အခန်း ၅၂

4.1K 711 11
                                    

Translator - YaYa
UNICODE

ကလေးမလေးက သုံးလေးနှစ်ပဲရှိသေးပုံရသည်။ သူမက ပန်းရောင်ချည်သား ဂါဝန်ကို ဝတ်ထားပြီး ဆံပင်နှစ်ဖက်ကို  သူမရဲ့နောက်ကျောတွင် စည်းနှောင်ထား၏။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် အလွန်ချစ်ဖို့ကောင်းနေကာ သူမ၏ ကြီးမားပြီး အရည်ရွှန်းလဲ့နေသော မျက်လုံးများက အသက်ဝင်နေသည်။

အမျိုးသမီးက သူ့ကိုကြည့်နေတာကို စုကျိုက သတိထားမိလိုက်တဲ့အခါ ချိုသာစွာ ပြုံးပြလိုက်တယ်။ “မင်္ဂလာပါ အန်တီ။ သမီးက ကျိုလေးပါ။"

ကလေးငယ်လေးလို  သူမရဲ့ချစ်စဖွယ်အသံလေးက အမျိုးသမီး၏ နှလုံးသားကို အရည်ပျော်စေခဲ့သည်။

"ဟယ်လို!" အမျိုးသမီးက ပြုံးပြီး စုကျို ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမသည် ရှန်းထင်းစစ်ကို လှည့်ကြည့်လိုက်သည်။ "မင်္ဂလာပါ၊ ကျွန်မက စုန့်ဝမ်ချိုးပါ။ အားစစ်က ရှင့်ကို ဒီကို ခေါ်လာခဲ့တာ ဟုတ်လား။ ရှင့်ကိုဒုက္ခပေးမိလို့ ကျွန်မတကယ်တောင်းပန်ပါတယ်။"

ရှန်းထင်းစစ်က မြန်မြန်ပြန်ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ အဲ့လိုမဟုတ်ပါဘူး! လုံးဝဒုက္ခမပေးပါဘူး။ သူက ကလေးကောင်းတစ်ယောက်ပါ။သူနဲ့စတွေ့ကတည်းက သူ့အခြေနေကို မသိဘဲ ဟန်ဆောင်လို့ မရဘူး​လေ။အဲ့ဒါကြောင့် ကျွန်တော်တို့က သူ့နောက်သို့ လိုက်ကြည့်ခဲ့တာ။မင်း ကျန်းမာရေးမကောင်းဘူးလို့ သူ့ဆီက ကြားမိတယ်။ ဖျားနာတာက အရမ်းဆိုးရွားတဲ့ကိစ္စပဲ။အဲ့တော့ ကုသမှုကို နှောင့်နှေးမနေတာက အကောင်းဆုံးပါပဲ။ ဒီလိုဆိုရင်ကော ဘယ်လိုလဲမသိဘူး။ မင်းကို ဆေးရုံပို့ပြီး အမြန်ဆုံး ကုသပေးမယ်လေ။”

“ကောင်းပါပြီ…”စုန့်ဝမ်ချိုး သည် သူမကို ခက်ခဲသောနေရာတွင် နေရာချထားသကဲ့သို့ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ့ရောဂါကို ကုသဖို့ ပိုက်ဆံအများကြီးလိုပေမယ့် ပထမဆုံးအကြိမ်တွေ့ဖူးတဲ့ သူဆီက ပိုက်ဆံချေးပြီး သူတို့ကို ဒုက္ခပေးဖို့ဆိုတာက ဘယ်လိုလုပ်ဖြစ်ပါ့မလဲ။

စုကျိုက ကုတင်ဆီသို့ ပြေးသွားလိုက်သည်။ အမျိုးသမီးကို ဖြားယောင်းသွေးဆောင်ဖို့ မျက်တောင်တစ်ချက်ခတ်ကာ “အန်တီ၊ သမီးတို့ရောက်နေပြီဆိုတော့ အန်တီ့ရဲ့ရောဂါကို ဆေးကုဖို့ သမီးတို့နဲ့အတူ ဆေးရုံကို လိုက်လာလိုက်
လို့မရဘူးလား။ အန်တီ ပြန်ကောင်းလာရင် အစ်ကိုကြီးက နေ့တိုင်း အမှိုက်ကောက်နေစရာ မလိုတော့ဘူးရယ်!"

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now