေ့တဲ့ကောင်မလေးအကြောင်းကို သိချင်နေ၏။ စားသောက်ဆိုင်ကို ရောက်တဲ့အခါမှာတော့ သူမက စုရှန်းကျင်းရဲ့သမီးဖြစ်ကြောင်း သိလိုက်ရသည်။

ဟန်ရှောင်းက ထိုအချိန်ကမိတ်ဆက်ဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာ ကလေးမလေးရဲ့ ချစ်စဖွယ်ကောင်းမှုက သူ့ကိုလုံး၀လွှမ်းမိုးသွားခဲ့သည်။ သူမသည် အဖိုးတန်သော နတ်သမီးလေးတစ်ပါးဖြစ်ပြီး စကားလုံးလေးတွေကလည်း အလွန်ကြည်နူးစရာကောင်းသည်။

သူမသည် အပေါက်ဗရဗွဖြည့် စုတ်ပြဲနေသောအ၀တ်အစားများ၀တ်ထားသည့် သူ့သားနှင့်လုံး၀မတူပေ။ (T/N: ပြောချင်တာက စုကျိုက နှစ်လိုဖွယ်ရှိပြီး သူ့သားက အရမ်းကို ဆိုးသွမ်းလွန်းတာကိုပါ)

ဟန်ရှောင်းပေါ်လာတဲ့အခါမှာ စားပွဲထိုးဝန်ထမ်းတွေ တအံ့တဩအော်တော့သည်။
ဤသည်မှာ ထိပ်တန်းမင်းသား, ဆုများစွာကိုရရှိထားသည့် ထိပ်တန်းမင်းသားဖြစ်သည်။

သူသည် ဆွဲဆောင်မှုအရှိဆုံးသော အနုပညာရှင်များထဲတွင် အမြဲတမ်းထိပ်ဆုံးမှ ရပ်တည်နေသူတစ်ဦးဖြစ်သောကြောင့် ဟန်ရှောင်း၏ရုပ်ရည်နှင့်ခန္ဓာကိုယ်ကို လျှော့တွက်၍မရပေ။ သူသည်အလွန်ချောမောရုံသာမက နှစ်လိုဖွယ်ကောင်းသည်။ သူသည်အသက်၀င်လာသည့် ပန်းပုရုပ်သဏ္ဌာန်နှင့်တူပြီး သူထုတ်လွှတ်ထားသည့် နှစ်လိုဖွယ်ကောင်းပြီး ယောကျာ်းဆန်သောရောင်၀ါသည် သူ့အတွက်မရေမတွက်နိုင်သော အမျိုးသမီးများကို ဒေါက်ပေါ်မှ ပြုတ်ကျစေရန် ဆွဲဆောင်နိုင်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now