Chapter 99: ကောင်းလိုက်သည့်ကံ

2.1K 330 1
                                    

UNICODE

"တကယ်လား? သမီးက ဖရဲသီး မကြိုက်ဘူးလား? နနတ်သီးလည်း အရမ်းအရသာရှိတယ်လေ" ယန်ဖန်ပင်းက သူမကို တစ်ချက်ခိုးကြည့်ရင်း ပြောလိုက်သည်။ သူက သူမကို အရိပ်အမြွက်အား ကြိုးစားပြီး ပေးနေသည်။

စုကျိုက သူ့အကြည့်ကို သတိပြုမိသည်။ သူဘာကို ပြောချင်တာလဲဆိုတာလည်း နားလည်၏။ ဖရဲသီးကတ်က အိမ်အကောင်းကို ကိုယ်စားပြုတာ နနတ်သီးရောပဲလေ စသဖြင့်ပေါ့။

မည်သို့ပင်ဆိုစေကာမူ သူမက လျစ်လျူရှုပြီး သူမဆုံးဖြတ်ချက်ကိုပဲ ပြောလိုက်သည်။ "ဒါပေမယ့် သမီးက စတော်ဘယ်ရီသီးကို အကြိုက်ဆုံးပဲ"

ယန်ဖန်ပင်း ဆွံ့အသွားသည်
ကောင်းပါပြီ ချစ်ဖို့ကောင်းတဲ့အသေးလေးရေ သမီးက စတော်ဘယ်ရီသီးကိုပဲ ရွေးချင်မှတော့ ဦးဦးလည်း ဒီထက်ပိုပြီး မကူညီနိုင်တော့ဘူး။

ဟန်ရှောင်းက ယန်ဖန်ပင်း၏ အကြည့်ကို သတိထားမိသောကြောင့် ပြောလိုက်သည်။ "ဒါရိုက်တာယန် ကလေးသေးသေးလေးက ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို နားလည်မယ်လို့ မျှော်လင့်နေတာလား? ဘယ်အိမ်က အကောင်းဆုံးလဲဆိုတာ ဘာလို့ မပြောပြလိုက်လဲ? ကျွန်တော်တို့လည်း ကန့်ကွက်စရာမရှိဘူး ဟုတ်တယ်မလား?"

တခြားအဖေတွေ ရယ်တော့သည်။ "ဟုတ်တယ် ကျိုလေးကို ပြောပြလိုက်။ သူမလေး ခံစားရမှာကို ကျွန်တော်တို့ မကြည့်ရက်ဘူး"

အခု သူ့အတွေးတွေ ပေါ်သွားတော့ ယန်ဖန်ပင်းက အဖေတွေရဲ့စကားကို အပြစ်ရှိစိတ်ဖြင့် ငြင်းဆိုတော့သည်။ "ငါက အဲ့လိုလုပ်မယ့် လူစားပုံပေါ်နေလို့လား? ဒါက မျှတတဲ့ လုပ်ငန်းစဉ်ပဲ။ ကောင်းပြီ ကျိုလေးက သူမရဲ့ ကတ်ကို ရွေးပြီးပြီ။ နောက်ရွေးမယ့် အချစ်လေးက ဘယ်သူလဲ?"

ကောင်လေးတွေက ဒီတစ်ကြိမ်လည်း ချန်ရှီရှီကို ရွေးခွင့်ပေးလိုက်သည်။ ဒီကတ်တွေမှာ ဘာက အရမ်းထူးခြားလဲဆိုတာ မသိသည့်အတွက် ချန်ရှီရှီက သူမအကြိုက်ဆုံးအသီး သရက်သီးကို ရွေးလိုက်သည်။

ဟန်ရှစ်ယဲ့က ဖရဲသီးရွေးပြီး ရှောင်ဝေက နနတ်သီးရွေးသည်။ လီနျိုအာကတော့ ပန်းသီးကိုရွေးသည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now