အခန်း ၂၇ - ဗီလိန်လေး (၁)

4.6K 789 17
                                    

UNICODE
ဖိနပ်က မဒမ်ကျန်းရဲ့မျက်နှာတည့်တည့်ကို မှန်သွားသည်။ အဲဒါက သူမကို ဒေါသထွက်သွားစေပြီး အကျယ်ကြီးထအော်သွားစေသည်။

"မင်း မျိုးမစစ်ကောင်... မင်း သမီးဘယ်လိုဆိုးသွမ်းလဲဆိုတာ ကြည့်စမ်း... ငယ်သေးတာတောင် တခြားလူကို ဘယ်လိုရိုက်ရမလဲဆိုတာ သိနေပြီ... အနာဂတ်မှာ တစ်ယောက်ယောက်ကို ဓားနဲ့ မထိုးဘူးလို့တောင် ပြောလို့မရဘူး"

စုကျိုက သူမကို စိုက်ကြည့်ကာ "သမီးပါးပါးကို အန်တီက အရင်ပြောတာလေ"

"ငတုံးမ လူဆိုးမ... ငါ့ကို ရိုက်ထားတာတောင် နင်က မှန်တဲ့ပုံစံဟန်ဆောင်နေတုန်းပဲလား? နင့်အဖေက နင့်ကိုဘယ်လို သွန်သင်ရမလဲ မသိရင် ငါသင်ပေးမယ်" မဒမ်ကျန်းက သူတို့ဆီပြေးဝင်လာကာ စုကျိုမျက်နှာကို ရိုက်ထည့်ပြီး ထွက်ပြေးသွားသည်။

စုရှန်းကျင်း ဒေါသတွေနဲ့ ပေါက်ကွဲသွားသည်။ ထပ်ပြီး မယဉ်ကျေးနေတော့ဘဲ ဒေါသတကြီး အော်တော့သည်။ "အယုတ်တမာမ ဒီကို ပြန်လာခဲ့"
မဒမ်ကျန်းနောက်ကို ပြေးလိုက်ပြီး ရန်ဖြစ်ချင်သော်လည်း ကလေးချီထားရသည့်အတွက် လုပ်ဖို့ မလွယ်ပေ... ပြီးတော့ သူရန်ဖြစ်ရင် သူပဲ အဆိုးဆုံးအခြေအနေနဲ့ ရဲစခန်းမှာ အဆုံးသတ်သွားလိမ့်မည်။ မဒမ်ကျန်းလည်း အပြစ်ရှိသလိုခံစားရတာမို့လို့ ထွက်ပြေးသွားတာ ဖြစ်ေကောင်း ဖြစ်နိုင်သည်။

စုရှန်းကျင်းလည်း ရွေးစရာမရှိတော့လို့ ခဏတဖြုတ် ဒေါသကို ဘေးဖယ်ထားလိုက်ရသည်။ ဒါပေမယ့် အခွင့်အရေးရတဲ့အခါကျ သူမကို သင်ခန်းစာပေးမှာဖြစ်သည်။
ခေါင်းကိုငုံ့လိုက်ပြီး သူ့လက်မောင်းထဲက စုကျိုကို ကြည့်လိုက်သည်။ ကြည့်ရုံနဲ့တင် သူမ ပါးလေးနီရဲနေတာက မဒမ်ကျန်း အားဘယ်လောက်သုံးသွားလဲဆိုတာ သူသိလိုက်၏။ နာကျင်နေတဲ့စိတ်ဖင့် မေးလိုက်သည်။
"နာနေလား"

ပါးရိုက်တာခံလိုက်ရတဲ့ စုကျိုက ကြောင်အနေသည်။ တကယ်ကြီး နာနေပေမယ့် သူမလေး မငိုပေ။ သူမ အရိုက်ခံလိုက်ရသော်လည်း သူမက မဒမ်ကျန်းမျက်နှာကို ကန်ထည့်လိုက်နိုင်ပြီး ရိုက်ထည့်လိုက်နိုင်သည်။ ပြောရရင်တော့ သူမမှာ အရှုံးမရှိပေ။
ဒါပေမယ့် လူအုပ်ထဲမှာ တစ်စုံတစ်ယောက်က Video ရိုက်နေတာ စုကျိုမြင်လိုက်တော့ တစ်စုံတစ်ရာကိုတွေးမိသွားသည်။ ပြီးနောက် ချက်ချင်းငိုကာ ဝမ်းနည်းစွာနဲ့ စုရှန်းကျင်း ပုခုံးပေါ်မှီချလိုက်သည်။
"ပါးပါး နာတယ်"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now